မျှော်လင့်ချက်……
ဘ၀တက်လမ်းအတွက်
ကြိုးစားလာခဲ့ရတဲ့ ကာလများ
ပြန်လှည့်ကြည့်လိုက်တော့
ဘာမှမဖြစ်လာသေးပါလား…..
ပညာတွေသင်ဖို့အတွက်
ရင်းနှီးခဲ့ရတဲ့ အရာများ
အခုချိန်မှာတော့
ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….
လွတ်လပ်တဲ့ဘ၀တခုအတွက်
မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ
တွေးကြည့်လိုက်တော့
မရေရာသေးပါလား…..
လောကကြီးရယ်
ဘယ်အချိန်ကျမှများ
ဒီဝဋ်ကြွေးတွေ
ကုန်ဆုံးတော့မှာလဲ.?????
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
အရိပ်ရေ........ ဘ၀ဆိုတာ ဒါတွေအားလုံးကို ရင်ဆိုင်ရမှာပဲ ခိုင်မာတဲ့စိတ် ရှိနေရမယ်နော်။
ဟုတ်ကဲ့ပါ မကြီး... သမီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်...
ဒီကဗျာလေးက ကျွန်တော်နဲ့လည်း...
ထပ်တူကျနေတယ်ဗျာ...
ကဗျာလေးကောင်းတယ်ဗျာ...ဆက်ရေးနော် အရိပ်ရေ။
Post a Comment