စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, September 3, 2008

မျှော်လင့်ချက်……

ဘ၀တက်လမ်းအတွက်

ကြိုးစားလာခဲ့ရတဲ့ ကာလများ

ပြန်လှည့်ကြည့်လိုက်တော့

ဘာမှမဖြစ်လာသေးပါလား…..

ပညာတွေသင်ဖို့အတွက်

ရင်းနှီးခဲ့ရတဲ့ အရာများ

အခုချိန်မှာတော့

ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….

လွတ်လပ်တဲ့ဘ၀တခုအတွက်

မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ

တွေးကြည့်လိုက်တော့

မရေရာသေးပါလား…..

လောကကြီးရယ်

ဘယ်အချိန်ကျမှများ

ဒီဝဋ်ကြွေးတွေ

ကုန်ဆုံးတော့မှာလဲ.?????


အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

magyi-parchuu said...

အရိပ်ရေ........ ဘ၀ဆိုတာ ဒါတွေအားလုံးကို ရင်ဆိုင်ရမှာပဲ ခိုင်မာတဲ့စိတ် ရှိနေရမယ်နော်။

အရိပ် said...

ဟုတ်ကဲ့ပါ မကြီး... သမီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်...

ခေတ်လူ said...

ဒီကဗျာလေးက ကျွန်တော်နဲ့လည်း...
ထပ်တူကျနေတယ်ဗျာ...
ကဗျာလေးကောင်းတယ်ဗျာ...ဆက်ရေးနော် အရိပ်ရေ။