ပထမဆုံး ပြည်ပခရီး
ထိုတိုတောင်းသော ခရီးတိုလေး အတွက် အနှောင့်အယှက်တွေက လည်း များလှသည်..။ ပထမဦးဆုံး .. ဘွန်း ဟု လူကြောက်များနေသော ကုမ္ပဏီစာချုပ်ကို လက်မှတ်ထိုးရသည်..။ စင်္ကာပူ နှစ်ရက်သင်တန်းတက်သည့်အတွက် တစ်နှစ်စာချုပ် ချုပ်ရသည်..။ နိုင်ငံခြားသွား ထောက်ပန့်ငွေ တစ်ရက်လျှင် ဒေါ်လာ ၃၀ နှန်းပေးသည်ဆို၍ သူဌေးကို တွေ့ဖို့ တစ်မေ့တစ်မော စောင့်ရသည်..။ လေယာဉ်လက်မှတ် ယူရသည်။ နိုင်ငံခြားသို့ အတူသွားရမည့်သူမှာ UM မှာပင် အတူလုပ်သော မြန်မာစကားမတတ် တတတ် အင်ဒိုနီးရှားနိုင်ငံသား မန်နေဂျာ ဂျိုဟန် ဖြစ်သည်..။ ဂ်ိဳဟန္က အင္ဒိုနီးရွားနိုင္ငံသားဆိုေ
မနက်ဖန် သင်တန်းတက်ရမှာ ဒီနေ့ လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာလို့ပြောတော့.. D-Form အစား တစ်ယောက်ယေက်က ထောက်ခံပေးရင် ရတယ်တဲ့။ လိုက်ပို့တဲ့ သူငယ်ချင်းတွေက လည်း ပြန်ကုန်ပြီ၊။ လေဆိပ်အရာရှိတွေက သဘောကောင်းပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေပါလား အမြန်ပေး.. ဖုန်းဆက်ပေးမယ်တဲ့..။ ဒါနဲ့ ရုံးက မန်နေဂျာရဲ့ လက်ကိုင်ဖုန်းကို ဆက်ပြီး အကြိုးအကြောင်းရှင်းပြပြီး ခေါ်လိုက်တော့ .. မန်နေဂျာက .. ဟာ ငါ လာလို့ မရဘူး . အခု မန္တလေးရောက်နေတယ် တဲ့။ သွားပြီ။ လေယာဉ်က ထွက်ဖို့ ၁၅ မိနစ်ခန့်သာလိုတော့သည်။ နောက်ဆုံး ဝန်ထမ်းရေးရာ မန်နေဂျာကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။ ဆူးလေဘုရားနားမှာ ရောက်နေတယ်။ အခု ချက်ချင်း ထွက်လာမယ်တဲ့ ခဏစောင့်ပါတဲ့။ ဒါပေမယ့် အချိန်ကို တွက်ကြည့်လိုက်ပါဦး။ ဆူလေကနေ လေဆိပ်ကို အနည်းဆုံး နာရီဝက်ကြာမယ်၊။ မန်နေဂျာကို စောင့်ရင်း စိတ်ကလည်း တော်တော်ပူနေပြီ..။ ဒီအချိန်မှာ ကြားဖူးနာဝစကားများ ပြန်ကြားယောင်လာသည်။ နိုင်ငံခြားဆိုတာ နတ်ကြီးတယ်၊ သွားထိုက်မှ သွားရတာတဲ့.။ သွားရဖို့ ကံမပါရင် ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူးတဲ့ ..။ နောက်ပြီး စင်္ကာပူက သူငယ်ချင်းတွေကိုလည်း လာမယ်ဆိုတာ အီးမေးလ် ပို့ထားပြီးပြီ။ သူတို့အတွက် လူကြုံပေးလိုက်တာလည်း ရှိသေးတယ်။ ငါ အချိန်မှီ လိုက်မှ လိုက်ရပါ့မလားလို့ စိတ်ပူနေပြီ .။ လေဆိပ်ဝန်ထမ်းတွေ စကားပြောစက်နဲ့ အပြန်အလှန်ပြောနေတာကိုလည်း ကြားနေရတယ်၊ ခုံနံပတ် 19B ပျောက်နေတယ်.။ ဘယ်မှာလဲတဲ့ ။ လေယာဉ်ထွက်ခါနီးနေပြီ။ နောက်တော့ သူတို့နောက်ဆုံးပြောလိုက်သော စကားလေးကြားလိုက်ရသည် .. ခုံနံပတ် 19B Off Load တဲ့..။ ဟာ ငါတော့ မလိုက်ရတော့ဘူး ထင်တယ်လို့ တွေးလိုက်မိသည်။ နောက်ဆုံးတော့ မန်နေဂျာရောက်လာပါပြီ။ မန်နေဂျာက ကြိုးစား၍လာရှာပါသည်၊ ကျွန်တော်လည်း သူ့ကို စောင့်ပါသည်။ သို့သော် လေယာဉ် ကတော့ မစောင့်ပါ။
သူ့အချိန်မှန်အတိုင်း ထွက်ခွာသွားပါပြီ .... ။