စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, August 25, 2008

အလွမ်းများ……..

Photobucket" border="0" alt="" />


တမ်းတစွာဖြင့်
ချစ်သူ့ပုံရိပ်
မျက်ဝန်းမှတဆင့်
ရင်ထဲရောက်ရှိ
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ရင်ခုန်စွာဖြင့်
ချစ်သူ့စကား
ပြန်လည်ကြားစဉ်
နှလုံးသားထဲ
ပဲ့တင်ထပ်သွား
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ဝေးနေစဉ်ခဏ
အချိန်ကာလများ
ခံစားချက်ကြောင့်
ဖြစ်ပေါ်တတ်သော
အလွမ်းမျာကို
မုန်းမိသည်။…


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

2 comments:

magyi-parchuu said...

အရိပ်ရေ....... အလွမ်းတွေ များနေဘီလား။ မလွမ်းရတော့တဲ့ ဘ၀ကို မြန်မြန်ရောက်ပါစေ။

အရိပ် said...

မကြီးရေ..အခုတော့ အိပ်ရေးပျက်ညတွေလွန်ပါစေ ဆုတောင်းမှရတော့မယ်ထင်တယ်...အခုလည်း ခဏ၀င်လာလည်တာပါ..သစ်ပင်အသစ်တွေစိုက်ထားကြလားလို့ ၀င်ကြည့်တာပါ.....