ဒါမှ .. ငါ့ စနေ၊တနင်္ဂနွေ ...
ဘာမှ မလုပ်ချင်ဘူး ..။ ဘယ်မှ မသွားချင်ဘူး ..။
သောကြာနေ့ရဲ့ ဒုက္ခကို မေ့လိုက်မယ် ။
တနင်္ဂလာနေ့မှာ ကြုံရမယ့် ပြဿနာကို မစဉ်းစားတော့ဘူး..။
ဖုန်း ကို ပိတ်ထားမယ် ..။
လက်ပတ်နာရီကို ချွတ်ထားမယ်..။ ရုပ်မြင်သံကြားသတင်းကို ပိတ်ထားမယ်..။
ကွန်ပျူတာကို ပိတ်ထားမယ် ..။ ဘယ်သူနဲ့မှ စကားမပြော ..။
ဘာမှ မလုပ် ဘဲနဲ့ ...
စာအုပ်ဟောင်းတစ်အုပ်ထဲက ...
လက်ဝဲသုန္ဒရအမတ်ကြီးရဲ့
မဲဇာတောင်ခြေ ပိုက်စုံရတုကို ဖတ်ပြီး .. တောလည်မယ် ... ။
ဒါနဲ့ ...
မင်းရော ငါနဲ့ လိုက်ဦးမလား ..။
ခိုင်မြဲ
4 comments:
ခိုင်မြဲရေ.......နင် တောလည်သွားရင် နင့်ကိုစောင့်ရှောက်ဖို့ မြိုင်ရာဇာတွတ်ပီနဲ့ဗိုက်ကလေးကိုထည့်ပေးလိုက်မယ်လေ...
ခိုင်မြဲရေ.........
တွတ်ပီနဲ့ ဗိုက်ကလေးဘဲ တောလည် ထည့်ပေးတာ ပါလား ??? ခေတ်သစ် မသေးမျှင်က အိမ်မှာ အွန်လိုင်းပေါ်တက်နေရလို့ မအားဘူးထင်တယ် :P
မဟုတ်ဘူး မကြီးရ ...မသေးမျှင်က ခိုင်မြဲတို့စားဖို့ ထမင်းဟင်းချက်နေရတာဖြစ်မယ်....:)
အင်း...... မသေးမျှင် ထမင်းချက်တာ အွန်လိုင်းပေါ်မှာဘဲ ဖြစ်ရမယ်????????????
Post a Comment