စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, August 9, 2008

ဒါမှ .. ငါ့ စနေ၊တနင်္ဂနွေ ...

ဘာမှ မလုပ်ချင်ဘူး ..။ ဘယ်မှ မသွားချင်ဘူး ..။
သောကြာနေ့ရဲ့ ဒုက္ခကို မေ့လိုက်မယ် ။
တနင်္ဂလာနေ့မှာ ကြုံရမယ့် ပြဿနာကို မစဉ်းစားတော့ဘူး..။
ဖုန်း ကို ပိတ်ထားမယ် ..။
လက်ပတ်နာရီကို ချွတ်ထားမယ်..။ ရုပ်မြင်သံကြားသတင်းကို ပိတ်ထားမယ်..။
ကွန်ပျူတာကို ပိတ်ထားမယ် ..။ ဘယ်သူနဲ့မှ စကားမပြော ..။
ဘာမှ မလုပ် ဘဲနဲ့ ...
စာအုပ်ဟောင်းတစ်အုပ်ထဲက ...
လက်ဝဲသုန္ဒရအမတ်ကြီးရဲ့
မဲဇာတောင်ခြေ ပိုက်စုံရတုကို ဖတ်ပြီး .. တောလည်မယ် ... ။
ဒါနဲ့ ...
မင်းရော ငါနဲ့ လိုက်ဦးမလား ..။

ခိုင်မြဲ

4 comments:

အရိပ် said...

ခိုင်မြဲရေ.......နင် တောလည်သွားရင် နင့်ကိုစောင့်ရှောက်ဖို့ မြိုင်ရာဇာတွတ်ပီနဲ့ဗိုက်ကလေးကိုထည့်ပေးလိုက်မယ်လေ...

magyi-parchuu said...

ခိုင်မြဲရေ.........
တွတ်ပီနဲ့ ဗိုက်ကလေးဘဲ တောလည် ထည့်ပေးတာ ပါလား ??? ခေတ်သစ် မသေးမျှင်က အိမ်မှာ အွန်လိုင်းပေါ်တက်နေရလို့ မအားဘူးထင်တယ် :P

အရိပ် said...

မဟုတ်ဘူး မကြီးရ ...မသေးမျှင်က ခိုင်မြဲတို့စားဖို့ ထမင်းဟင်းချက်နေရတာဖြစ်မယ်....:)

magyi-parchuu said...

အင်း...... မသေးမျှင် ထမင်းချက်တာ အွန်လိုင်းပေါ်မှာဘဲ ဖြစ်ရမယ်????????????