မိုးတွေ ရွာတဲ့အခါ…..
မိုးရေ…
ဘယ်အငြိုးနဲ့ ရွာနေတာလဲဟာ..
မိုးရွာတာကို ချစ်တဲ့သူရှိသလို
မုန်းတဲ့သူတွေလည်း ရှိနေတယ်လေ...
ငါလည်း ဘာမှန်းမသိတဲ့ ခံစားချက်တခုနဲ့အတူ
မိုးရွာတာကို ထိုင်ကြည့်ရင်းနဲ့
ချစ်သူကို
တမ်းတစွာ လွမ်းမိတဲ့အခါတော့
ငါ ရင်ထဲမှာလည်း
အလွမ်းမိုးတွေရွာချနေခဲ့မိတယ်...
တချို့တချို့ဟာ
မိုးရွာတာကို မနှစ်သက်ပေမဲ့
ငါ့ရင်ထဲက ရွာနေတဲ့
အလွမ်းမိုးတွေကိုတော့
မဆုံနိုင်သေးတဲ့ ဘ၀တွေအတွက်
ငါကျေကျေနပ်နပ်ခံယူချင်ပါတယ် မိုးရယ်…
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
မိုးရေ...... အရိပ်ရဲ့ တစ်ဘ၀စာ ရွာနေတာလား
ရင်ထဲက အလွမ်းမိုးတွေအတွက် ရှိုးလုပ်မဲ့သူကို ခေါ်လိုက်လေ (ထီးတော်မိုး ........ ရှိုး........) :P
မကြီးရေ...တဘ၀စာတော့ မလုပ်ပါနဲ့နော်.. သမီးကတော့ အော်ခေါ်နေတာပဲ ၊ ရှိုးလုပ်မဲ့သူက မကြားချင်ဟန်ဆောင်နေတယ် မကြီးရ. :P
ကျွန်တော်လည်း မိုးရွာရင်လွမ်းတတ်တယ်...
ဘာကိုလွမ်းလို့လွမ်းမှန်းမသိပါဘူး၊
အရိပ်လိုမျိုး "မိုးတွေရွာတဲ့အခါ" လွမ်းရဦးမယ်။
၊
Post a Comment