စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, June 7, 2008

မိုးတွေ ရွာတဲ့အခါ…..

Photobucket



မိုးရေ…

ဘယ်အငြိုးနဲ့ ရွာနေတာလဲဟာ..

မိုးရွာတာကို ချစ်တဲ့သူရှိသလို

မုန်းတဲ့သူတွေလည်း ရှိနေတယ်လေ...

ငါလည်း ဘာမှန်းမသိတဲ့ ခံစားချက်တခုနဲ့အတူ

မိုးရွာတာကို ထိုင်ကြည့်ရင်းနဲ့

ချစ်သူကို

တမ်းတစွာ လွမ်းမိတဲ့အခါတော့

ငါ ရင်ထဲမှာလည်း

အလွမ်းမိုးတွေရွာချနေခဲ့မိတယ်...

တချို့တချို့ဟာ

မိုးရွာတာကို မနှစ်သက်ပေမဲ့

ငါ့ရင်ထဲက ရွာနေတဲ့

အလွမ်းမိုးတွေကိုတော့

မဆုံနိုင်သေးတဲ့ ဘ၀တွေအတွက်

ငါကျေကျေနပ်နပ်ခံယူချင်ပါတယ် မိုးရယ်…

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

PARCHUU said...

မိုးရေ...... အရိပ်ရဲ့ တစ်ဘ၀စာ ရွာနေတာလား

ရင်ထဲက အလွမ်းမိုးတွေအတွက် ရှိုးလုပ်မဲ့သူကို ခေါ်လိုက်လေ (ထီးတော်မိုး ........ ရှိုး........) :P

အရိပ် said...

မကြီးရေ...တဘ၀စာတော့ မလုပ်ပါနဲ့နော်.. သမီးကတော့ အော်ခေါ်နေတာပဲ ၊ ရှိုးလုပ်မဲ့သူက မကြားချင်ဟန်ဆောင်နေတယ် မကြီးရ. :P

ခေတ်လူ said...

ကျွန်တော်လည်း မိုးရွာရင်လွမ်းတတ်တယ်...
ဘာကိုလွမ်းလို့လွမ်းမှန်းမသိပါဘူး၊
အရိပ်လိုမျိုး "မိုးတွေရွာတဲ့အခါ" လွမ်းရဦးမယ်။