ညီမျှပါ ။
မေတ္တာဆိုသည်မှာ ...
ဖြူသူမဲသူ ပုသူရှည်သူ ရုပ်ဆိုးသူ ရုပ်လှသူ
အားလုံးအပေါ်တွင် ညီတူညီမျှ
ချမ်းသာစေလိုသော စိတ်ထားကို ဆိုလိုသည်။
လူသားအားလုံးကို လေးစားပါတယ် ပြောနေပေမယ့် ..
တကယ်တော့ တမ်းကျတော့ ..
ကိုယ့်ကို လေးစားသူကိုသာပြန်ပြီး ဂရုစိုက်မိတတ်တယ်။
ငါ့လူမျိုးမှ ငါ့ဆွေမျိုးမှ ငါ့ဘာသာဝင်မှ
ငါနဲ့ အယူဝါဒ တူမျှသူကိုမှ
ချစ်ခင်မယ် လေးစားမယ်လို့ ဖြစ်နေတတ်တယ်။
မေတ္တာစိတ်ရဲ့ ညီမျှခြင်းအကြောင်းကိုပြောနေပေမယ့် ..
လူဟာ ..
တကယ်တော့ .. မညီမျှခြင်းကိုပဲ သဘောကျလေ့ရှိပါတယ်..။
ခိုင်မြဲ
3 comments:
ဟုတ်တယ် ။ ဒါဟာ သတိထားစရာပဲ ။
ခိုင်မြဲရေ..... ဒါဟာဖြစ်တတ်တဲ့ သဘာဝတွေဘဲ အားလုံးညီမျှအောင် ကြိုးစားနေဘို့က လူတိုင်း လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေဘို့လိုတယ်။ စိတ်ထဲ ရှိနေမှ လူက လိုက်လုပ်နိုင်မယ်။
ကျွန်တော်ကိုယ်တိုင်လည်း မညီမျှသေးလို့ အခုလိုမျိုးစာရေးပြီး ကိုယ့်ကိုယ်ကို ပြန်ပြီး ဆုံးမလိုက်တာပါ ..။
တနေ့နေ့မှာတော့ မညီမျှခြင်းကနေ ညီမျှခြင်းဘက်ကို
နီးစပ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ..။
Post a Comment