စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Friday, April 4, 2008
ပင်လယ်ပြင်သို့ သွားပါ ။
မိတ်ဆွေ ..
သင့်ကိုယ်သင် ...
တောင်ပစိဖိတ် သမုဒ္ဒရာ၏ လူသူ အရောက်အပေါက်နည်းသော
အပန်ုးဖြေကျွန်းငယ်လေး တစ်ကျွန်းပေါ်ရောက်နေသည် .. ဟု
သင့် စိတ်တွင် မြင်ရောင်ကြည့်ပါ..။
သင့်ခြေဖျား သဲအတွင်းနစ်မြုတ်နေပုံ ...
သင် မည်ကဲ့သို့ ဝတ်စားထားပုံ ...
သင် မည်ကဲ့သို လမ်းလျှောက်နေပုံ ...
ပင်လယ်လေ၊ ပင်လယ်ရေနှင့် ပင်လယ်လှိုင်းပုတ်သံတို့ကို ..
သင့်စိတ်တွင်မြင်ရောင်ပါ ..။
ထို့နောက် ..
သင်၏ ဘေးတွင် ယှဉ်၍ လမ်းလျှောက်နေသူမှာ ..
မည်သူလဲ ဆိုသည်ကို ကြည့်လိုက်ပါ ...။
ခိုင်မြဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment