စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ။..လက်ပတ်နာရီကို ပတ်လိုက်ခြင်းဖြင့်...သင် မည်မျှ စိတ်ဖိစီးမှူ့ ခံရသည်ကို..သတိပြုမိပါရဲ့လား။..လက်ပတ်နာရီကို ချွတ်လိုက်ပါ။..သင့်ကိုယ် သင် ..အချိန်၏ ဖိစီးမှူ့ မှ ရုန်း ထွက်လိုက်ပါ။

ဥယျာဉ်မှူးတစ်ဦး

Wednesday, February 20, 2008

ကြေကွဲလွမ်းဆွတ်မှု အမှတ်တရ



သွားနှင့်ပါ အဖေ….

အချိန်ကျရင် လိုက်ခဲ့ပါ့မယ်

ကျေနပ်ပါ အဖေ….

သမီး သိပ်မငိုတော့ဘူးနော်

ခွင့်လွှတ်ခဲ့ပါ အဖေ….

အရာရာ ပြီးဆုံးသွားပြီပဲ

အစ ဆိုရင်လည်း ဟုတ်တယ် အဖေ….

သံသရာ ရှည်နေသရွေ့ပေါ့

ဖြည့်မဆုံးနိုင်တဲ့ ဆန္ဒတွေပါ အဖေ….

မပြည့်စုံခြင်းတွေ အတွက်ပေါ့

ကျေနပ်လိုက်ပါ အဖေ….

မကျေနပ်ခြင်းတွေအတွက်ပေါ့

ဘာမှမပေးလိုက်နိုင်ဘူး အဖေ….

အဖေ ယူတတ်ရင် ရမှာပါ

အသစ်အသစ်တွေမှာ ပျော်နေနိုင်ပါစေ အဖေ….

သမီးကတော့ အဟောင်းအဟောင်းတွေမှာ ကြေကွဲနေဆဲပေါ့

အသက်ရှင်နေချိန်တွေမှာ တွေ့ဖို့မကြိုးစားပဲ

အသက်မဲ့ ခန္ဓာကိုယ်ကြီးကိုတော့

တကူးတက လာတွေကြသတဲ့ အဖေ…

သမီး ဥာဏ်မမှီတော့ပါဘူး

ဘ၀ ကြမ်းကြမ်းကိုဖြတ်ခဲ့ရပေမဲ့

အဖေ့ရဲ့ နှူးညံ့ခြင်းတွေအတွက်

သမီး ကျေနပ်လျှက်ပါ….

အရာအားလုံးကို စွန့်လွှတ်ရရင်တောင်

သတိရခြင်းတွေကိုတော့ ပိုင်ဆိုင်ခွင့်ရှိပါတယ်နော် အဖေ….

အဖေ့ကို သမီး အရမ်း သတိရနေတယ်….

အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

7 comments:

Thein Min Htike said...

"အသက်ရှင်နေချိန်တွေမှာ တွေ့ဖို့မကြိုးစားပဲ
အသက်မဲ့ ခနာကိုယ်ကြီးကိုတော့
တကူးတက လာတွေကြသတဲ့ အဖေ…
သမီး ဥာဏ်မမှီတော့ပါဘူး "

ဒီအပိုဒ်လေး ကို အကြိုက်ဆုံးပဲဗျာ.....။

သားတွေ သမီးတွေလည်း အသက်ရှင်တုန်း သိပ် ဂရုမစိုက် နိုင်ကြပဲ.......အသက်မရှိမှ လာတွေ့ကြရတာ အမောနော်။

ဒါပေမယ့်..........
နင် အကောင်းဆုံး လုပ်ခဲ့တယ်လေ။
နင်က သမီးကောင်းဖြစ်နေတာပဲ။
ဂုဏ်ယူပါ။
ဒီထက်ပိုလည်းကြိုးစားနော်။
ကျန်နေသေးတဲ့ အမေ ကို
ပိုဂရုစိုက်နိုင်အောင် ပိုကြိုးစားနော်။

ကဗျာလေး နဲ့ မျှဝေခံစားတာ ကျေးဇူးဗျာ။

PARCHUU said...

ကောင်းလိုက်တဲ့ ကဗျာလေး
ဖတ်ပီးရင်း ဖတ်ချင်ရင်းဘဲ
အသက်ဝင်အောင်ရေးတတ်တယ်
ခံစားချက်အပြည့်ဘဲ
ကိုယ့်ခံစားချက်ကို သူများပါ အပြည့်အ၀ နားလည်အောင် ခံစားစေတယ်

အရိပ် said...

မကြီးနဲ့ကောင်းတမန်ရေ... နားလည်ပေးတာ ကျေးဇူးပါ။

Anonymous said...

n.pma

Anonymous said...

အရမ်းကောင်းတယ်
အရမ်းကိုခံစားရတယ်

ခိုင်မြဲ said...

အရိပ် ...
ငါ့ အဖေလည်း သွားနှင့်ပြီလေ..။
နင့် ကဗျာကို ဖတ်ရတော့
အဖေ့ကို အရမ်းသတိရတယ်..။
အဖေ့တွက် အကောင်းဆုံးဆိုတာတွေ လုပ်ပေးချင်ပေမယ့် ...
နောက်ကျသွားခဲ့ပြီလေ ..။

ဒါပေမယ့် ...
အဖေက အမြဲတမ်း ငါနဲ့ အတူရှိပါတယ်..။
အဖေ့ ဆုံးမစကားတွေ ငါအမြဲတမ်းကြားနေတယ်.။
အဖေ့ ခံယူချက်ကို ငါနားလည်တယ်..။
အဖေ့ ခြေရာကို ငါနင်းမယ်..။
ပြီးမှ ..
အဖေ့နောက်ကို .. ငါ လိုက်မယ်...။

ခေတ်လူ said...

အရိပ် ရေ.....
ရေးတတ်လိုက်တာနော်....
အရမ်းကောင်းတဲ့ကဗျာလေးပဲ။
ကြိုက်တယ်။