စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, February 23, 2008

ကြင်နာပါ (သို့မဟုတ်) အကြင်နာခံပါ။


ကြင်နာပါ (သို့မဟုတ်) အကြင်နာခံပါ။
တစုံတခု သို့မဟုတ် တစုံတယောက်ကို တွယ်တာပါ။
နွေးထွေးစွာ ဆက်ဆံပါ။
တည်ငြိမ်မှူ့သည် နွေးထွေးမှူ့နောက်
လိုက်သည်ကို သတိရပါ..။
ကြင်နာယုယစွာ ဆက်ဆံခြင်းဖြင့်
ကိုယ်စိတ်ငြိမ်းချမ်းမှူ့ကို ဖြစ်စေသည် ကို
သင် တွေ့ရပါလိမ့်မည်..။
ခိုင်မြဲ


3 comments:

ခေတ်လူ said...

တော်လိုက်တဲ့ အကိုတို့ရယ်...
အကိုတို့ကဗျာတွေ က တော်တော်ပညာရှင်ဆန်တယ်ဗျာ...
ကျွန်တော်လည်း ရေးတတ်အောင်ကြိုးစားရဦးမယ်ဗျာ။

ခိုင်မြဲ said...

မဟုတ်တာ ..
ကိုကြီးကျော်ရာ ..။
အဲဒီလောက်လည်း မဟုတ်ပါဘူး..။
ဒါပေမယ့် ...
အခုလို့ပြောတဲ့အတွက်
တကယ်ကို ကျေးဇူးတင်ပါတယ် ဗျာ ..။

PARCHUU said...

ခိုင်မြဲရေ ........စိတ်တွေ မငြိမ်ဘူးဆိုတာ ပေါ်နေတယ်နော်.....