စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, January 3, 2008

MIND WASHING 4

အမှတ်မှားကို သန့်စင်ခြင်း

အနတ္တ အရင်တုန်းက စိတ်ထဲမှာ ထင်မှတ်ထားတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူအပါအဝင် သတ္တဝါတွေဟာ သေပြီးရင် နောက်ဘဝမှာ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေကတပါတည်းလိုက်ပြီး အကျိုးပေးတယ်။ ယခုဘဝ သေသွားတဲ့အခါမှာ အသက်ဝိညာဉ် ကလေးက နောက်ခန္ဓာ တစ်ခုမှာ သွားပြီးကိန်းအောင်းပြီး ဘဝအသစ်စတယ်ဆိုပြီးတော့ မှတ်ထင်ထား ပါတယ်။ လောက်လန်းသဖွယ်လိုပေါ့ ဒီဘက်အဖျားလေးကနေ ထောက်ပြီး ဟိုဘက်အဖျားလေး ထိလိုက်တာနဲ့ ဒီဘက်အဖျားလေးကို လွှတ်ပေးလိုက်သလိုမျိုး ဒီဘဝရဲ့ အသက်ဝိညာဉ်လေးကလည်း ဘဝ တစ်ခုနဲ့ တစ်ခုကူးပြောင်းတယ် ဆိုပြီးတော့ ထင်မှတ်ထားပါတယ်။ ဒါပေမယ့် ဆရာဆန်လွင် (အရှင်အာဒိစ္စရံသီ) ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးသည်အတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့မှပဲ အနတ္တမှတ်ထားတာက သဿတဒိဋ္ဌိ စွဲ မှတ်ထားပါလားဆိုတာကို သိလိုက်ရပါတယ်။ ဆရာဆန်လွင်ရဲ့ စာသားအတိုင်း အနည်းငယ် ဖော်ပြပြီး အမှတ်မှားကို သန့်စင်ပါရစေ……………
>>> ဒီဘဝက ငါလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို နောင်ဘဝကျရင် ငါပဲ စံစားရမယ်။ ခံစားရမယ်လို့လည်း စွဲလမ်းယုံကြည်ကြတယ်။…..
"ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုတာကြောင့် ဒီဘဝမှာ စုတိစိတ် ကျတဲ့အခါ ရုပ်ရောနာမ်ရော ချုပ်တာ မှန်ပေမယ့် ကံက နောက်ဘဝကို လိုက်ပြီး ပဋ္ဋိသန္ဓေကို တည်ထောင်ပေးတယ်လို့ ယုံကြည်ကြပြန်တယ်။……..
ကံက ပဋ္ဋိသန္ဓေကိုလုပ်သည်။ ဒါဖြင့် ကံကလေးက ပဋ္ဋိသန္ဓေကို သွားလုပ်သလား။ သူကကော မပျက်ဘဲ လုပ်နိုင်သလား လို့ မေးလို့ရှိရင် မချုပ်ဘဲနဲ့ ဒီကံကလေးက သွားပြီး သာကာလ ခန္ဓာအိမ်ကလေး ဆောက်ပေးနေတယ်။ ဒီလို ယူတဲ့ အယူဟာ သဿတဒိဋ္ဌိ။ ကံလိုက်တယ်လို့ယူတဲ့ အယူဟာ သဿတဒိဋ္ဌိအယူ။…………….
ဘုရာသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တိုက်ရိုက်ယူရတဲ့ နေရာလည်းရှိတယ်ကွ။ ဆောင်ပြီးယူရတဲ့ နေရာလည်း ရှိတယ်ကွ။ ဒီနှစ်ခုကို မညှိတတ်ရင် ဒိဋ္ဌိဖြစ်တယ်။ (နှာ-၄၇၉)…………..
သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုသောကြောင့် သူလည်းဖြစ်ပြီး ပျက်ပဲ။ ကံကြောင့် ပဋ္ဋိသန္ဓေ နေတယ်ဆိုတာကိုလည်း ဘုန်းကြီးက မငြင်းပါဘူး။ စေတနာက နာမ်၊ သူခိုင်းလို့ လုပ်တာက ရုပ်ကြီး။ လှူတယ်တန်းတယ်ဆိုတာ နာမ်ကလုပ်တာ။ နာမ်ရုပ်က လုပ်ပြီး လုပ်တဲ့နေရာမှာတင် ချုပ်တာပဲ။ ကမ္မဘဝပစ္စယာ ဇာတိလို့ ဘုရားက ဘာကြောင့်ပါလိမ့်။ ကြောင်းကျိုးဆက်ပေးလို့ ပထမနာမ်ရုပ်ကတော့ လုပ်ပြီး ချုပ်သွားတယ်။ ချုပ်တော့ ချုပ်တယ်။ ဒါပေမယ့် သူ့သတ္တိက နာမ်ရုပ်အကြောင်းကြောင့် နာမ်ရုပ်အကျိုး မပေါ်ဘူးလား။ (နှာ-၄၈၁) အရင်လုပ်တဲ့ ရုပ်နာမ်ကလုပ်တာလား။ သူက ချုပ်သွားပြီး။ ဒါဖြင့်ဘယ်သူလုပ်တာလဲ။ အကြောင်းချုပ်လို့ ရှိရင် အကျိုးသတ္တိက ဒီနေရာတွင်ချုပ်တယ်။ သူလဲ အနိစ္စပဲ။ မမြဲဘူး။ နောက်ပဋ္ဋိသန္ဓေထိ ဒီကံက လိုက်လုပ်တာ မဟုတ်ဘူး။ မလိုက်တာ သေချာတယ်။ အနိစ္စတရားမို့ မလိုက်နိုင်ဘူး။ ဒီလိုသိမှ သဿတ ဒီဋ္ဌိကို ပယ်နိုင်တယ်။(နှာ-၄၈၂) အကြောင်းနဲ့ အကျိုးဆက်တဲ့ သဘောပဲ။ ဒါကိုသိရင် အဆက်ပြတ်တယ်။ သေရင်ပြီးတာပဲ ချုပ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း လွတ်တယ်။(နှာ-၄၈၃) မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဟောကြားချက်ဖြစ်တယ်။
သဿတဒိဋ္ဌိ အစွဲသန်တဲ့ လူဟာ ကံကို အားကိုးတယ်။ ဒီဘဝ ငါလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ နောက်ဘဝမှာ ငါ့ကို အကျိုးပေးတော့မှာပဲလို့ နောက်ဘဝ ကောင်းစားရေးကို မျှော်တယ်။………………<<< အဲဒီစာသားတွေကတော့ ဆရာဆန်းလွင်ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးအတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာ ၆၈၊ ၆၉၊ ၇၀ ကစာသားလေးတွေကို ဖော်ပြပေးလိုက်တာပါ။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းပါး အလင်းများ စိတ်ထားကိုယ်စီ ဖြစ်ပါစေ…………….. ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

magyi-parchuu said...

အနတ္တရေ စာတွေ တော်တော်ဖတ်ထားတာဘဲ ကောင်းတယ်

ခိုင်မြဲ said...

အနတ္တရေ....
မင်းဟာ ငါ တို့ အားလုံးအတွက်တော့ တကယ့် မိတ်ဆွေစစ်ပါပဲ...
မင်းစာကို ဖတ်ပြီး ....မြတ်စွာ ဘုရားဟောကြားခဲ့တဲ့ တရားတော်တွေထဲ က တရားတစ်ပုဒ် ကို သတိရမိတယ်။
အရှင်အာနန္ဒာက မြတ်စွာဘုရားကို
ု “မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စအာလုံးရဲ့ တစ်ဝက်ကိုပြီးစေနိုင်တယ်ဆိုတာ ဟုတ်ပါသလား” လို့ မေးတော့ ...မြတ်စွာဘုရားက...
“ မဟုတ်ပါဘူး...မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စအားလုံးကို ပြီးမြောက် စေနိုင်တယ်” လို့ ပြန်လည်မိန့်ကြားပါတယ်...
မိတ်ဆွေကောင်းရှိုခြင်းဟာ... မဂ်ဖိုလ်နိဗ္ဗာန်ထိ ရောက်အောင် အထောက်အပန့် ဖြစ်စေတယ်လို့ဆိုလိုတာပါ...
အများအတွက် ကာလေနဓမ္မဿဝနံ ဖြစ်ပြီး ပါရမီ ဖြစ်စေခြင်းငှာ အထောက်အပန့် ဖြစ်သလို..
အနတ္တ ကိုယ်တိုင်အတွက်လည်း တူသောအကျိုးပေးပါစေ လို့ ဆုတောင်းလိုက်ပါတယ်...

အနတ္တ said...

မကြီး နဲ့ ခိုင်မြဲရေ…........ အချိန်ပေးပြီး အနတ္တ ရေးထားတာလေးတွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ စိတ်မီးအိမ်ကမောင်နှမတွေအားလုံးနဲ့ လာလည်သူတွေအားလုံး မိတ်ဆွေစစ်များ ဖြစ်ကြပါစေ……..မိတ်ဆွေစစ်များနှင့်သာတွေ့ကြုံပါစေ……………..