စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, January 3, 2008

ဒိဋ္ဌိ ဖယ်ခွာ ဤချိန်ခါ မှန်စွာ အလင်း ရစေမည်

"အမှား" ကဗျာနဲ့ပါတ်သက်ပြီးတော့ သူငယ်ချင်းမိတ်ဆွေတွေက ပြောကြပါတယ်။ ကျေးဇူးတင်တယ်တဲ့။ ဒါပေမယ့် အနတ္တက တဆင့်သမားပါ။ တကယ်တန်း ကျေးဇူးတင်ရမှာက အနတ္တ မဟုတ်ပါဘူး။
အနတ္တ အရင်တုန်းက နှစ်အနည်းငယ်ကြာကြာ ကဗျာတစ်ပုဒ်ကို မေ့ဖို့ကြိုးစားဖူးပါတယ်။ ဒါပေမယ့် အဲဒီကဗျာလေးက ပါဒ(စာကြောင်း) လေး သုံးကြောင်းကို မေ့မရဘူးဖြစ်နေတယ်။ ကဗျာရေးဖွဲ့ သူကိုတော့ မမှတ်မိတော့ပါဘူး။ ပါဒလေး သုံးကြောင်းကတော့….
"ဆန္ဒာ ဒေါသ ဘယာ မောဟ အပါယ်ကျသာ
ဓမ္မလေးမည် ကတိတည်၍
လူ့ပြည်နတ်ရွာ ဆန်စုန်ဆန်လျှက်"……… တဲ့
အကတိ တရားလေးပါးကို ပြောပြထားတာပါ။ အနတ္တက အဲဒီကနေပြီးတော့ ချစ်၊မုန်း၊ကြောက်၊တွေဝေ ဆိုပြီး ယူရေးလိုက်တာပါ။ အဲဒီအတွက် နံပါတ်တစ် အဲဒီကဗျာရေးတဲ့ သူကို ကျေးဇူးတင်သင့်ပါတယ်။ နံပါတ်နှစ် ကတော့ အငှားခန္ဓာ ဆိုတဲ့ စကားလုံးက လယ်တီဆရာတော်ဘုရားကြီး သုံးနှုန်းတဲ့ စကားလုံးလေးပါ။ ကြိုက်လွန်းလို့ ယူသုံးလိုက်တာပါ။ အဲဒီအတွက်ကြောင့် လယ်တီဆရာတော်ဘုရားကြီး ကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ နံပါတ်သုံးကတော့ အမှားဆိုတဲ့ စကားလုံးလေးကို ရင်ထဲမှာ စွဲနေအောင် ထည့်ပေးလိုက်တဲ့ သူပါ။ အလွန် တရာ ကျေးဇူး ကြီးမားလှပါတယ်။ သူကတော့ မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလ ဖြစ်ပါတယ်။ အမှားကို ပါဠိလို မိစ္ဆာဒိဋ္ဌိ (ဒိဋ္ဌိ လို့ပဲသုံးလေ့ရှိပါတယ်) ခေါ်ဆိုပါတယ်။ ဆရာတော်ဘုရားက ဝိပဿနာ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဦစွာပထမ ဒိဋ္ဌိ ပြုတ်အောင် (အမှတ် မမှားအောင်) အရင်လုပ်ရပါတယ်တဲ့။ ဒိဋ္ဌိ ၆၂ မျိုးရှိပေမယ့် အဓိက ကတော့ သုံးမျိုးပဲ ရှိပါတယ်တဲ့။ အဲဒီသုံးမျိုးထဲမှာ ၆၂ မျိုးလုံး အကျုံးဝင်တယ်တဲ့။ အဲဒီသုံးမျိုးကတော့ (၁) သက္ကာယဒိဋ္ဌိ၊ (၂) သဿတဒိဋ္ဌိ၊ (၃) ဥစ္ဆေဒဒိဋ္ဌိ တို့ဖြစ်ပါတယ်။ အနတ္တက သက္ကာယဒိဋ္ဌိ ကို မရှိကိုအရှိထင်တဲ့အမှား၊ သဿတဒိဋ္ဌိကို မဆက်ကိုအဆက်ထင်တဲ့အမှား၊ ဥစ္ဆေဒဒိဋ္ဌိကို မပြတ်ကိုအပြတ်ထင်တဲ့အမှားဆိုပြီး ယူသုံးလိုက်တာပါ။ အမှန်တကယ်တော့ ဆရာတော်ဘုရားကြီးကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းအောင် (ဒိဋ္ဌိ ပါးအောင်) ကျင့်ကြံနေထိုင်နိုင်ကြပါစေ………..။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

1 comment:

ခိုင်မြဲ said...

အနတ္တရေ .......
အမှားကဗျာက အနတ္တအခုလိုပြန်ရှင်းပြလိုက်မှ ပိုပြီး အသက်ဝင်လာသလိုပဲ...
ပိုပြီးတောက်ပြောင် လာသလိုပါပဲ...
အနတ္တရဲ့ အတွေးအခေါ် ရင့်ကျက်မှူ၊ ကဗျာဥာဏ်စူးရှမှူ နဲ့ ဓမ္မ အပေါ်အလေးထားမှူ ကိုလည်းပိုပြီး လေးစာမိပါတယ်..
အထူးသဖြင့်တော့ ....
“ဆန္ဒာ ဒေါသ ဘယာ မောဟ” ဆိုတာ ကို
ချစ်၊မုန်း၊ကြောက်၊တွေဝေ ဆိုပြီး ရေးလိုက်တာ..
နောက်ပြီး..
(၁) သက္ကာယဒိဋ္ဌိ၊ (၂) သဿတဒိဋ္ဌိ၊ (၃) ဥစ္ဆေဒဒိဋ္ဌိ
ဆိုတာ ကို ...သက္ကာယဒိဋ္ဌကို မရှိကိုအရှိထင်တဲ့အမှား၊ သဿတဒိဋ္ဌိကို မဆက်ကိုအဆက်ထင်တဲ့အမှား၊ ဥစ္ဆေဒဒိဋ္ဌိကို မပြတ်ကိုအပြတ်ထင်တဲ့အမှားဆိုပြီူးသုံးလိုက်တာကိုပါ။
လေးနက်တဲ့ ဓမ္မကို ဓမ္မရဲ့ လေးနက်မှူမပြောက်စေဘဲ
ကဗျာအတွင်းထည့်သွင်း အသုံးပြုသွားတာ ကို လေးစားအားကျမိပါတယ်..