စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, January 23, 2008

“ လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ ”


“ လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ ”
သင်၏ တနေ့တာ အဖြစ်အပြက်များသည်
ထူးခြားပြောင်းလဲမှူမရှိပါက....
၎င်းတို့ သည် နောင်တချိန်တွင်
အဆိုးများအဖြစ်ပြောင်းလဲ စုစည်းသွားတတ်သည်။
သင်၏ ဘဝကို သက်ဝင်တောက်ပအောင်
မကြာခဏပြောင်းလဲပေးပါ...။
တမှတ်တိုင် ကြိုဆင်းပြီး .....
ရင်ကွက်ထဲ လှည့်ပတ်လမ်းလျှောက်ပါ။
လူစိမ်းများနှင့် နှတ်ဆက်စကားပြောပါ။

ခိုင်မြဲ

4 comments:

Anonymous said...

ခိုင်မြဲရေ..... အရိပ်ကတော့ လမ်းကြောင်းပြောင်းပြီး အိမ်ပြန်ရင် အိမ်ကိုရောက်မှာကို မဟုတ်တော့ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ Talking နဲ့ Body မမျှလို့။

magyi-parchuu said...

ခိုင်မြဲရေ မကြီးလမ်းကြောင်းက ကိုယ်တိုင် မပြောင်းရဘဲ အမြဲတမ်း အပြောင်းခံနေရတယ် ကိုယ်တိုင်ပြောင်း လမ်းကြောင်းလေး တစ်ခုလောက်တော့ ပြောင်းကြည့်ချင်တယ်

ခိုင်မြဲ said...

ကျွန်တော် ကတော့ ...
အမြဲတမ်းပဲ လမ်းကြောင်းပြောင်းပြီး အိမ်ပြန်တယ်.။
ဒါ့ ကြောင့် အမြဲတမ်း အိမ်ပြန်နောက်ကျတယ်..။
လမ်းက အသိအိမ်တွေ တစ်အိမ်ပြီး တစ်အိမ် ဝင်လည်ရင်း နဲ့ ထမင်းကြွေးရင် စားလိုက်တာပဲ..။
အားနာလို့ပါ..။
မကြီးရဲ့ အိမ်လိပ်စာလေးပေးပါဦး..။
လမ်းကြုံရင် ဝင်လည်ချင်လိုပါ..။

Anonymous said...

မကြီးရေ ... ခိုင်မြဲတို့ကတော့ အဲ့ဒါဘဲချောင်းနေတာ ဘယ်အိမ်ဝင်စားရင်ကောင်းမလဲလို့ ...... လိပ်စာမပေးနဲ့နော်။