စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, January 23, 2008

ယောင်္ကျားများ၏ အချစ်ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့
တသက်မမေ့နိုင် ဖြစ်ရသည်။

ဒုတိယ တစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲ့ဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရှင်လေးမို့ လက်မလွှတ်ချင်အောင် ဖြစ်ပါသည်။

အထက်ပါ (6) ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်။

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူ ဖြစ်ရမည်။


ဆူး Love

ကဲ ဘယ်လိုလဲ စိတ်မီးအိမ်မှ ဥယျာဉ်မှူးများအတွက် လျှောက်လွှာလက်ခံပေးရမလား ????
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

4 comments:

အနတ္တ said...

ဟဲဟဲ မဆိုးပါဘူး။ အထင်ကြီးမဲ့သယ်ရင်း တစ်ယောက်တော့ရပြီဆိုပြီး။ ခိုင်မြဲတို့ကတော့ အသာမှိန်းနေမှာ မြင်ယောင်မိသေးတယ်။ (ရွာထဲက မိန်းကလေးတစ်ယောက်ပျောက်ရင်တောင် အထင်ခံရနည်းလား ဆိုပြီး အိမ်အပြင် တစ်ပါတ်လောက်မထွက်ဘဲတောင် နေသေးတာကို)

Anonymous said...

အင်း အနတ္တရေ ဒီပုံအတိုင်းဆိုရင် ခိုင်မြဲကတော့ တပတ်လုံး လေ့ကျင့်ခန်းတွေဘဲလုပ်နေတော့မယ်ထင်တယ်နော် ..ဟီဟီ

magyi-parchuu said...

ဟာ..... တော်တော်များတဲ့ ဇယားပါလား...... ပြည့်အောင် ဘယ်သူဖြည့်နိုင်မှာလဲ....... ဆပ်ပြာနဲ့ တွဲပေးမယ်ပြောလိုက်

ခိုင်မြဲ said...

အောင် မလေး ... မကြီးရဲ့
အဲဒီလို မပြောနဲ့ ....
ဆပ်ပြာလည်း မလိုဘူး ... ကံစမ်းမဲ လည်း မလိုဘူး
လူဦးရေ ကန့် သတ်ထားသည် ...၊။
လာသလောက်သာ လက်ခံမည် လို့ ကြေငြာထားရမှာ..။

ကျွန်တော် ဆို အချိန်ပို ကို မရှိတော့ဘူး ...(တကယ်ပြောတာနော်)။ ဒါကြောင့် .....
တောထဲက အိမ်လေးထဲကို ခဏလာပုန်းနေတာလေ..။
ကောင်းတမန် တို့ အနတ္တ တို့ဆို သူတို့ဆီ လာမယ့် လျှောက်လွှာတွေ ကျွန်တော် ရသွားလို့ မကျေမနပ် ဖြစ်နေကြတာ..။
(အရိပ် ကတော့ ဂွင်တွေ့နေတာလေ..။ ကျွန်တော့် ဆီ လာတင်တဲ့ လျှောက် လွှာတွေကို သူက အချိန်နဲ့ ပြန်
ရောင်းစားနေတာ...။ သူဆို အတော်လေး စုမိဆောင်းမိ
ဖြစ်နေပြီ...။ )
မယုံ မရှိနဲ့ မကြီးရဲ့ ကိုယ်တွေ့ဗျ....။