စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

ဆိတ်ငြိမ်မှူကို နားထောင်ပါ။..မိတ်ဆွေ......တိတ်ဆိတ်ငြိမ် သက်သော..တနေရာသို့ သွားပါ။..ဆိတ်ငြိမ်မှူ့ သည်...ဘာနှင့် တူသလဲ ဆိုသည်ကို နားထောင်ပါ။..သင်…မထင်မှတ်ဆုံးသော အချိန်တွင်..ဆိတ်ငြိမ်မှူ့ကို ရရှိလိမ့်မည်။..ထို့နောက်…….သင့်ကိုသင် သတိမထားမိသောအချိန်မှာပင်..ငြိမ်းချမ်းမှူ့ ကို ရရှိပြီးဖြစ်နေပါလိမ့်မည် ။

ဥယျာဉ်မှူးတစ်ဦး

Sunday, November 4, 2007

Discussion: MIND washing (2)

အနတ္တ ရဲ့ အမှတ်မှားကို သန့်စင်ခြင်း အစီအစဉ် ထဲက နံပါတ် (၁) အချက်ဖြစ်တဲ့ "ဘုရားအလောင်းမိခင် မယ်တော်မာယာဟာ ဘုရားအလောင်းတော်ကို မွေးဖွားသန့်စင်ပြီးချက်ချင်းပဲ ကွယ်လွန်သွားတယ်" ဆိုတဲ့ အမှတ်မှားဆွေးနွေးချက်နဲ့ ပတ်သက်ပြီး အနည်းငယ် ပါဝင်ဆွေးနွေးလိုပါတယ်။

အနတ္တ ရဲ့ တင်ပြချက်ကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဇိနတ္ထပကာသနီကျမ်း လာ ဖော်ပြချက်နဲ့ ထောက်ခံပါတယ်။ ဇိနတ္ထပကာသနီကျမ်း စာမျက်နှာ (၁၈) မှ (၁၉) တွင်ဖော်ပြထားသော "မယ်တော် မဟာမာယာ နတ်ရွာစံခြင်း" ဆိုတဲ့ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရဲ့ ရေးသားချက်ကို ကူးယူတင်ပြအပ်ပါသည်။

မယ်တေ် မဟာမာယာ နတ်ရွာစံခြင်း

အလောင်းမင်းသားကို ဖွားမြင်တော်မူသည်မှ နောက် ခုနစ်ရက်မြောက်သော နေ့ဝယ် မယ်တော်သိရီမဟာမာယာ မိဖုရားသည် ဓမ္မတာဝန်အားဖြင့် အိပ်ပျော်သော ယောက်ျားကဲ့သို့ များစွာသော အန္တရာယ်မတွေ့ဘဲ စုတေခဲ့ပြီးသော် ဘုရားမယ်တော်တို့၏ ဖြစ်ရာ တုသိတာနတ်ပြည်

ဝယ် "သန္တုသိတ" အမည်ရှိသော နတ်မင်းဖြစ်လေ၏။

ဇိနတ္ထပကာသနီကျမ်း (ပဉ္စမအကြိမ်)၊စာ ၁၈-၁၉

အားလုံး အေးချမ်းကြပါစေ။

1 comment:

အနတ္တ said...

ကောင်းတမန်ရဲ့တိကျစွာလုပ်ဆောင်တတ်မှုအတွက် ကျေးဇူးတင်ပါသည်။