သီတင်းကျွတ် အထူးလက်ဆောင်
သူငယ်ချင်းတို့
မင်းတို့အားလုံးအတွက် ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို သီတင်းကျွတ် အထူးလက်ဆောင်ပါး လိုက်တယ်။
“သင်… သေသွားသော်”
ဪ
လူ့ဘုံလောက အိုရ နာရ
သေရ ဦးမည် မှန် ပေသည်တည့်။ ။
သို့ပြီတကား
သင် သေသွားသော်
သင် ဖွားသော မြေ သင်တို့ ပြည် သည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့်ကျန်ကောင်းသင့်၏။ ။
သင် ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ၀င်းလျှက်
ကျန်စေသတည်း။
ခိုင်မြဲ
1 comment:
သီတင်ကျွတ်လပြည့်၊ အဘိဓမ္မာ အခါသမယမှာ အခုလိုသစ္စာစကားနဲ့ ဗြဟ္မာဆိုတရားလေး ကြားရတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျာ။ နောင်လည်း ဒီထက်မကကြားရလိမ့်မယ်လို့မျော်လင့်ပါတယ်။
Post a Comment