စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, October 26, 2007

သီတင်းကျွတ် အထူးလက်ဆောင်

သူငယ်ချင်းတို့
မင်းတို့အားလုံးအတွက် ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို သီတင်းကျွတ် အထူးလက်ဆောင်ပါး လိုက်တယ်။

“သင်… သေသွားသော်”


လူ့ဘုံလောက အိုရ နာရ
သေရ ဦးမည် မှန် ပေသည်တည့်။ ။

သို့ပြီတကား
သင် သေသွားသော်
သင် ဖွားသော မြေ သင်တို့ ပြည် သည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့်ကျန်ကောင်းသင့်၏။ ။

သင် ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ၀င်းလျှက်
ကျန်စေသတည်း။

ခိုင်မြဲ

1 comment:

အနတ္တ said...

သီတင်ကျွတ်လပြည့်၊ အဘိဓမ္မာ အခါသမယမှာ အခုလိုသစ္စာစကားနဲ့ ဗြဟ္မာဆိုတရားလေး ကြားရတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျာ။ နောင်လည်း ဒီထက်မကကြားရလိမ့်မယ်လို့မျော်လင့်ပါတယ်။