အမှတ်တရ စကားစု
ဖန်မီးအိမ်
သူ့အဆင်းသည် နေမင်းပမာ
သော်တာအလား မ၀င်းငြားလည်း
သူ့အားကိုယ်မာန် သူပိုင်ဟန်ဖြင့်
သူသန်ရာမှ လောကကို
အလှဆင်လို ဟန်တကား။
ဆရာတင်မိုး
မင်းဘယ်သူလဲဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး ကိုယ့်ထက်အခွင့်အရေး နည်းတဲ့ သူတွေကို အကူအညီပေးနိုင်အောင် ကြိုးစားရမယ်တဲ့။ နယ်(လ်)ဆင်မန်တဲလား က ပြောဖူးတယ်။ အဲသည်လိုဘဲ စိတ်မီးအိမ်က ဥယျာဉ်မှူးတွေ အားလုံး လောကကောင်းကျိုးကို တစ်ထောင့်တစ်နေရာကနေ သယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ မီးပုံးလေး လွှတ်တင်ပေးလိုက်ပါတယ်။
နွယ်
2 comments:
Peace ရေ
သီတင်းကျွတ်မှာ တို့တွေ ဥယျာဉ်လေးမှာ ရှိနေတာ နွေးထွေးတယ်ဗျာ။
ဆရာ တင်မိုးရဲ့ ကဗျာလေးကို တင်ပေးတာ ကျေးဇူးပါ။ မရှိတော့ တဲ့ ဆရာကို လည်း သတိရတယ်။ ဒီကဗျာလေး ကို ကြိုက်အောင် သင်ပေးခဲ့ တဲ့ ဆရာ ကိုရော သတိရတယ်။ Peace မှတ်မိမယ်ထင်ပါတယ်။ ဆရာဟာ ဒီကဗျာ ကို အရမ်းကြိုက်ပြီး သူလုပ်သမျှ ဒီကဗျာလေး အတိုင်း လုပ်တတ်တာကို။
နယ်လ်ဆင်မန်တဲလား ရဲ့ စကားစု လေးကို တကယ် မှတ်သားထားမယ်ဗျာ။
ကျင့်သုံးနိုင်သလောက် ကျင့်သုံးကြတာပေါ့။
ကောင်းတမန်
နွယ်ရေ.. ဆရာတင်မိုးကတော့ ဖန်မီးအိမ်လေးအကြောင်းရေးခဲ့တာပေါ့နော်… ဒါပေမယ့် ဒီဖန်မီးအိမ်လေးက စိတ်မီးအိမ်လေး အတွက်ရည်ရွယ်ပြီးစပ်ထားသလိုပဲနော်… ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဥယျာဉ်မှူးတွေအားလုံး စိတ်မီးအိမ်ကို ဆရာတင်မိုး ရေးခဲ့တဲ့ ဖန်မီးအိမ်လေးလို ဖြစ်အောင် ကြိုးစားကြပါစို့။
Post a Comment