စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, October 20, 2007

တမ်းတချင်း

သူငယ်ချင်းတို့ရေ.................

စိတ်မှာမွန်းကျပ်
အထီးကျန်ဆန်လာတဲ့အခါ
ခုံဖိနပ်တွေတခွမ်းခွမ်းစီးပြီး
ချင်တောင်မ ကုန်းပေါ်ပြေးတက်
ဧရာဝတီမြစ်ဘက်မျက်နှာလှည့်
လက်တွေကိုဆန့်တန်းမနားတမ်း
လေတွေကိုတ၀ကြီးရှူပြစ်ချင်တယ်ကွာ။

မန်းတောင်၊ဘုရားကြီးကိုရောက်တိုင်း
အဟောင်းတိုင်းစိတ်မှာတမ်းတ
လွမ်းဆွတ်သတိရစွာနဲ့သူငယ်ချင်းတို့ရေ
တို့ချင်တောင်မခြေဘ၀ကို
မှန်းဆမိတယ်ကွာ
ဘယ်လောက်လွတ်လပ်
ပျော်စရာကောင်းမလည်းဆိုတာ
အထူးပြောပြဖို့လိုမယ်
မထင်ပါဘူးကွာ။

ဖြစ်နိုင်မယ်ဆိုရင်လေ.........
ဦးပိန်တံတားမှာ
လက်တွေကိုဆန့်တန်းမနားတမ်း
ဟိုဘက်ဒီဘက်သူငယ်ချင်းတွေနဲ့
လျှောက်လှမ်းချင်တယ်ကွာ။


သူငယ်ချင်း အားလုံးကိုသတိရလျှက်
အနတ္တ

( ဘယ်သူတွေဘာပြောပြော
သူငယ်ချင်းတွေအကြောင်းတွေးရင်

ကိုယ့်အသက်တော့ မေ့သွားတာ
အမှန်ပဲဗျာ)

1 comment:

Thein Min Htike said...

အနတ္တ

နောက်ကျရင် တကယ် သွားမယ်နော်။ ချင်တောင်မ ကို ခုံဖိနပ်တွေ တခွမ်းခွမ်း နဲ့ တက် တဲ့ အကြောင်းရေးထားတာ တော်တော်ခိုက်တယ်ဗျာ။

သူငယ်ချင်းတွေ ချင်တောင်မမှာ တခေါက်လောက် ထပ်ဆုံဖြစ်အောင် ကြိုးစားကြတာပေါ့။

သတိယတယ်။

အားလုံးကို။

ကောင်းတမန်