စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

ချစ်တင်းနှောပါ.။.ချစ်တင်းနှောခြင်းကြောင့် ရရှိလာသော..ပြေလျော့ မှူ အဆင့်ဆင့် ကို သိနေပါ။..ချစ်တင်းနှောခြင်းသည်...အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်သည်ကို...သင် သိလာပါလိမ့်မည်။

ဥယျာဉ်မှူးတစ်ဦး

Wednesday, October 10, 2007

"သည်နွေဦး"


ရောက်ပြန်ပြီ သည်တနွေ
ဖော်မဲ့လေ ငါ့မှာဖြင့်
ရော်ရွက်ကြွေ လေမှာဝဲပြန်တော့
မျှော်တဲ့လေ ဟိုဟိုဒီဒီ

တွေ့ပါပြီ ရွှေဥဩ
လေသုတ်မျော သူ့တေးသံ
နွေသဏ္ဍာန် ဖွင့်အံလို့ဟစ်ကြူး
ဖေးကူလို့ ငါမှာတတ်နိုင်ငဲ့

သနားစရာ သင်းကွဲခါနေရ
ဝေးကွာရ သူ့အဖော်
မျှော်ကာမျှော် ပေါ်မလာ
တော်တော်ကြာ ချိန်ခါနှောင်းမှာမို့

ပြောင်းပြန်တဲ့ သည်တနွေ
ပူဆွေးကာ လွမ်းကာ'တ'လည်း
မှန်းဆရ ခက်သည့်ဆီကို
ဘယ်လိုပင် ဖွေရှာရလိမ့်

အိုအမယ် ရွှေဥဩငယ်ငဲ့
သည်မောင်မှာ အတောင်ညောင်းပါလို့
ဘယ်ချောင်မှာ ပုန်းရော်နေပါဘိ
ထွက်တော်မူ မောင့်ရင်ခွင်ဆီသို့
ဖြစ်စမ်းစေချင်ပါသည့်လေ..............

Zar Gyi ဇာကြီး

3 comments:

Thein Min Htike said...

အနတ္တ ရေ

ရွှေဥသြမ လေး အနတ္တ ဆီ ပျံလာ ပြီလား။

ဆုတောင်းပေးနေမယ် နော်။

သူမြန်မြန် ရောက်လာဖို့လေ။

ကောင်းတမန်

အနတ္တ said...

ခုထိလည်း ဆုတောင်းမပြည့်သေးဘူး

Thein Min Htike said...

အနတ္တ

ဆုတကယ် တောင်းပေးနေတယ်ဗျာ။

အဆင်ပြေပါစေ။

ရွှေဥသြမလေး ဒီနွေ အမီ ရောက်လာဖို့ပေါ့။


ကောင်းတမန်