ကမ္ဘာ့ ခုခံအားကျဆင်းရောဂါတိုက်ဖျက်ရေးနေ့ အထိန်းအမှတ်
AIDS ဆက်နွယ်သူတိုင်း
တုနှိုင်းမဲ့အောင် ခံစားဝေဒနာ
ဆိုးရွာစွာဖြင့် ရင်မှာအမြဲ
တွယ်ကပ်ညှိလျက် အနေခက်ဘိ။
A1D5 ဆိုလိုက်ပြန်လည်း
ဝေါင်ဝေါင်ကရှေး ဝေးဝေးကရှောင်
ပေါင်းသူမဲ့ကွာ ထိုးနှက်စွာဖြင့်
ကြမ္မာအရိုင်း သူဖန်တိုင်းမြဲ
ကုရာနတ္ထိ ဆေးမရှိဘိ။
လေးလုံးရောဂါ ဆိုလာပြန်လည်း
နူရာဝဲစွဲ ဖုတ်သူရဲဟု
ဖယ်ကျဉ်ရှောင်ပြေး ဟိုအဝေးသို့
မတူမတန် ပြောဆိုပြန်ဘိ။
HIV ပိုး ပျိုးမိခန္တာ
ရှိလာပါက လူ့ဘ၀ဆုံး
လူညွန့်တုံးသို့ ဆုံးရှုံးအခါခါ
ဖြစ်မည်မှန်စွာ မလွဲပါဘိ။
ထိုထိုကြောင်းကြောင့် လူ့ပြည်လူ့ရွာ
လူ့ခန္တာမှာ AIDS လေးလုံးတွဲလျှက်
A1D5 ပိုးဆိုးမိုက်နှင့်
HIVပိုး ဝေးဝေးဂိုးအောင်
ရွက်ဆောင်ကြလော့ ဆောင်ကြလော
တိုက်ဖျက်ကြလော့ ဖျက်ကြလော။
မှတ်ချက်။ ။ ယနေ့တွင်ကျရောက်သော ဥယျာဉ်မှူး ခိုင်မြဲအတွက် မွေးနေ့လက်ဆောင်လည်း ဖြစ်ပါသည်။
4 comments:
"World AIDS Day" ကဗျာကို ၁၊ ၁၂၊ ၂၀၁၁ ကမ္ဘာ့ ခုခံအားကျဆင်း ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အတွက် လိုက်ဖက်ညီအောင်သာ ရောဂါဝေဒနာ မရှိသူများအတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ပါတ်သက်ဆက်နွယ် ခံစားနေရသူများကို မည်သည့်ရည်ရွယ်ချက် တစ်စုံတစ်ရာမျှ မရှိပါ။ စိတ်မကောင်းဖြစ်မိပါက အနုအညွတ် တောင်းပန်ပါသည်။
ဘယ်အရာပဲဖြစ်ဖြစ် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ.. သတိထားသင့်ပါတယ်..
ကိုအနတ္တရေ....
မတွေ့တာ ကြာပြီနော်။
ဆက်လက်အားပေးနေမယ်နော်။
ခေတ်လူရေ...
ငှက်သိုက်လို၊ ငါးကြီးအန်ဖတ်လို တန်ဖိုးမရှိတဲ့ အနတ္တတို့ရင်ထဲက အန်ထွက်လာတဲ့ စကားလုံးတွေကို ဝေဖန်ပြစ်တင်ပြောဆိုမယ်ဆိုရင်တောင် ကျေးဇူးတင်ရအုန်းမှာ အခု ခေတ်လူက အားပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲဗျာ... ခေတ်လူရဲ့ ရင်ဖွင်သံလေးတွေကိုလည်း စောင့်မျှော်နေမယ် နော်.....
Post a Comment