စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ.။..သင်၏ တနေ့တာ အဖြစ်အပြက်များသည်...ထူးခြားပြောင်းလဲမှူမရှိပါက...၄င်းတို့ သည် နောင်တချိန်တွင် ..အဆိုးများအဖြစ်ပြောင်းလဲ စုစည်းသွားတတ်သည်။သင်၏ ဘဝကို သက်ဝင်တောက်ပအောင် ..မကြာခဏပြောင်းလဲပေးပါ...။..တမှတ်တိုင် ကြိုဆင်းပြီး .....ရင်ကွက်ထဲ လှည့်ပတ်လမ်းလျှောက်ပါ။ ..လူစိမ်းများနှင့် နှတ်ဆက်စကားပြောပါ။

ဥယျာဉ်မှူးတစ်ဦး

Wednesday, May 11, 2011

စင်္ကာပူမှာ ဗမာတွေ ဘယ်လောက် ပေါများနေသလဲ (၁)

စင်္ကာပူရောက် ဗမာ လူငယ် သုံးဦး MRT အစိမ်းလိုင်းစီး၍ ဗမာ ပလာဇာ သို့ သွားရင်း ရထားပေါ်တွင် စကားစမြည် ပြောဆိုနေကြ၏။ဘေးနားမှ တရုတ်လူမျိုး ပုံပေါက်၍၊ တရုတ်လူမျိုးဟု ထင်ရသော အဒေါ်ကြီးတစ်ယောက်က အသံစွာကျယ်စွာကျယ်ဖြင့် စကားပြောနေသော ထို လူငယ်သုံးဦးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေလေ၏။ ထိုစဉ်

"Red Hill"

......

"Next station: Tiong Bahru"

Red Hill ဘူတာတွင် ခရီးသည်တချို့ ဆင်းသွားသဖြင့် လူငယ်သုံးဦးရှေ့က ထိုင်ခုံတလုံး လွှတ်သွားလေသည်။ လူငယ်များမှ ယဉ်ကျေးမှု အရ ဘေးမှ အဒေါ်ကြီး ထိုင်လိုက ထိုင်နိုင်ရန်အတွက် ချက်ချင်း ထိုင်ခုံတွင် ၀င်မထိုင်ပဲ နေရာပေးလိုဟန် ပြုကြ၏။ အဒေါ်ကြီးက အတန်ကြာသည် အထိ မထိုင်သဖြင့် လူငယ်သုံးဦးအနက် တစ်ဦးက ထိုင်ခုံတွင် ၀င်ထိုင်လေ၏။ ထိုအချိန်တွင် ကျန် လူငယ် နှစ်ဦး အနက် တစ်ဦးမှ နောက်လိုဟန်ဖြင့်

"ဟေ့ရောင်...မင်းက ခပ်တည်တည်နဲ့ ၀င်ထိုင်နေ၊ ဘွားတော်က မင်းကို တင်းနေပြီနော်..ဟား...ဟား"

သို့ရာတွင့် ဘေးမှ အဒေါ်ကြီး ဗမာသံအပြည့်ဖြင့်ပြန်ပြောလိုက်သော စကားကို ကြားလိုက်ရသောအခါ လူငယ်သုံးဦးလုံး ပါးစပ် အဟောင်းသား ဖြင့် နှုတ်ဆိတ်နေလေတော့၏။

"အမယ်လေး...မတင်းပါဘူးတော်...၊ မတင်းပါဘူး။ ထိုင်ပါ၊ ထိုင်ပါ။"


ကောင်းတမန်

No comments: