မွေးနေ့လက်ဆောင်
မထင်မှတ်ပဲ သိကျွမ်း
ဝါသနာလဲ တူဆန်းတဲ့
ကျွဲတို့ရဲ့ခေါင်းဆောင် အကိုကြီးကျွဲရေ ...
ကဗျာမဆန် သချာင်္ဆန်တဲ့
လူ့ဘောင်လောက ထောင့်တနေရာမှာ
လောကဓံရဲ့ အလှည့်အပြောင်း
ကောက်ကြောင်းလေး တခုနဲ့
အတိတ်ရဲ့ အိပ်မက်ဆိုးတွေ
ဆိတ်သုန်းကွယ်ပျောက် အလင်းရောက်တဲ့
ဒီရက်ဒီခါ မွေးနေ့ချိန်မှ
နောက်များစွာသော မွေးနေ့များတိုင်
အကိုကြီးနားမှာ ပျော်ရွင်မှုတွေ
ဝပ်တွားခရ ရှိနေကြလို့
ရည်ရွယ်ပန်းတိုင် လျှောက်လှမ်းနိုင်ကာ
ဘ၀သရဖူ ခင်နဲ့အတူ ဆွတ်ခူးနိုင်ဖို့
ဒီကဗျာနဲ့ ဆုတောင်းလိုက်တယ် ကိုကျွဲရေ ...
ရော်ရွက်ရင့်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
1 comment:
ရော်ရွက်ရင့်ရေ...
ရိုးရိုးရှင်းရှင်းရည်ရွယ်ရင်
ရဲရဲရင့်ရင့်ရေးရာ
ရည်ရွယ်ရာရောက်ရန်
ယိုင်ယွဲ့ယို့ယွင်း
ယွန်းပြီးထင်ပါတယ်...
Post a Comment