"မေမေ"
သားချစ်တဲ့ မေမေ
အများနှစ်သက်တဲ့ မေမေ
ပညာမတတ်ပေမယ့်
ကျင်နာတတ်တဲ့ မေမေ
အဿပြာမချမ်းသာပေမယ့်
စေတနာချမ်းသာတဲ့ မေမေ
ဘေးဘယာမများပေမယ့်
ဆွေးခန္ဓာချသွားတဲ့ မေမေ
သြော်……….. မေမေရယ်
မေမေမရှိမှ တမ်းတတ တ
လွမ်းလှပြီး ငိုကြွေးနေတာ
မဟုတ်ရပါဘူး မေမေရယ်
ရင်မှာနွမ်းလှ ပန်းလှပါသောကြောင့်
မှန်းဆခါ တမ်းတတာလဲ
မဟုတ်ရပါဘူး မေမေရယ်
ဖဝါးလက်နှစ်လုံး ပုခုန်းလက်နှစ်သစ်
လူဖြစ်လာအောင် နို့ချိုတိုက်ကျွေး
မွေးမြူးပေးတဲ့ မေမေ့ကျေးဇူး
သားမောင်အထူး ဆပ်ဖူးဆန္ဒ
ပြင်းပြပါသော်လည်း
သြော်…………. မေမေရယ်
တခဏတာ မဟုတ်ဘဲ
တစ်ဘဝစာ ခွဲခွာရတယ်နော်
သံဿရာ တစ်ကွေ့မှာ
တခဏတာ တွေ့ရတွေ့ရ
ဘုံဘဝ လောကဇာတ်ခုံမှာ
ကြုံဆုံကြ လောကဓမ္မတာ
ဘယ်လိုပင် ဖြောင်းဖျဖြောင်းဖျ
ဖြေသိပ်မရတဲ့ မေမေ့သားကို
အဝေးမှာပဲ ပစ်ထားတော့မှာလား
မေမေရယ်………………….
ကောင်းမှုကုသိုလ် ပြုလုပ်လိုတိုင်း
ဖေဖေနဲ့အတူ ဖေးကူမေမေ
ရှိလေသယောင် စိတ်မှာဆောင်လျှက်
မြင်ယောင်နေမိတယ် မေမေရယ်
မျက်ရည်မဆဲ ဝေလျှက်အမျှ
အကြိမ်ကြိမ် အခါခါ
ရှိနေပါလည်း သားရင်ထဲမှာ
မေမေဟာ ထာဝရအမြဲ
ရှင်သန်လျှက်ပါပဲ မေမေရယ်။ ။
သားသိပ်ချစ်ရတဲ့ မေမေရေ............
ဒီကဗျာလေးနဲ့အတူ သားကိုမွေးမြူပေးခဲ့တဲ့နေ့လေးမှာ
မေမေ့ကို လက်ဆယ်ဖြာမိုးပြီး ရှစ်ခိုးပူဇော် ကန်တော့လိုက်ပါတယ်
မေမေရယ်...........
ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း အမျှဝေတဲ့အခါ
ရောက်ရာဘုံဘဝကနေ မေမေ သာဓုခေါ်ဆိုနိုင်ပါစေလို့
သားဆုတောင်းလိုက်ပါတယ်နော်.............
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
အနတ္တရေ ...
မွေးနေ့မှာ အမွန်မြတ်ဆုံး ကုသိုလ်ကို လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်ကွာ..။
အမေ့အတွက် အဖေ့ကို ပဲပိုပြီး ဂရုစိုက်ကြတာပေါ့ ..။
အနတ္တလို မိဘကျေးဇူးသိတတ်သူ အနေနဲ့
ဘယ်လိုအခြေအနေ ဘယ်လို ဘဝပဲရောက်ရောက်
အဆင်ပြေချောမွေ့မယ် ဆိုတာ ယုံကြည်ပါတယ်..။
ကဗျာဖတ်ပီး မျက်ရည်တောင် ၀ဲမိတယ်။ ကျေးဇူး သိတတ် တဲ့ သားအတွက် ကောင်းရာ ဘုံဘ၀ကနေ အမေက သာဓုခေါ် နေမှာပါ အနတ္တ။
ခိုင်မြဲရေ...
ကျေးဇူးပါ။ အမေ့အတွက်ကိုပါပေါင်းပြီး အဖေ့ကို ဂရုစိုက်ပါ့မယ်။ မိဘကျေးဇူးကို မြူတစ်မှုန်၊ နှမ်းတစ်စိ စာလောက်ပေးဆပ်နိုင် မယ်ဆိုရင်ကိုပဲ ဝမ်းသာ ကြည်နူးလှပါပြီ။
မကြီးရေ...
ကဗျာဖတ်ပြီး စိတ်မကောင်းဖြစ်ရတဲ့အတွက် အနော်လည်း စိတ်မကောင်းပါဘူးခင်ဗျာ။
" ကျေးဇူး သိတတ် တဲ့ သားအတွက် ကောင်းရာ ဘုံဘ၀ကနေ အမေက သာဓုခေါ် နေမှာပါ အနတ္တ။" လို့ပြောပေးတဲ့အတွက်လည်း ကျေးဇူးပါ အမေ အဲဟုတ်ပါဘူး မကြီး။
Post a Comment