"မွေးနေ့မှတ်တိုင်"
အခါတန်ခူး နွေအဦးမှာ
မောင်နှမတစ်စု ပေါင်းစုပျော်မြူး
စိတ်မှာကူးပြီး တိုင်ပင်ဆွေးနွေး
လွမ်းရက်လေးတွေ လက်ချိုးရေတွက်
ကုန်လွန်ခဲ့လည်း…………..
နွေအတိတ်က ရွှေအရိပ်မှာ
ဖြေသိပ်ခဲ့ရ စိတ်ဆန္ဒတွေ
မိုးအကူးမှာ တမျိုးထူးပြီး
ပိုမိုမြူးအောင် အတူတကွ
လျှောက်လှမ်း ကြမယ်
အရိပ်မယ်ရဲ့ မွေးနေ့ပွဲဝယ်။
ဆောင်းတဖန် ပြောင်းပေမယ့်
နှောင်းကံက မပြောင်းလည်းနိုင်တော့
တို့တစ်တွေရဲ့ သံရောဇဉ်တွေကို
ဘယ်လိုပင် ကြမ္မာရိုင်းရိုင်း
မယိုင်မလဲ အမြဲရှင်သန်အောင်
( စိတ်မီးအိမ်မှာ )
မှတ်တိုင် စိုက်ထူကြမယ်နော်။
နွေမိုးဆောင် ဘယ်လိုပင်ပြောင်းသော်လည်း
တို့တတွေရဲ့ ရင်ထဲက
ခင်မင်မှု သံရောဇဉ်ကိုတော့
ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးနော်။
သံရောဇဉ် အမှတ်တရ မွေးနေ့ မှတ်တိုင်လေးနဲ့အတူ
အရိပ်လည်း သက်တော်ရာကျော် ရှည်စေသောဝ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
2 comments:
သက်တော်ရာကျော် ရှည်စေသောဝ် ဆိုတဲ့ ကျောင်းတကာကြီး အနတ္တ ကဗျာက ကြိုက်လွန်းလို့ ကော်ပီတွေ ပွားပီး တင်ထားတာလား။
ဟုတ်ပါဘူး မကြီးရာ လိုင်းမကောင်းတော့ ပို့စ်ကမတက်လို့ဆိုပြီး ထပ်တင်လိုက်မိလို့ပါ။ အခုပြန်ဖျက်ထားပြီးပါပြီ။
Post a Comment