= ရင့်ကျက်ခြင်း =
ကြေကွဲနေတာလားတဲ့....
အသိတစ်ချက် ချွတ်ယွင်းခဲ့တာလေးကို၊
အားနည်းချက်ထဲ အစာသွပ်လိုက်ကြတယ်။
တစ်ခါတစ်လေဆိုတဲ့ စကားကို
အကြိမ်ပေါင်းများစွာ ရဲဝံ့ခဲ့ဖူးပြီပဲ။
နှလုံးသားမှာရခဲ့တဲ့ ဒီဒဏ်ရာတွေအတွက်...
ငိုကြွေးနေမယ် ထင်နေကြလား...။
အကြိမ်ပေါင်းများစွာ ကျင့်သားရပြီးသားပါ။
ခေါက်တွန့်ကြေနေတဲ့
ငါ့ရဲ့ဒီအချစ်ဇာတ်လမ်းတွေမှာ...
ငါ့အသဲတွေ အထပ်တစ်ရာမုန့်တစ်ချပ်လို၊
တစ်ထပ်ချင်း ခွာလို့တော့ရပါတယ်...။
ဒါပေမယ့်...ငါမကြေကွဲသေးဘူး။
1 comment:
ကိုကြီးကျော်ရေ
ရင့်ကျက်ခြင်းကို ကြိုက်သွားဘီ
အသဲတစ်ခါကွဲရင် .......... အသဲနှစ်ခု
နှစ်ခါကွဲရင်........ ၄ခု
ထပ်တစ်ရာလောက် အသဲတွေ ရှိနေဘီဆိုတော့ ကွဲခဲ့တဲ့ အသဲက .........????????????
Post a Comment