စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, February 5, 2008

အရိပ်

A shady tree

 

နေပူပြင်း လျှင် အရိပ်တွင်

ပျော်ရွင်ပြေးခ တို့ညီမျှ

တဘ၀တခဏ ချွေးတိတ်ကြ။

 

မိုးမှောင်ကျ ရင် အရိပ်မြင်

ပျော်ရွှင်အေးမြ တို့ဘဝ

တညတခဏ နားအိပ်ကြ။

 

ဆောင်းနှင်းကဲရင် အရိပ်ဝင်

နွေးထွေးမှုရ သူ့အလှ

မေတ္တာထာဝရ စို့သောက်ကြ။

 

အရိပ်တခု သင်ပြုစု၍

ငါတို့ဘ၀င် ရွှေအသွင်ကို

သင်၏အရိပ် ထိုတဆိတ်၌

ခိုလုံနားခိုက်...

 

မွှေးထုံ အေးမြ မေတ္တာလှ ကို

သုံးရာသီမနား ပေးသနားပါ

အရိပ်သခင် ငါတို့ အမင်။

 

(သူငယ်ချင်း အရိပ် အတွက် အမှတ်တရ)

2 comments:

Anonymous said...

ကောင်းတမန်ရေ......... ကျေးဇူးအများကြီး တင်ပါတယ်..။ အတိုင်းမသိ ၀မ်းမြောက်ကြည်နှူးမိပါတယ်ဟာ..။

ခိုင်မြဲ said...

ဆယ့်နှစ်ရာသီ ...
နွေ..မိုး...ဆောင်း.. ပြောင်းသလို့ ...
အရိပ် ရဲ့ ထာဝရ မေတ္တာတွေ...
မပြောင်းလဲပါကွယ်...။

( ဒန့် ...ဒန် ..ဒန်.. ဒူး..ဒန်း ဒန့်... ဒန်..

ဒူး..ဒန်...ဒန်... ဒီ...ဒန်း..ဒန့်... ဒီး...ဒူး..။)
( နှစ်ခေါက်ဆို)