စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

ချစ်တင်းနှောပါ.။.ချစ်တင်းနှောခြင်းကြောင့် ရရှိလာသော..ပြေလျော့ မှူ အဆင့်ဆင့် ကို သိနေပါ။..ချစ်တင်းနှောခြင်းသည်...အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်သည်ကို...သင် သိလာပါလိမ့်မည်။

ဥယျာဉ်မှူးတစ်ဦး

Thursday, January 31, 2008

အချိန် နှင့် ပေးဆပ်သူများ

 

မနေ့က...

လမင်းပြိုမှာ စိုးလို့တဲ့

တိမ်တိုက်တွေက ထမ်းထားပေးတယ်။

 

ဒီနေ့...

တိမ်တိုက် ငိုမှာစိုးလို့တဲ့

နေမင်းက မျက်ရည်တွေကို စုပ်ယူထားပေးတယ်။

 

မနက်ဖန်...

လမင်းမပြို

တိမ်တိုက်မငို

နေမင်းလည်း မညိုရအောင်

ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ.။

 

( မမျှော်လင့်ပဲ ခိုင်မြဲ၊ကောင်းတမန်၊သနပ်ခါး နဲ့ အိပ်မက်စိမ်းတို့ ခဏ ဆုံကြတုန်း အမှတ်တရ အံ့ကျလာတဲ့ စကားလုံးတွေကို ကောက်ရေးထားလိုက်ကြတာပါ။ )

2 comments:

Anonymous said...

ကိုင်း.... ဘာဆက်လုပ်ကြမလဲ????

ကိုကြီးဇာ said...

ဒီကဗျာလေး ကိုလည်း ကြိုက်တယ်