"စည်းလုံးခြင်းသည် အင်အား"
စိတ်မီးအိမ်က သူငယ်ချင်းတွေ တစ်နှစ်မှာ တစ်ကြိမ်လောက် စုပြီ စုံတွေ့နိုင်ရင် ကောင်မယ်ထင်တယ်။ အဲဒီလို စုံတွေ့ကြတဲ့အခါမှာ ကိုယ့်အတွေ့ အကြုံ သူ့အတွေ့ အကြုံ တွေကိုဖလှယ်ပြီး အကြိုးရှိရှိ အသုံးချနိုင်ရင် ပိုကောင်းတာပေါ့ ။ စုံတွေ့ဖို့ ဆိုတာက သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သက်သက်မဲ့ စုံစည်းဖို့ရာမှာ ခဲရင်နိုင်တယ်။ အဲဒီတော့ ကုသိုလ်လဲရ စုစုစည်းစည်းလဲဖြစ် သွားအောင် စုပေါင်းပြီး ကုသိုလ်တစ်ခုခုပြုလုပ်ကြရင် ကောင်းမယ်ထင်တယ်။ ဥပမာ - စိတ်မီးအိမ် စုပေါင်း ဘုံကထိန် လိုမျိုးပေါ့။ ကထိန်တစ်ခု ပြုလုပ်လှူတန်းဖို့ရာက မလွယ်ပါဘူး။ ဒါပေမယ့် စည်စည်လုံးလုံး၊ ညီညီညွှတ်ညွတ် နဲ့ ကြိုတင်ဆောင်ရွက်နိုင်ရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ယခုကိစ္စနဲ့ပါတ်သက်ပြီးတော့ သူငယ်ချင်းအားလုံးရဲ့ အမြင်တွေကိုလည်း မျှော်လင့် စောင့်စားနေပါမယ်။ အားလုံးလဲ အကြံဥာဏ် ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
သူငယ်ချင်း.....
ကောင်းတဲ့ အစီအစဉ်လေးတခုပေါ့ ....
အားလုံး စိတ်ပါဝင်စားစွာ ပါဝင်လိမ့်မယ်လို့ ငါ လည်း မျှော်လင့်ပါတယ် .....
ဂွတ်မယ်ထင်ရင် ဒူးသာဒူး.....
ဟဲ2
အဲ့ဒီကထိန်ကျရင် နင့်ကိုပါ တခါတည်း ဘုန်းကြီးဝတ်ခိုင်းလိုက်တော့မယ်လေ နော့်
ကောင်းတယ်မို့လား ??????
ကောင်းတယ်ဗျာ။
စလိုက်ကြလေ။
ကောင်းတမန် လောလောဆယ် မပါနိုင်သေးပေမယ့် နောက်တော့ လာပါမယ်ဗျာ။
အားလုံးကို သတိရတယ်။
ကောင်းလိုက်တဲ့ idea မကြီးတို့ သူငယ်ချင်းတစ်တွေလည်း ဒီလိုအစီအစဉ်ကလေးကို အကြံပြုခဲ့ကြဘူးတယ် လွန်ခဲ့သော (၈)နှစ်ခန့်ကပေါ့
အခုထိအကောင်အထည်မဖေါ်ဖြစ်ကြသေးဘူး
တစ်နေ့မှာတော့ဖြစ်နိုင်မယ်ထင်တယ်
မင်းတို့လည်းမြန်မြန်အကောင်အထည်ဖော်ကြလေ...
Post a Comment