စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, November 17, 2007

မိုးကြောက်သူ



လရောင်ဖွေးဖွေး

ညအေးအေးမှာ

အဆောင်မှာ ငုတ်တုပ်

ဟိုဒီငေးမော

သွားစရာမရှိ လာစရာမရှိ

သွားချင်တိုင်းလည်းသွားလို့မရ

ကောင်းကင်ကြီးကို မော့ကြည့်ပြီးတော့

စကားတခွန်းအော်ပြောလိုက်တယ်

မိုးမရွာပါနဲ့လို့………….

အရိပ်
အရိပ်

2 comments:

Thein Min Htike said...

အရိပ်

သိပြီ။ မိုးရွာရင် အတိတ်တွေကို တူးမိ မှာစိုးလို့ဟုတ်။

မညာကြေးနော်။

မိုးထဲ က ဇာတ်လမ်းတွေ နားထောင်ချင်တယ်။

ဆက်ပါဦး။

အနတ္တ said...

ကောင်းတမန်ရေ...
အရိပ်က မိုးရွာရင် အတိတ်ကိုတူစွမိမှာဆိုးလို့ မဟုတ်လောက်ဘူး။ လရောင်ဖွေးဖွေးဆိုတော့ လပြည့်ညပေါ့။ ညအေးအေးဆိုတော့ ဆောင်းတွင်းဖြစ်မယ်ဗျို့။ ဆောင်းတွင်းတစ်ခုခုရဲ့ လပြည့်ညမှာ အတိတ်ကို ပြန်သွားနေတုန်း အရှိန်ရခိုက်မှာ မိုးရွာလိုက်ရင် “အချိန်ကောင်း၊ဒိန်းဒေါင်းဖျက်” ဆိုသလိုဖြစ်နေမှာဆိုးလို့နေမှာပေါ့ဗျာ။ ဆောင်းတွင်းရဲ့ လပြည့်ညကနီးလာပြီလေ…….