စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, November 15, 2007

နိစ္စဓူဝ

မိုးလင်းလို့ သတိရမိတာ
ရုံးချိန်မှီဖို့ပေါ့…..
အလုပ်ခွင်ရောက်တဲ့အခါ
ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုကြတယ်
ဒေါသမောဟတွေကပေါ့….
ပြေးလွှား လှုပ်ရှားနေတုန်း
နေမင်းကြီးက ကိုယ့်ကို နှုတ်ဆက်သွားတယ်
သူ့ ဂျူတီကုန်ပြီတဲ့……
အေးမြတဲ့ လရောင်လေးကို ခံစားရင်း
မရိုးနိုင်တဲ့ မေးခွန်းလေးကို မေးနေမိတယ်
ငါက ဘာလဲ ……………။
...
အရိပ်

6 comments:

Thein Min Htike said...

အရိပ်

ဒီလို ပါပဲဗျာ။

ကျွန်တော် လည်း မေးနေတာ.. ငါက ဘာလဲလို့....။

လမင်းကြီး အိပ်ရင်တော့ အရိပ် လည်း ..နားရပြီမဟုတ်လား။

သူငယ်ချင်းတွေ ဆုံချင်တယ်ဗျာ။

အနတ္တ said...

အရိပ်ရေ…
“Mind Washing 3” ဟာ “ငါ ဘာလဲ….?” ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေတော့ မဟုတ်ပါဘူး။ အနတ္တ အသိကလေးကို ဆွေးနွေးကြည့်တာပါ။ နောက်ထပ်လဲ မျှော်လင့်နေပါတယ်။

PARCHUU said...

အရိပ်

မကြီးပါချူးကိုများ ပြောနေသလားဟာ

ဒီလောက်ထိတိုက်ဆိုင်ရသလား

PARCHUU said...

အရိပ်

မကြီးပါချူးကိုများ ပြောနေသလားဟာ

ဒီလောက်ထိတိုက်ဆိုင်ရသလား

PARCHUU said...

အရိပ်

မကြီးပါချူးကိုများ ပြောနေသလားဟာ

ဒီလောက်ထိတိုက်ဆိုင်ရသလား

အရိပ် said...

မကြီးပါချူး


အားပေးတာ အရမ်းကျေးဇူးတင်ပါတယ်နော်.....
တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ.....