စိတ်မီးအိမ် ကို နောက်မှ သစ်ပင်လာစိုက်မယ်။
ငါ စိတ်မီးအိမ် ဥယျာဉ်မှာ သစ်ပင်စိုက်ဖို့ လာမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာဘဲ(နင်တို့ထင်သလို ဘိနပ်တော့ မပြတ်သေးဘူးဟ သိလား ခုံဖိနပ်ဆိုတော့ပြတ်ချင်တာတောင် တော်တော်နဲ့ မပြတ်လို့ ငါ စိတ်ကုန်နေတာ ) ပြည်ပကနေနေပြည်တော်ကို အလုပ်ကိစ္စနဲ့ ခဏပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရတယ်ဟာ သိလား.... ငါ့မှာလည်း အဲ့ဒီသူငယ်ချင်းက မင်းနေပြည်တော်ကိုတခါမှ မရောက်ဖူးတဲ့ တောသားလူလည်လေးဖြစ်နေတော့ ငါ မအားတဲ့ ကြားထဲကသူ့ဆီကို သွားတွေ့ရတာပေါ့ ... သူနေတဲ့ ပိတောက်အိမ်ရာကို ရှာရင်းရှာရင်း......... အဲ့လိုနဲ့ ငါရောက်သွားတော့ ငါ့ သယ်ရင်းကအဖျားတွေတက်ပြီး အိပ်ယာထဲမှာဘဲ လဲနေတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း သူ့ကိုကုတင် ၃၀၀ ဆေးရုံမှာ လိုက်ပြပေးရတယ်ဟ . . . သနားစရာကောင်းတာက ငှက်ဖျားရောဂါမရှိတဲ့ ငါ့သယ်ရင်းကို ဆရာဝန်မက သေချာမစစ်ဘဲနဲ့ငှက်ဖျားဆေးတွေမှားပေးထားတော့ ဒီကောင်အလူးအလဲခံနေရတာပေါ့ဟာ သိလား . . .အဲ့ဒါနဲ့ ငါလည်း ည ၁၀ နာရီလောက်မှ အဆောင်ကို ပြန်ရောက်တယ်လေဟာ.....ဒါနဲ့ဘဲ စိတ်မီးအိမ် က ည ၁၀ နာရီကျော်ရင် ပိတ်ပြီထင်လို့ ငါ မလာတော့တာ။
အရိပ်
2 comments:
ဟားဟား ၀မ်းသာလိုက်တာ ခုံဖိနပ်စီးတဲ့ အဖော်တစ်ယောက် တော့တွေ့ပြီ…. လူစုံရင်ချင်တောင်မကုန်းပေါ်ကို ဘုရားဖူးသွားမယ်
အရိပ် နဲ့ အနတ္တ
ခုံဖိနပ် စီးကြတဲ့ အဖော်တွေစုထား။ လူစုံတာနဲ့ ချင်တောင်မ ကို ပြေးတက်ကြမယ်။
အင်း...ဒါပေမယ့် အသက်တွေ ကို မေ့ထားကြတာပေါ့နော်။
အနတ္တ ပြောသလို ဘယ်လောက် လွတ်လပ်ပြီး ပျော်စရာကောင်းမလဲဗျာ။
အရိပ်ရေ.......
မေးပါရစေ။ ဥယျာဉ် က ၁၀ နာရီ ပိတ်တဲ့ ကာဗျူး (ညမထွက်ခွင့်) ငြေညာ မထားဘူး။ ဟဲ...ဟဲ။
၂၄ နာရီ လုံးလုံး လာလည်။ လာစိုက်ပါ။ လှည့်ကင်း မရှိဘူး။
Post a Comment