စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

ငှက် လိုကျင့်ပါ.။.သင်သည် ..အတောင်ပံတစ်စုံသာလျှင် ဝန်ရှိသော ငှက်ကဲ့သို့သာ..ပေါ့ပါးနေခဲ့ပါလျှင်...လောကတွင် ..သင် ... မရနိုင်သော အရာ ..သင် ... မရောက်နိုင်သော နေရာဟူ၍ ..ရှိတော့မည် မဟုတ်ပေ..။

ဥယျာဉ်မှူးတစ်ဦး

Sunday, October 21, 2007

သီတင်းကျွတ်အထူး ဖိတ်ခေါ်ခြင်း

အားလုံး...
မကြာမီ သီတင်းကျွတ်တော့မည်။
သီတင်းကျွတ်အမှတ်တရ အထူး post များကို သီတင်းကျွတ်လပြည့်နေ့တွင် တင်ရန် ရှိပါသဖြင့် လပြည့် နေ့အမီ တင်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ သစ်ပင်တစ်ပင်လျှင် post တခု အနည်း ဆုံး တင်ပေးကြပါခင်ဗျာ။လာလည် ဖတ်ရှုသူများ လည်း မိမိတို့ ရေးသားမှုများ post တင်စေလိုလျှင် စိတ်မီးအိမ်ကို အမြန်ဆက်သွယ်ကြပါခင်ဗျာ။
စိတ်မီးအိမ်
ဘလော့ဂ် ဥယျာဉ်

2 comments:

အနတ္တ said...

ကောင်းတမန်ရေ……..
သီတင်ကျွတ်ပြီ ဆိုရင် တခြားသူတွေတော့ အရမ်းပျော်နေကြပြီ
ခင်ဗျားရော…….. ဘယ်လိုလဲဗျ ကျွန်တော်ထင်တာတော့ ကျွန်တော့်လိုပဲနေမှာပါ
ကျွန်တော်ကတော့ သီတင်းကျွတ်ရင်……….
မီးပုံးပျံလွှတ်မယ်ဗျာ…. (ဗျောက်ဖောက်မယ် ပြောရအောင်လည်း ဖောက်ခွင့် မပြုဘူးဗျ၊ ယုန်တွန်းအောင် ကလည်း ယုန်တွန်းရမယ့် အရွယ်မဟုတ်တော့ ရှက်စရာကြီးဗျ..)
အဲဒီတော့ မီးပုံးပျံပဲလွှတ်တော့ မယ်ဗျာ….. (လူကြီးသူမတွေတော့ကန်တော့မှာပါတာပေါ့)

အနတ္တ

Thein Min Htike said...

အင်း...အနတ္တရေ

ကောင်းတယ်ဗျာ။
မီးပုံးပျံ ဘယ်သူတွေ နဲ့ လွှတ်မှာလဲ။

ကောင်းတမန် လည်း ပျော်တယ် မဟုတ်ပါဘူး။ ဒီမှာ သူငယ်ချင်းတွေ စုပြီး တခုခုတော့ လုပ်ချင်တယ်။

လူကြီးတွေ ကိုတော့ လှမ်းပြီး ကန်တော့ရမယ်။ သတိပေးတာ ကျေးဇူးဗျာ။