စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

ဖိနပ်ချွတ်ထားပါ။....စစ်မှန်သော ကိုယ်စိတ်ပြေလျှော့ခြင်းသည်...ခြေထောက်မှစသည်ဟု ..ကျွမ်းကျင်သော အနှိပ်ပညာရှင်(Reflexologist) တိုင်းက..ပြောကြလိမ့်မည်။..သင့်တော်သောဖိနပ်ကို စီးထားခြင်းသည်..ဖိနပ်စီးမထားသလောက်နီးနီး..ကိုယ်နှင့်စိတ်ကို ပြေလျော့စေသည်။

ဥယျာဉ်မှူးတစ်ဦး

Thursday, October 25, 2007

ခရေ

လေဟုန်ကိုနင်း လွတ်လပ်ခြင်းနဲ့ 
ရွှင်မြူးနေလား အားကျမိရဲ့
ဘ၀စတည်းက စည်းကမ်းနဲ့အသားကျ
နေခဲ့ကြရတဲ့  မိန်းမသားဘဝ
ပင်ယံထက်က ပွင့် လွှာနွမ်းလျ
ကြွေမကျမချင်း ခြွေယူနင်းမယ့် 
သခင်ရှာဖွေ စပယ်ဘ၀ပါ ခရေ .........

လေနှင်ရာလိုက် လေတိုက်တိုင်းပါတဲ့
ပန်းခရေကြွေပန်းရယ်
မွှေးနံ့ ကြိုင်လှောက် ကြွေချိန်မရောက်ခင်
အမြင်အေးချမ်း ဘ၀င်လန်းစေတဲ့
စိမ်းမြတွေထက် လွလွဖြူဖွေး
စပယ်လေးကို တိတ်တခိုးနမ်း
ခြွေကာသရမ်းသွားလေတော့ 
ခဏတာလမ်းပေမယ့် 
တစ်ဘ၀တာ နွမ်းလျစေတဲ့
ဝေဒနာတွေပေးသွားလေသလားလို့ .....

ခရေ
ဘယ်ဆီရှောင်ပြေး အဝေးကိုတဲ့ 
ရှောင်ကာဖယ်နေ ဘယ်ချောင်မှာ
မင်းပုန်းကွယ်ဘိ လစန္ဒာသော်တာထွန်းတဲ့ 
သီတင်းကျွတ်သော်မှ ပေါ်မလာ
မျှော်အခါခါတ ပေမယ့်
မဆုံနိုင်ဘ၀လမ်းမှာမှ
မကြုံနိုင် ဓမ္မတာမြန်းသမို့
ကံကိုသာအပြစ်ဖို့ 

သြော်............
ကိုယ့် အဖြစ်မို့ ရှိပါစေတော့ 

ကိုယ့် အဖြစ်မို့  ရှိပါစေတော့ ......။ ။

( လေအဟုန်နဲ့ လွင့် ပါခဲ့ ပြီး သူ့ အရိပ်အောက်မှာခိုနေရတဲ့  စပယ်ကိုတိတ်တခိုးအနမ်းပေးကာ

ဝေးရာပြေးခဲ့တဲ့ ခရေသို့ အမှတ်တရ )

စံပယ်
(Jasmine)

2 comments:

Thein Min Htike said...

Jasmine ရေ

သီတင်းကျွတ် အမီ လာတင်သွားတာ ကျေးဇူးပဲ။

ကဗျာလေး ကို ကြိုက်တယ်ဗျာ။ နင့်နေအောင် ခံစားရပါတယ်။

ခရေရော အခု ဘယ်ရောက်နေပြီလဲ။

ခု သီတင်းကျွတ်ပြန်ပြီ။ သီတင်းကျွတ်သော် ခရေ ပေါ်လာဦးမလားဟင် Jasmine.

အနတ္တ said...

စပယ်ရေ… ခတ်ကျွဲမှန်ရင်ဒါဏ်ရာမကင်းဘူးလို့တော့ကြားဘူးတာပဲ။ ဒါပေမယ့် ဒီရေလှိုင်းတွေပုပ်ခတ်တဲ့အထဲကို ခရေဆိုတဲ့မိုးမခအပင်လေးတစ်ပင် ပါဝင်သွားတာကိုတော့စိတ်မကောင်းပါဘူး။ အနတ္တတို့နဲ့ရင်နှီးတဲ့ မိုးမခပင်လေးတွေနဲ့ နှိုင်းပြီး ခံစားကြည့်လို့ပါ။ ဒါတောင် စပယ်နဲ့ခရေ တို့ရဲ့ရင်းနှီးမှုမျိုး မဟုတ်ဘူးနော်။
အနတ္တဟာ စိတ်တွေမွန်ကြပ်လာရင် ကဗျာချရေးလိုက်တာပဲ။ အဲဒီအခါဆို စိတ်ထဲမှာ ပေါ့သွားသလိုပဲ… အခုလည်း စပယ်ဒီကဗျာလေးရေးလိုက်တော့ စပယ့်စိတ်ထဲမှာ ခံစားချက်တွေ ရော့နည်းသွားပါစေလို့ပဲ ဆုတောင်းပေးလိုက်မယ်နော်…..