DOCTOR ( ဆရာဝန် )
ခေါင်းစဉ်ကိုကြည့်ပြီး အနတ္တကတော့ မူလတန်းကစာတွေကို ပြန်ပြီးလေ့လာနေပြီလို့ ထင်ကြလိမ့်မယ်။ အမှန်တော့လည်း ဟုတ်ပါတယ်လို့ ပြောရမလိုပါပဲ။ မူလတန်းကစာတွေကိုတောင် မမှတ်မိတော့လို့ပါ။ ဥယျာဉ်ထဲကို ဝင်လို့မရတာကြာနေတော့ ရောက်ရောက်ခြင်း ပြောချင်တာတွေ လျှောက်ပြောနေမိပြီနော်.... 
အားလုံး မင်္ဂလာပါ... အနတ္တကြားဖူးတာလေးကို ပြန်ပြီးမျှဝေ လိုက်တာပါ မှားနေတာ၊ လိုနေတာ လေးများတွေ့ရင် အမှန်ရောက်အောင် ပြန်ပြီးမျှဝေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ....... အဲဒါကတော့.....
မင်းတုန်းမင်းတရာကြီး လက်ထက်အခါမှာ အင်္ဂလိပ်ဆေး ကုတဲ့ DOCTOR တစ်ယောက်လာရောက်ပြီး အမှုထမ်းရင်း ဆေးကုသပေးနေတယ်တဲ့.... အဒီအချိန်တုန်းကတော့ လူနာတွေကရော Doctor နဲ့ဆက်ဆံတဲ့သူတွေကရော Doctor ကို ဆရာလို့ပဲခေါ်ကြတယ်တဲ့ ... မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ် မရှိသေးဘူးတဲ့ မြန်မာမင်းမှုထမ်းတွေထဲကလည်း ဆေးပညာတတ်ကျွမ်းတဲ့သူတွေက အဲဒီဆရာဆီမှာ တပည့်ခံပြီး ပညာသင်ယူကြသတဲ့...  အဲဒီလို လက်ဆင့်ကမ်းသင်ယူပြီး မင်းမှုထမ်းလာရင်းနဲ့ ဘုရင်က ဝန်မင်း တစ်နေရာ ချီးမြှင့်မြှောက်စားလိုက်သတဲ့... အဲဒီနောက်ပိုင်းကစပြီး... Doctor ကို ဆရာလို့တင်မခေါ်ကြတော့ပဲ ဆရာဝန်လို့ ပြောင်းလဲခေါ်ဝေါ်လာကြသတဲ့.... အဲဒီအချိန်ကနေပြီး အခုအချိန်အထိ Doctor ကို ဆရာဝန်လို့ မြန်မာလို တရားဝင် သုံးစွဲလာကြတယ်ဆိုပဲ.....
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ... 
 Atom Feed (xml)
 Atom Feed (xml)
 

