စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Thursday, December 1, 2011

ကမ္ဘာ့ ခုခံအားကျဆင်းရောဂါတိုက်ဖျက်ရေးနေ့ အထိန်းအမှတ်

AIDS ဆက်နွယ်သူတိုင်း

တုနှိုင်းမဲ့အောင် ခံစားဝေဒနာ

ဆိုးရွာစွာဖြင့် ရင်မှာအမြဲ

တွယ်ကပ်ညှိလျက် အနေခက်ဘိ။

A1D5 ဆိုလိုက်ပြန်လည်း

ဝေါင်ဝေါင်ကရှေး ဝေးဝေးကရှောင်

ပေါင်းသူမဲ့ကွာ ထိုးနှက်စွာဖြင့်

ကြမ္မာအရိုင်း သူဖန်တိုင်းမြဲ

ကုရာနတ္ထိ ဆေးမရှိဘိ။

လေးလုံးရောဂါ ဆိုလာပြန်လည်း

နူရာဝဲစွဲ ဖုတ်သူရဲဟု

ဖယ်ကျဉ်ရှောင်ပြေး ဟိုအဝေးသို့

မတူမတန် ပြောဆိုပြန်ဘိ။

HIV ပိုး ပျိုးမိခန္တာ

ရှိလာပါက လူ့ဘ၀ဆုံး

လူညွန့်တုံးသို့ ဆုံးရှုံးအခါခါ

ဖြစ်မည်မှန်စွာ မလွဲပါဘိ။

ထိုထိုကြောင်းကြောင့် လူ့ပြည်လူ့ရွာ

လူ့ခန္တာမှာ AIDS လေးလုံးတွဲလျှက်

A1D5 ပိုးဆိုးမိုက်နှင့်

HIVပိုး ဝေးဝေးဂိုးအောင်

ရွက်ဆောင်ကြလော့ ဆောင်ကြလော

တိုက်ဖျက်ကြလော့ ဖျက်ကြလော။


မှတ်ချက်။ ။ ယနေ့တွင်ကျရောက်သော ဥယျာဉ်မှူး ခိုင်မြဲအတွက် မွေးနေ့လက်ဆောင်လည်း ဖြစ်ပါသည်။

[+/-] အပြည့်အစုံသို့...

Sunday, October 23, 2011

ဗေဒါ

ဗေဒါရေ…

တချို့လူတွေက မင်းကို ချီးမွမ်းကြလိမ့်မယ်။

ဗေဒါရေ…

တချို့လူတွေက မင်းကို ကဲ့ရဲ့ကြလိမ့်မယ်။

 

လိုသူတွေအတွက်

မင်းဟာ လေးစားအားကျစရာပဲ..။

မင်း…

ကြမ်းတမ်းတဲ့ ရေစီးကိုလည်း အာခံ ခဲ့၊

ဝဲဂယက်မှာလည်း မနှစ်မြှုပ်သွားအောင် ရုန်းကန်ခဲ့ရဖူးပြီ…။

မင်း…

ညင်သာတဲ့ ရေစီးတွေ့လည်း အလိုက်တသင့် မျောလိုက်ရုံလေးနဲ့ မကျေနပ်ခဲ့ပြန်ဘူး။

ဒါပေမယ့် ရေစီးကို အသုံးချလို့ ကိုယ့်ခရီးကို ကိုယ်တိုင် ပဲ့တင်နိုင်ခဲ့တယ် မဟုတ်လား..။

မင်း…

ဘဲအုပ်ပေါင်းများစွာရဲ့ ရန်ကလည်း အကြိမ်ကြိမ် တိုက်ပွဲဝင် လွတ်မြောက်ခဲ့ဖူးပြီ…။

လောကဓံအတက်အကျ ကို အာခံလို့….

နူးညံ့သဲထူတဲ့ မြစ်ကမ်းခြေမှာ…

ရွှံ့ထူ ညစ်ပတ်တဲ့ ညွှန်တောထဲမှာ…

ညီးတွားငိုမြည်း မနေပဲ….

အိပ်ယာမှတ်လို့ မေးစက်ခဲ့ရဖူးတာပဲ..

အရေးကြီးတာက

ပန်းတိုင် မပျောက်ဖို့နဲ့ မြန်မြန်ရောက်ဖို့ ပဲလို့ စိတ်တေးခဲ့ရတယ် မဟုတ်လား..။

မြစ်ဆုံးတဲ့ ပင်လယ်ဝမှာ ဒီရေတိုးတာ မြင်ဖူးချင်တယ် ဆိုတဲ့

မင်းရဲ့ ပန်းတိုင်ရောက်ဖို့

လမ်းတလျှောက်မှာ တခြားအပင်တွေ၊ ရေသတ္တ၀ါတွေကို

မင်းကြောင့် မကြွေကျစေခဲ့တာလည်း မင်းစေတနာပဲလေ..။

ဒါတွေကို....ငါတို့ မှတ်တမ်းတင် လေးစားအားကျမိတာပဲကွ...။

 

ဟော…

မလိုသူတွေ အတွက်ကျတော့

မင်းဟာ….

ခပ်အအ ငနဲ  တယောက်ပဲ…။

ကြမ်းတမ်းတဲ့ ၀ဲဂယက်မှာ မင်းကိုယ်မင်း ကြင်လည်တတ်ပြီလို့ ဘယ်လို ထင်နေပစေ

အချိန်တန်တော့ ရေစီးနဲ့ပဲ မင်းမျောနေရတာ ပဲတဲ့လေ..။

ဘဲအုပ်တွေက ထိုးဆိတ်စားသောက်လည်း

ဘာများ မင်း ကာကွယ်အား ရှိခဲ့လို့လည်း….

လှပတဲ့ မင်းပန်းပွင့်တွေ အတွက်ပဲ အေးချမ်းစွာ ရန်မလိုပဲ မင်း ဂုဏ်ယူတတ်တာ အားနည်းချက် မဟုတ်ပြန်ဘူးလား..တဲ့။

ပြီးတော့ မင်းက ကြက်တွေလိုပဲ…

ရောက်ရာ ဘ၀ မှာ ပျော်အောင် နေတတ်ရပြန်ပြီ

နေရာမရွေးမှာ ကျောချလို့

ဒါတောင် ပန်းတိုင် မပျောက်ဖို့၊ ရောက်ဖို့က ပဲ အရေးကြီးတယ်လို့ ဟစ်လုံးက ပေးနေပြန်သေး..တဲ့။

မင်း ကိုယ် ငါတို့ တကယ် သနားတယ် ဗေဒါ…တဲ့။

အခြေချ အမြစ်တွယ်လို့ ကောင်းတဲ့ မြေနေရာတွေ့ရင် မင်းက တထောက်နားလို့၊

ရေစီးကြမ်းလာရင် မျောလိုက်လိုက် နဲ့…

မင်းဘ၀က ဘာလဲ…တဲ့…။

 

အေး...

ငါဆိုတဲ့ ဗေဒါက တော့…

လင်ကွန်း ဟိုအရင်တုန်းက ပြောခဲ့ဖူးတဲ့ အတိုင်းပဲ…

ရန်သူနဲ့ မိတ်ဆွေ တွေဆီက မတူညီတဲ့ အသံတွေ ထွက်နေသမျှ မင်းမှန်တယ်တဲ့..။

အဲ….နှစ်ဘက်လုံးက တစ်သံတည်း အတူတူ ထွက်လာရင်တော့ မင်းမှားဖို့ များနေသတဲ့..။

မလိုသူတွေ၊ လိုသူတွေ ဘယ်လို ထင်ပစေ..

ငါဆိုတဲ့ ဗေဒါဟာ..

အချိန်တန်ရင် ငါ့လမ်း ငါသွားရမှာပဲ…

အရေးကြီးတာ ရုန်းကန်နေဖို့ပဲ…

ပန်းတိုင်ကို မပျောက်ရဘူး…၊

ရောက်ကို ရောက်ရစေမယ်…။

နှလုံးသားကို ရိုက်ဟီးလို့ ဖွင့်ထားမယ်…

ပြတင်းတံခါးကို အကျယ်ဆုံး ဖွင့်လို့..

အလင်းတန်းတိုင်းကို ၀င်လာစေပြီး

အမှောင်ထုတိုင်းကို ဖြိုချရှင်းပစ်မယ်…

တိုတောင်းတဲ့ ဘ၀အတွင်းမှာ…

ပန်းတိုင်ဆုံးအောင် မရောက်ခဲ့လည်း၊

ပန်းတိုင်ကို မြင်ခွင့်မရခဲ့လည်း..

ငါ သံဝေဂမရဘူး၊ ယူကျူံးမရလည်း ဖြစ်မှာ မဟုတ်ဘူး..

ငါ မှန်ကန်စွာ ရုန်းကန်ခံရတဲ့ တန်ဖိုးနဲ့ သိက္ခာနဲ့ တင် ကျေနပ်ပြီ…

ပြီးတော့...

လျှောက်ခဲ့ရတဲ့ လမ်းမှာ ငါ့ ပန်းပွင့် ခရမ်းပြာရောင်ကို

မြင်သူတိုင်းအတွက် ကြည်နူးမှုတွေ ပေးခဲ့ရတာလည်း ကျေနပ်စရာ တစ်ခုပဲ မဟုတ်လား...။

တကယ်ဆို..

လောကမှာ တာဝန်ကျေဖို့က အရေးကြီးဆုံးပဲ။

ငါဘယ်လောက် ခရီးရောက်လဲ၊ မရောက်သလဲ…

အကဲဖြတ်ဖို့နဲ့....

ကျန်တဲ့ အလုပ်တွေကိုတော့….ရန်သူနဲ့ မိတ်ဆွေတွေပဲ ဆက်လုပ်ကြလိမ့်ဦးမယ်…။

 

ကောင်းတမန်

၂၀၁၀-၁၀-၂၃

 

(ကျောင်းသို့သွားသည့် လမ်းဘေး ချောင်းထဲတွင် ယနေ့ မျောပါလာသော ဗေဒါပင် အစုလေးများကို မြင်၍ ပေါ်လာသော ခံစားမှုကို အခြေခံကာ ဤ ကဗျာအား ရေးဖွဲ့ပါသည်။ )

[+/-] အပြည့်အစုံသို့...

Tuesday, September 13, 2011

မငိုနဲ့ ဧရာဝတီ

ဧရာဝတီဟာ
ဘာပဲဖြစ်ဖြစ်
သူ့ရေတစက်
အရောင်းခံရတိုင်း
ငိုတယ် တဲ့ သားရ။


ဘယ်သူသိမှာလဲ .. ။
နောက်ဆို ...
ဧရာဝတီရဲ့ ရေတွေ
ငွေဖြစ်နေလောက်ပြီ။

 

အဲဒီအချိန်ကျ

ဧရာဝတီရယ်

ဧရာဝတီချစ်သူတွေရယ်

ရင်ကွဲပက်လက်

အရိုးချင်းဆက်

ငိုကြလိမ့်ဦးမယ်။

 

ခုတော့…

ဧရာဝတီ ဆက်စီးစေဖို့

ဧရာဝတီချစ်သူတွေလည်း

ဆက်စီးကြဦးစို့။

 

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Saturday, July 9, 2011

ဘ၀ သို့မဟုတ် ခံယူချက်

ပိုးကိုက်ခံဘ၀အဖြစ်

လုံးပါးပါးသွားမယ့် အစား
အမိမြေကြီးအတွက်
တခုခု ပေးဆပ်နိုင်မယ့်
ရော်ရွက်ဝါတရွက် ငါ... ဖြစ်ချင်။

တကယ်ဆို......
ကြွေလွင့်ခြင်းမှာလည်း
အဓိပ္ပါယ်များစွာ ဖြင့်။

[+/-] အပြည့်အစုံသို့...

Thursday, January 6, 2011

အနာဂတ်

အနာဂတ်

ဝမ်းခေါင်းပက်လက်
ကျောင်းမတက်နိုင်
ဈေးဘန်းကိုင်၍
ဝမ်းရေးကြောင်းသည်။
ကောင်းပေ့ ငါတို့ အနာဂတ်။

ကောင်းတမန်



Photo courtesy: www.bugbog.com

Photo courtesy: www.bugbog.com


[+/-] အပြည့်အစုံသို့...

Wednesday, June 30, 2010

သဲတပွင့်သို့ တမ်းချင်း

ဧရာဝတီဟာ
ဘာပဲဖြစ်ဖြစ်
သူ့သဲတပွင့်
အရောင်းခံရတိုင်
ငိုတယ် တဲ့ သားရ။

ဘယ်သူသိမှာလဲ .. ။
ခုဆို ...
ဧရာဝတီရဲ့ သဲတွေ
ကျွန်းဖြစ်နေလောက်ပြီ။

ကောင်းတမန်

To an Irrawaddy sand
The Mighty Irrawaddy cries
Whenever it dries
Because his beautiful pieces of sand
Being sold to the other land.
Alas!
Who knows when it comes for those sands
to become a part of a small island!
Kaungtamang


[+/-] အပြည့်အစုံသို့...

Sunday, September 13, 2009

အကျဉ်းစံ

ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။
လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို
ဘ၀ကိုအခါခါငိုကြွေးနေရ။
ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။
ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်း
ကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။

[+/-] အပြည့်အစုံသို့...

Friday, May 1, 2009

ပန်းနှင့်ပျား

တကယ်ဆို.

မင်းက ပန်းလေးတပွင့် နဲ့ တူတယ်…။

ဒါဆို.

ကိုယ်ကတော့ ပျားလေးတကောင်ပေါ့။

 

နိယာမက..

အဲဒီပန်းလေးရဲ့ ၀တ်မှုံတွေကြောင့်

အဲဒီပျားလေးကို အသက်ဆက်ခွင့်ပေးတယ်….။

အဲဒီနိယာမအရပဲ..

အဲဒီပျားလေးရဲ့ ကြိုးစားသယ်ယူမှုကြောင့်

အဲဒီပန်းလေးလည်း ၀တ်မှုံကူးနိုင်တယ် မဟုတ်လား..။

 

စဉ်းစားကြည့်ရင်

ပန်းမရှိလို့ ပျားမဖြစ်သလို၊ ပျားမရှိလည်း ပန်းမဖြစ်နိုင်ဘူးလေ..။

အဲဒီလိုပါပဲ

တယောက်မရှိလို့ တယောက်မဖြစ်တဲ့ အချစ်နဲ့

ကိုယ်တို့ ချစ်ခဲ့ကြပြီးသလို

ကိုယ်တို့ဆက်ချစ်နေသမျှ ဘာလိုသေးလဲလို့ ပြောပါရစေ ချစ်သူ…။

 

တခါတလေကျ

ပျားလေးက ပန်းလေးဆီမှာ အမြဲရှိမနေနိုင်သလို

တခါတလေလည်း

ပျာလေးလာတိုင်း ပန်းလေးမှာ ၀တ်မှုံပြည့်နေမှာ မဟုတ်ဘူးနော်။

 

တခါတခါကျ

မုန်တိုင်းထန်ရင် ပန်းလေရဲ့ ပွင့်အိမ်ထဲမှာ

ပျားလေကို ခိုလှုံခွင့်လည်းပေးသေးတယ် မဟုတ်လား။

 

တခါတရံဆို

ပိတုန်းတွေ ပန်းလေးကို လာတွယ်ဖို့ ကြိုးစားရင်

ပျားလေးက ကာကွယ်ပေးတတ်သေးတယ်နော်..။

 

ဘာပဲဖြစ်ဖြစ် ပန်းလေးမင်းက

ပျားလေးကိုယ့်အတွက် ၀တ်မှုံတွေ ၀ှက်ထားပေးဆဲပဲဆိုရင်

ကိုယ်ကျေနပ်ပါပြီ..။

 

ဒါပေမယ့် မင်းတခုတော့ သိထားစေချင်တယ်..

အချိန်တန်လို့ ကိုယ်ပြန်လာပြီဆိုရင်

ကိုယ့်ရဲ့ နောက်ဆုံးပျံသန်းမှုလားရာက

ဟို..အဝေးက ကိုယ့်ပန်းလေး မင်းဆီကိုယ်ပါပဲ ချစ်သူ..။

 

©ကောင်းတမန် (သီရီကုက္ကို)

စင်္ကာပူစံတော်ချိန် ၁ နာရီ ၄၅ မိနစ်

၂၀၀၉-၀၅-၀၁

[+/-] အပြည့်အစုံသို့...

Sunday, February 1, 2009

အရိုင်း သို့မဟုတ် မုဆိုး

 

အရိုင်းတယောက်လို

ဖြစ်ကတတ်ဆန်း ငါ့ကို

အချစ်ငတ်သရမ်း လို့

မင်း.က သမုတ်တတ်နေပြီလား……။

 

အညစ်ကျပ် အနမ်းတဖွကို

အသစ်စပ် ဖြန်းဘ၀လိုလိုနဲ့

အမြစ်ပြတ် အမ်းချင်တုန်းကလဲ

မင်း….ပဲလေ။

 

မင်း.…..

မှတ်ထား……။

အလကား မတ်တင်းရတိုင်း

လျှာဖျား အဖတ်တင်ရုံလေး

ငါ…..

အာယား အမှတ်ထင်ခဲ့တာ မဟုတ်ဘူး။

အဲဒီတုန်းက

မင်း ကို ငါ…

တကယ်ချစ်ခဲ့ရိုးအမှန်ပါ။

 

အေး..ခုတော့

ငါ့လို… အရိုင်းကောင်က

အပြစ်မှတ်ပြီဆို

အချစ်ထပ်မပိုနိုင်တော့ဘူး။

 

တကယ်ဆို..

ယုန်ငယ်သားကိုမှ အကုန်ရှယ်စားချင်တဲ့

အမဲလိုက် ငါ.မုဆိုးအတွက်…

မင်း…..က

နှာသရုပ်ပိုးတွေနဲ့

အသပြာထုပ်ခိုးဖို့

မသမာ စုတ်ထိုးပြီး

မြူဆွယ်ခဲ့။

 

ဒါကို..

ငါ….

အချစ်မှတ်လို့ ကိုးကွယ်ခဲ့ပြီး

အဖိုးမဆယ်နိုင်ခဲ့တာ

ရင်နာစရာ…။

 

ဘာပဲဖြစ်ဖြစ်

ခုတော့…

ငါ…

ငါ့ မုဆိုးဆရာ အဘိုးကဗျာကို

ခံစားတတ်ခဲ့ပြီ။

 

ကေသရာဇာမျိုးက

မြေခွေးနဲ့ ခွေးအ

ဝေငှစားရတဲ့

ယုန်သူငယ်ကိုလည်း

ပုံမ၀ယ်တော့ဘူး။

အနမ်းပေးတဲ့

ပန်းကလေးတွေကိုလည်း

အငမ်းမငေးတော့ဘူး။

 

ဒါပေမယ့်

ငါ့..လည်ဆံတွေတော့

အတွယ်ခံ ခဲ့ရပြီပေါ့…။

 

နောက်ဆုံးတော့

အရိုင်းမုဆိုး

ငါ…ဟာ

မုဆိုးအရိုင်းပဲ ဖြစ်နေဆဲပါ။

 

ကောင်းတမန်

ညနေ ၅ နာရီ ၄၃ မိနစ်

၂၀၀၉၊ဖေဖော်ဝါရီ၊ ၁ရက်။

[+/-] အပြည့်အစုံသို့...

Saturday, January 3, 2009

၂၀၀၉ နှစ်သစ် ဆုံးဖြတ်ချက်

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။



၂၀၀၈ ကုန်တဲ့ည
ခုန်နေတဲ့ ရင်တစုံ နဲ့
ဖြစ်ကြောင်းအကုန် ပြန်တွေး
အမှန်ရေးကြည့်တော့……..
ငါ့ဘ၀…ကို
မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။

လား…………လား…………….
မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။

နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
မနည်းတန့်ခဲ့ရတယ်
နှစ်ဟောင်းက အကျင့်တွေကို။

နှစ်သစ် ဆုံးဖြတ်ချက်အတွက်
သုံးသပ်ခဲ့တော့
မြေကြီးလို ခန္တီရဖို့
ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
Attach, Detach
Accept, Reject ကို
စက္ကန့်မလှပ် စွဲမှတ်ဖို့
ငါတို့ အရှင်
အထင်ကရတစ်ပါးက
အမြင်ပြသွားခဲ့တယ်။

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။

မြေကြီးဟာ
အနံ့ဆိုးဆိုး
မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
ရနံ့သင်းမွှေး
ပန်းကလေးတွေပဲ ဖြစ်ဖြစ်
အရှိကို အရှိအတိုင်း
လက်ခံထားတတ်သလို။
နံလို့ detach ဖြစ်လို့
Reject မလုပ်သလို
မွှေးလို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
ဘာအတွက်မှ မခံစားရတဲ့
အဖြစ်အပျက်ကို အဖြစ်အပျက် လို့
ရှုတတ်တဲ့ စိတ်ကလေး……
ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။

ရေဟာ
စိတ်၊ရုပ်ကြမ်းတမ်းတဲ့
လူသရမ်းတွေ ချိုးချိုး
စိတ်၊ရုပ် ပျော့ပျောင်းတဲ့
လူကောင်းတွေ ချိုးချိုး
သူ့အအေးဓါတ်ကို
အတူတူပက်ဖျန်းပေးနိုင်သလို။
ဆိုးတဲ့ လူမို့ detach ဖြစ်လို့
Reject မလုပ်သလို
ကောင်းတဲ့ သူမို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
အားလုံးအတွက်
တူညီတဲ့ မေတ္တာဓါတ်ကလေး…..။

ခန္တီ နဲ့ မေတ္တာ တရား
အများဆုံး လွှမ်းခြုံနိုင်အောင်
စွမ်းကုန်ပြုလို့
ရိုးကုတ်တော့မည့်
၂၀၀၉ ဆီ။

[+/-] အပြည့်အစုံသို့...

Wednesday, December 24, 2008

ဘ၀ လှေခါး

ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးပါ။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
ရိုက်ချိုးဖူးကြတယ်။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
တည်းတည်းလေး
ချိတ်ထားတတ်သေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်
ချိတ်မိဖို့က အဓိကပါပဲ။

ကျိုးသွားတဲ့ လှေခါး
မချိတ်မိတဲ့ လှေခါး
တည်းတည်းလေး ချိတ်မိနေတဲ့ လှေခါး
ဘယ်လို လှေခါးဖြစ်ဖြစ်
တခါ ဖြစ်ဖူးသွားရင်
နောက်ထပ် အဲလိုမကြုံရအောင်
လုပ်ရဦးမယ်။


ဘာဖြစ်လို့လဲ ဆိုတော့
အဲဒီ ဘ၀ ဆိုတဲ့
ရိုးရိုး လှေခါးကို
ဥာဏ်၊ ၀ီရီယ နဲ့ လုံ့လ ဆိုတဲ့
ကျူပ်တို့ ခြေထောက်တွေနဲ့ တက်ပြီး
အောင်မြင်မှု ဆိုတဲ့ ပန်းတိုင်ကို
ကျူပ်တို့ ဆွတ်ခူးရဦးမှာ မို့ပါ။

ဒါပေမယ့်
ကျူပ်တို့ဟာ
ကျူပ်တို့ကိုယ်တိုင် ယုံတယ်၊
အဲဒီ လှေခါးကို တက်ကျော်နိုင်ရမယ်လို့။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးလေးတခုပါ။


အိုင်ဒီယာ

သိင်္ဂီသက်

အသက်သွင်းသူ
ကောင်းတမန်




[+/-] အပြည့်အစုံသို့...

Saturday, December 20, 2008

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်



တနေကွယ် သေနယ်သို.

တစ်ရက်ကူးတဲ့၊

ကြားလိုက်ရထိုစကား

အသားများပင် တုန်ခါမိ။


ဘ၀သက်တမ်းရဲ.

နှစ်ပိုင်းတစ်ပိုင်း

စိတ်ရိုင်းတွေနဲ.ငါကြီးပြင်း

မသိခြင်းတွေနဲ.နေ.စဉ်။


သံသရာ

ခန္ဓာမှာရှိဤစကား

မသိငြားခဲ့လေတော့

တဏှာစေတဲ့ဘဝ

ငါနေခဲ့ရပေါ့။


အ၀ိဇ္ဇာ၊တဏှာအကြောင်းခံ

ဖောက်ပြန်တဲ့တရားငါမသိ

ဥာဏ်မျက်စိမရှိခဲ့လို.

သံသရာတကြော

အဖန်ဖန်မျောခဲ့ရပြီ။


သတိကင်းခဲ့လို.

မသိခြင်းနဲ.စ ငါ့ဘ၀ကို

သိခြင်းမှာရပ် ခရီးပြတ်ဖို.

စိတ်ကိုဆုံးမ

ကျွန်ုပ် အလုပ်စပါတော့မည်။


မျက်ရည်ပြုတ်ဖို.

ကျွန်ုပ်အလုပ်လုပ်ပါတော့မည်။


by

Red Rose

[+/-] အပြည့်အစုံသို့...

Tuesday, December 2, 2008

ကိန်းဂဏန်းတို့၏ အလွန်မှာ…….

တခါတလေကျ

ကိန်းဂဏန်းတွေနဲ့

ခုနှစ်သက္ကရာဇ်တွေကို

ကြောက်နေသလိုပဲ။


တခါတလေမှာ

နေထွက်ချိန်ကို ခံစားတတ်တယ်။


တခါတလေကျ

နေ၀င်ချိန်မှ ပိုလှသလို ခံစားမိတယ်။


မထူးခြား၊ မပြောင်မြောက်ချင်ရင်နေပါ။

ကိုယ်ပိုင်အလင်းတော့ ရှိချင်တယ်။


ဘာပဲပြောပြောလေ

နေက ၀င်ချိန် ထွက်ချိန်တိုင်းမှာ

အလင်းတော့ ရှိနေသေးတယ်။


နေ၀င်သွားလည်း

တကယ်က ၀င်သွားတာမှ မဟုတ်တာ။

တခြားဘက်မှာ လင်းနေတယ်ဆိုတာ

မမေ့နဲ့လေ။


လောကရဲ့ တရားတွေကို

ငါတို့ လိုက်ကြမလား။


ဒါမှမဟုတ်

လောကရဲ့ မဆုံးနိုင်တဲ့

ရေယာဉ်ကြောမှာပဲ

မျောလိုက်ကြမလား။


ဒီမေးခွန်းတွေ

တွေးစရာတွေနဲ့ အတူ

မင်းနဲ့ငါ

တစ်နှစ်ကြီးခဲ့ရပြန်ပြီ။


ရင့်ကျက်လာသလား

ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူးဗျာ။


ဘာပဲပြောပြော

ပြောင်မြောက်စရာ မဟုတ်ရင်တောင်

ကိုယ့်ပိုင်အလင်းတွေ ရှိနိုင်ခဲ့ရင်.။


မင်းရဲ့ အောင်မြင်အေးချမ်းမှုဟာ

ငါ့ဘ၀ ကို လွှမ်းမိုး ကူညီနိုင်ခဲ့သလို

ငါတို့ ရဲ့ ခြေလှမ်းတိုင်းဟာ

ဟန်ချက် အတူတူ အမြဲရှိနေလိမ့်မယ် လို့

ငါယုံတယ်။


ကောင်းတမန် (၂၀၀၈-၁၂-၀၂။ စကာင်္ပူစံတော်ချိန် ၁၂ နာရီ ၂၉ မိနစ်)


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, September 22, 2008

ဆန္ဒ

ဟန်ဆောင်မှုတွေဖုံးလွှမ်း

အပြုံးတုတွေနဲ့တန်ဆာဆင်

ဖြူစင်ခြင်းတွေပျောက်ဆုံး

အတ္တတွေကြီးမားနေတဲ့

လုပ်ငန်းခွင်ထဲက လူတချို့ရဲ့

အတုအယောင်တွေနဲ့ဝေးရာ

ပြေးထွက်ပါရစေ….

အသိတရားတွေနဲ့ ထိန်းချုပ်

ရိုးသားမှုကို အဖော်လုပ်

လူတွေကို ဥပေက္ခာပြုရင်း

ကိုယ့်ကိုကိုယ်

သံဇကာတွေနဲ့ကာရံထားမှရတော့မယ်…

အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, September 20, 2008

ကမောင်ကမ တွေ ပြိုလည်းခြင်း

ကိုယ့်စိတ်တွေက ကမောက်ကမနဲ့
ထင်ရာပြေးလွှားပြေးလွှားဆော့ကားနေကြ
အရပ် ရှစ်မျက်နှာကိုတောင် ကျော်လွန်ဖြတ်သန်းကြ
မြစ်၊ချောင်း၊အင်းအိုင်၊ပင်လယ်၊သမုဒ္ဒရာ တွေကိုဖြတ်သန်းကြ
ကောင်းကင်းထက် မှ ငှက်ငယ်တွေ နဲ့ အတူ ပျံဝဲ မြူတူးကြ
မိုးကုတ် စက်ဝိုင်း တဘက်စွန်း ကို အကြိမ်ကြိမ်းရောက်ရှိခဲ့ကြ
အင်္ဂါဂြိုလ် နဲ့ ကမ္ဘာ မြေကြီး ကို ကားလမ်း ရထားလမ်းတွေဖေါက်ခဲ့ကြ
အလိုလေ--ကိုယ့်ရဲ့ အရေပြား အောက် အသား ရဲ့ နာကျင်မှု့ အသိက
ခြင်တစ်ကောင် ရဲ့အနမ်း ရယ်ကြောင့်
ရွှေအိုရောင် အတွေးလေလား---ကြောင်တောင်တောင်အတွေလေလား
ပြိုလည်း ပျက်ဆီး ခဲ့ ရပြီလေ------------------------------------------->

[+/-] အပြည့်အစုံသို့...

ငါနဲ့ ငါရဲ့အခန်း

အနီအနားမှာ
ကိုယ်တွေး နေတဲ့ အနီးအနားမှာ
မြက်ခင်းစိမ်းစိမ်း လေးတွေမရှိဘူး
ကန်ရေပြင်မြေနီလမ်းတွေ မရှိဘူး
သစ်ပင်ပန်းပင်တွေမရှိဘူး
ငှက်ငယ်လေးတွေလည်းတေးမဆိုဘူး
လေပြေလေညှင်းလည်းမတိုက်ခတ်ဘူး
ကောင်းကင်ပြာပြာကြီးအောက်မှာလည်းမဟုတ်ဘူး
တိမ်ညို တိမ်မှိုင်း တိမ်ပြာ တိမ်ဝါတွေလည်း မပြေးလွှားနေဘူး
ကိုယ်တစ်ယောက်တည်း သံဇဉ်မဲ့-အလင်းမဲ့ -အခန်းထဲမှာ ငြိမ်သက်စွာတွေတောရင်းပေါ့

[+/-] အပြည့်အစုံသို့...

Wednesday, September 3, 2008

မျှော်လင့်ချက်……

ဘ၀တက်လမ်းအတွက်

ကြိုးစားလာခဲ့ရတဲ့ ကာလများ

ပြန်လှည့်ကြည့်လိုက်တော့

ဘာမှမဖြစ်လာသေးပါလား…..

ပညာတွေသင်ဖို့အတွက်

ရင်းနှီးခဲ့ရတဲ့ အရာများ

အခုချိန်မှာတော့

ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….

လွတ်လပ်တဲ့ဘ၀တခုအတွက်

မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ

တွေးကြည့်လိုက်တော့

မရေရာသေးပါလား…..

လောကကြီးရယ်

ဘယ်အချိန်ကျမှများ

ဒီဝဋ်ကြွေးတွေ

ကုန်ဆုံးတော့မှာလဲ.?????


အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, August 25, 2008

အလွမ်းများ……..

Photobucket" border="0" alt="" />


တမ်းတစွာဖြင့်
ချစ်သူ့ပုံရိပ်
မျက်ဝန်းမှတဆင့်
ရင်ထဲရောက်ရှိ
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ရင်ခုန်စွာဖြင့်
ချစ်သူ့စကား
ပြန်လည်ကြားစဉ်
နှလုံးသားထဲ
ပဲ့တင်ထပ်သွား
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ဝေးနေစဉ်ခဏ
အချိန်ကာလများ
ခံစားချက်ကြောင့်
ဖြစ်ပေါ်တတ်သော
အလွမ်းမျာကို
မုန်းမိသည်။…


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, August 21, 2008

ငါ မဟုတ်သော ငါ


လူတစ်ချို့ကပြောကြတယ်
မင်းနဲ့ငါ့ကို ခွဲလို့မရဘူးတဲ့


တခါတခါ မင်းအကြောင်းတွေးနေရင်
ဘယ်သူမှမသိတဲ့ ငါ့ဒိုင်ယာရီကို
ငါပြန်ဖတ်နေမိသလိုပါပဲ

တခါတခါ နေ့စဉ်မှတ်တမ်းရေးနေရင်
မင်းအကြောင်းတွေကို စာစီကုံးသလိုပါပဲလား

မင်းနဲ့ငါ ကိုသေချာစဉ်းစားနေရင်ပဲ
ငါအသက်ရှင်နေတာ ငါ့အတွက်လား
ဒါမှမဟုတ် မင်းအတွက်လား

ငါကိုယ်ငါ သေချာမဝေခွဲနိုင်တာလား
မင်းနဲ့ငါ့ကို သေချာ မခွဲခြားနိုင်တာလား

လူအများက ပြောကြပါတယ်
လူဆိုတာ ကို့ကိုယ်ကို အချစ်ဆုံးတဲ့
အဲဒီစကားသာမှန်ခဲ့ရင်တော့…..
ငါအချစ်ဆုံးက မင်းလေးပေါ့ စိတ်မီးအိမ်ရယ်…..

မှတ်ချက်။ ။ ငါသည် အနတ္တ မဟုတ်ပါ။ ဥယျာဉ်မှူးများသာ ဖြစ်ပါသည်။
မင်းသည် စာဖတ်သူမဟုတ်ပါ။ စိတ်မီးအိမ်သာ ဖြစ်ပါသည်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...