စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label အနတ္တ. Show all posts
Showing posts with label အနတ္တ. Show all posts

Sunday, January 22, 2012

ဘယ်နှစ်ခုနှစ်တွင် ကပ်ဘေးကြီးသုံးပါး ဆိုက်ရောက်မည်နည်း ?

၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီးပျက်စီးလိမ့်မည် ဆိုသည့်ကောလဟာလကိုလွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်လောက် ကတော့ ဆူဆူညံညံ အသံတွေကို သတိထား လိုက်မိပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝဘေးဒုက္ခတွေ အများကြီး ဖြစ်ပေါ်နေလို့လားမသိဘူး မေးတဲ့သူတွေက မေးသလို ဖြေတဲ့သူတွေ ကလည်း မဖြစ်နိုင်ပါဘူးဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ပြန်ဖြေကြပါတယ်။ အချင်းချင်းတွေလည်း အဒီအကြောင်းကို အမျိုးမျိုး ပြောဆို ဝေဖန်နေကြပါတယ်။ အနတ္တကတော့ ကြားနားဖူးတဲ့ တရားလေးထဲက ဗုဒ္ဓံ လော ကံ ဈာန် ဆိုတဲ့ ဗုဒ္ဓ အကြောင်းကိုလည်း မတွေးနဲ့၊ လောကအကြောင်းကိုလည်း မတွေးနဲ့၊ ကံအကြောင်း၊ ဈာန်အကြောင်းကိုလည်း မတွေးနဲ့တဲ့၊ တကယ်လို့ နက်နက်နဲနဲ တွေမယ်ဆိုရင် ရူးသွားနိုင်တယ်ဆိုပြီးတော့လေ။ အနတ္တကတော့ ရူးသွားမှာ ကြောက်လို့လား၊ တွေးရမှာပျင်းလို့လားမသိဘူး တခါမှ နက်နက်နဲနဲ မတွေးဘူးပါဘူး။

ကမ္ဘာကြီးရဲ့ကျန်းမာရေးကို ဂရုစိုက်နေကြတဲ့သူတွေကတော့ နှစ်သန်းပေါင်း (၄၅၀၀) လောက် သက်တမ်းရှိနေတဲ့ ကမ္ဘာကြီးဟာ အခုနှစ်ပေါင်း (၅၀၊ ၆၀) အတွင်းမှာ အရမ်းကို ပူနွေးလာပြီးတဲ့၊ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၃၇၀၀) လောက်ထိ အပူချိန် အနုတ်(၁၈)ဒီဂရီ စင်တီဂရိတ် ( -18’C ) နဲ့ အေးအေးဆေးဆေးနေလာခဲ့တာ ပြီးခဲ့တဲ့ နှစ်သန်းပေါင်း (၈၀၀) လောက်ရောက်မှ ကမ္ဘာအတွင်းပိုင်းကနေ အကြောင်းအမျိုးမျိုးကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ (Green Of Gas) လေးမျိုးထွက်လာပြီး ကမ္ဘာကြီးကို အပေါ်ယံကနေပြီး စောင်ပါးပါးလေးနဲ့ လွှမ်းခြုံပေးလိုက်သလို ဖုံးအုပ်ထားတယ်တဲ့။ အဲဒီနောက်ပိုင်းတော့ ကမ္ဘာကြီးဟာ တဖြေးဖြေး အနွေးဓါတ်ရပြီး အပူချိန် အပေါင်း (၁၅)ဒီဂရီ စင်တီဂရိတ် (+15’C) ရောက်မှ သက်ရှိရယ်လို့ ဖြစ်ပေါ်လာတယ်ဆိုပြီး ဒေါက်တာထွန်းလွင်ရဲ့ ဟောပြောပွဲမှာ မှတ်သားဖူးပါတယ်။ ဆရာကတော့ ကမ္ဘာကြီးပူနွေးလာတာဟာ အဓိက အကြောင်းအရာကတော့ CO2 ( Carbon dioxide ) ကြောင့်ပေါ့၊ ကမ္ဘာကြီးပူနွေးလာရင် ရေခဲမြစ်တွေ အရည်ပျော်တာ အပါအဝင် ကမ္ဘာပေါ်မှာ သဘာဝ ဘေးအန္တရာယ်တွေ အမျိုးမျိုးဖြစ်ပေါ် လာနိုင်တယ်၊ ကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်၊ ကမ္ဘာသူ ကမ္ဘာသားတွေ ဘေးဒုက္ခအမျိုးမျိုး ခံစားရနိုင်တယ် အဲဒါကြောင့် CO2 လျော့နည်းအောင် လုပ်ဖို့၊ ဆက်လက်ပြီး အဆမတန်း မတိုးပွားအောင်ထိမ်းသိမ်းဖို့ အနည်းဆုံး သစ်ပင်စိုက်ကျပါဆိုပြီး တိုက်တွန်းပြောဆိုနေတာကိုလည်း မှတ်သားထားမိပါတယ်။

ကမ္ဘာနိုင်ငံခေါင်းဆောင်ကြီး တော်တော်များများက နြူးကလီးယားလက်နက်ဖျက်သိမ်းရေး၊ လျှော့ချရေး အပါအဝင် နြူးကလီးယား မပြန့်ပွားရေးကိစ္စကို တစ်ကမ္ဘာလုံးနီးပါး လက်တွဲဆောင်ရွက်နေကြပါတယ်။ အဲဒီလို လက်တွဲဆောင်ရွက်တဲ့အထဲမှာ မပါဝင်တဲ့ သဘောမတူတဲ့နိုင်ငံတွေကိုလည်း ကမ္ဘာကြီးရဲ့ မိစ္ဆာနိုင်ငံများအဖြစ် သတ်မှတ်ထားကြ ပြန်ပါတယ်။ အမေရိကန်က ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆကီမြို့နှစ်မြို့ပေါ်ကို နြူးကလီယားဗုံး(၂) လုံးပဲချ လိုက်တာ တစ်ကမ္ဘာလုံးတောက်လောင်နေတဲ့ ဒုတိယ ကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားပါတော့တယ်။ အဲဒီဗုံးထက် ပမာဏလည်းကြီးမယ်၊ စွမ်းအားလည်း ပိုပြင်းထန်မယ့် နြူးကလီးယားဗုံးတွေသာ ကမ္ဘာ့မျက်နာပြင်ပေါ်မှာ ကျဲချကြအုန်းမယ် ဆိုရင်တော့ ကမ္ဘာကြီးရဲ့ကျန်းမာရေးနဲ့ ကမ္ဘာပေါ်မှာ မှီးတင်နေထိုင်ကြတဲ့ သက်ရှိသတ္တဝါတွေရဲ့ ကံကြမ္မာကိုတော့ မတွေးဝံ့စရာပါပဲ။ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကောင်းဖို့အတွက် ကမ္ဘာသူ၊ကမ္ဘာသားတွေက ငြိမ်းချမ်းရေးကို ကြိုးစားဖော်ဆောင်နေကြပါတယ်။တစ်ကမ္ဘာလုံး ငြိမ်းချမ်းဖို့ဆိုရင် နိုင်ငံတိုင်းနိုင်ငံတိုင်းကလည်း ငြိမ်းချမ်းရေးရှိမှ အဆင်ပြေနိုင်သလို တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ဆိုရင် နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း ကလည်း ငြိမ်းချမ်းရေး ရှိဖို့၊ ငြိမ်းချမ်းရေးရဖို့ လက်တွဲဖြေရှင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

တလောက သူများဖွင့်ပြီးနားနေတဲ့ ပဲခူး ချမ်းမြေ့ဆရာတော်ဘုရားကြီး ဟောတဲ့ အရိမ္မေတ္တေယျဘုရားအကြောင်း တရားကိုကြားနားမိပါတယ်။အရှင်ဂေါတမမြတ်စွာဘုရားဟာအရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ လျှောက်ထားတောင်းပန်ချက်ကြောင့် ဟောကြားထားတဲ့ တရားတော်ကို ချမ်းမြေ့ဆရာတော်ဘုရာကြီးက ပြန်လည်ဟောကြား ထားခြင်းဖြစ်ပါတယ်။ အဲဒီတရားတော်ထဲမှာ အရှင်ဂေါတမမြတ်စွာဘုရားဟာ ပျှမ်းမျှလူတွေရဲ့ သက်တမ်းနှစ်(၁၀၀) မှာဖူးပွင့်တော်မူခြင်းဖြစ်ကြောင်း၊ လူတွေရဲ့သက်တမ်းဟာ အခုအခါမှာ ဆုတ်ကပ်ကို ကျရောက်နေသည့်အတွက်ကြောင့် နှစ်တစ်ရာလျှင် တစ်နှစ်လျှော့နည်း သွားမည်ဖြစ်ကြောင်း၊ လူတွေရဲ့ပျှမျှသက်တမ်း (၁၀)နှစ်ရောက်လျှင် ကပ်ဘေးကြီး သုံးပါးဆိုက်ရောက်ပြီး ကမ္ဘာပေါ်မှာတည်ရှိနေသော လူသားများ အခြင်းခြင်းသတ်ဖြတ်ပြီး တစ်ကမ္ဘာလုံး သေကြေပျက်စီးကြမည်ဖြစ်ကြောင်း၊ တောထဲတောင်ထဲ ဂူထဲမှာသွားပြီး ပုန်းနေတဲ့ လူနည်းစုလောက်သာ အသက်ရှင်ပြီး ကျန်ရှိနေမည်ဖြစ်ကြောင်းကို ဆရာတော်က အကျယ်တဝင့် ဟောကြားထားပါတယ်။ အဲဒီလိုဟောကြားထားတာကို ကြားနာမိပြီးတော့ အနတ္တလည်း ဆုတ်ကပ် ဘယ်တော့လောက်ရောက်မလဲဆိုတာကို သိချင်လာတဲ့အတွက် ကိုယ့်ဘာသာ အောက်ပါအတိုင်း တွက်ကြည့်လိုက်ပါတယ်။ အဖြေ မှန်တာ၊ မှားတာ ထက် အပျင်းပြေ တွက်ကြည့်လို့ရအောင် ဖော်မြူလာပါ ဖော်ပြပေးလိုက်ပါတယ်….

ဘုရားပွင့်သည့်အချိန်တွင် ပျှမ်းမျှလူ့သက်တမ်း ( B ) = 100 နှစ်

သာသနာသက္ကရာဇ် = X ဟုဆိုကြပါစို့

ရောက်ရှိနေသည့် ပျှမ်းမျှလူ့သက်တမ်း = Y ဟုဆိုကြပါစို့

သက်တမ်းဆုတ်ယုတ်သည့်နှုန်း(နှစ်ပေါင်းတစ်ရာလျှင်တစ်နှစ်နှုန်း) = 1 / 100

ကပ်ဘေးကြီး သုံးပါး ဆိုက်ရောက်မည့် ပျမ်းမျှ လူ့သက်တမ်း Y = 10 နှစ်

ကပ်ဘေးကြီး သုံးပါးဆိုက်ရောက်မည့် သာသနာသက္ကရာဇ် x = ?

Y = B – ( X / 100 )

X = ( B – Y ) * 100

X = ( 100 – 10 ) * 100

= 9000 years

ယခုရောက်ရှိနေသည့် သာသနာသက္ကရာဇ် ( SE ) = 2555 ~ 2556

ယခုရောက်ရှိနေသည့် မြန်မာသက္ကရာဇ် ( ME ) = 1373 ~ 1374

ခရစ်သက္ကရာဇ် ( AD ) = 2012 ~ 2013

ကပ်ဘေးကြီး သုံးပါးဆိုက်ရောက်နိုင်မည့် ကြာချိန် = 9000 – 2555

= 6444 နှစ်

ကပ်ဘေးကြီးသုံးပါး ဆိုက်ရောက်နိုင်မည့် ခရစ်နှစ် = 2012 + 6444

( A D ) = 8456 ~ 8457

ကပ်ဘေးကြီး သုံးပါးမှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းအေး နိုင်ကြပါစေ…….

[+/-] အပြည့်အစုံသို့...

Saturday, December 24, 2011

မြတ်ဗုဒ္ဓ၏ အသမ္ဘိန္နသရီရဓါတ်တော်

အတုမရှိ မြတ်ဗုဒ္ဓ၏

အသမ္ဘိန္န သရီရဓါတ်တော်

မီးခတော်မမူ ခုနှစ်ဆူတွင်

မြေမြတ်မဟာ ကျွန်းသီဟိုဠ်မှာ

စေတီမင်္ဂလာ တည်ရှိစွာဖြင့်

ပူဇော်အထူး ခံတော်မူသည့်

နဖူးသင်းကျစ် ဓါတ်တော်တစ်ဆူ။

စေတီထူပါရုံ ပူဇော်ကုန်သည့်

ဌာပနာထား ရတနာတပါးကာ

လက်ယာညှပ်ရိုး ဓါတ်တိုးတစ်ဆူ။

မြို့ကန္ဒီမယ် စံပယ်ကိန်းဝပ်

ပူဇော်အထူး ခံတော်မူသည့်

အောက်ဝဲစွယ်တော် ဓါတ်တော်တစ်ဆူ။

ဗြဟ္မာ့ပြည်တွင် ထူးတင့်စွာဖြင့်

ပူဇော်အထူး ခံတော်မူသည့်

လက်ဝဲညှပ်ရိုး ဓါတ်တိုးတစ်စူ။

တာဝတိံသာ နတ်ပြည်ဌာနေ

စူဠာမဏိ စေတီတွင်းဝယ်

ဌာပနာပူဇော် တည်တော်မူသည့်

ထက်ယာစွယ်တော် ဓါတ်တော်တစ်ဆူ။

ဇေယျသေန နဂါးပြည်ဝယ်

စေတီရတနာ ထည့်သွင်းပူစာ

ပူဇော်အထူး ခံတော်မူသည့်

အောက်ယာစွယ်တော် ဓါတ်တော်တစ်ဆူ။

ဂန္ဓာရတိုင်း ဥဇနာမြောက်ပိုင်း

တည်ရှိခဲ့ပြီး ခိုတန်မှတဆင့်

စိနပြည်ဝယ် တင့်တယ်စံသည့်

ထက်ဝဲစွယ်တော် ဓါတ်တော်တစ်ဆူ။

ဤဓါတ်တော်ခုနှစ်ဆူ အထူးထူးတွင်

ပါဝင်တစ်ဆူ ဖြစ်တော်မူသည့်

သရီရဓါတ်တော် မြတ်ဝဲစွယ်တော်သို့

အဖိုးစူဠ နည်းလှစွာသည့်

အနတ္တနှင့် အရိပ်တို့၏

လက်ထပ်မင်္ဂလာ လက်စွပ်မွှာကို

မာတာပိတ မိနှင့်ဖအား

ရည်ရွယ်အထူး အမှူးပြု၍

နိဗ္ဗာနပစ္စယော ဟောတုပါဟု

ခြေလက်နဖူး တတောင်ဒူးကို

ငါးဦးညီစွာ ထိလျှက်ခါဖြင့်

လက်ဆယ်ဖြာမိုး သဒ္ဓါတိုးပြီး

ရှိခိုးပူဇော် ဖူးမျှော်ကပ်လှူ

စွန့်လှူပါ၏ လှူပါ၏။

ဤသို့လှူရ ကုသလကို

မျှဝေပါ၏ ဝေပါ၏

နတ်လူသာဓု ခေါ်စေသောဝ်……။

[+/-] အပြည့်အစုံသို့...

Saturday, December 3, 2011

အံ့မခန်းအစွမ်း မသန်စွမ်း

နားမသန်ပင် ဖြစ်လင့်ကစား

အားကျိုးမာန်တက် ရွက်ဆောင်ခဲ့သည့်

ဇမ္ဗူမှာရှား သူ့စွမ်းအားကား

နေလပမာ ထင်လင်းစွာဖြင့်

လောကအကျိုး လူ့အကျိုးကို

ဆထက်တန်းဖိုး ဒီရေတိုးသို့

ကောင်းကျိုးဝေဖြာ ထွန်းလင်းသာလျှက်

စက္ခုအလင်း ဉာဏ်အလင်းရှင်

အလင်းဖခင် အက်ဒီဆင်ဟု

လောကမှတ်တိုင် စိုက်နိုင်မှုကား

သန်းခုနှစ်ထောင် လူတို့တိုင်အောင်

အကောင်းပကတိ မယှဉ်ဝံ့သည့်

မသန်စွမ်း၏ အကျိုးတည်။

ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ဝယ်

ပဒုမပေါင်တို ကိုလူပျိုတောင်

အခေါင်ထိပ်ထား မဟေသီတပါးကို

ကောက်ကောက်ပါအောင် စွမ်းဆောင်မှုကား

မသန်စွမ်း၏ အစွမ်းတည်။

လက်တဖက်သိမ် ဉာဏ်မတိမ်ဘဲ

တင့်တယ်ဖွဲ့အပ် ရေသည်ဇာတ်လည်း

ယနေ့ထက်အောင် ရှေ့သို့ဆောင်လျှက်

စလေဂုဏ်ရောင် ထွန်းပြောင်စေသူ

ပညာရှိတပါး ဦးပုညကား

မသန်စွမ်းတို့ ဦးဆောင်တည်။

သတ္တိသူရ ဘွဲ့စံထားသည့်

သတိုးမဟာ ဗန္ဓုလကား

မျက်စိအလင်း တောင်မြောက်ဆင်းလည်း

တိုင်းကျိုးပြည်ကျိုး ရွက်ဆောင်ပိုးစဉ်

လက်နက်ဗုံးဆံ တုန့်ပြန်မကြောက်

ဝိဉာဉ်အသက် တွယ်မဖက်ဘဲ

ရာဇ၀င်တွင် စာတင်လောက်သည့်

မသန်စွမ်းတို့ အံ့မခန်းတည်။

[+/-] အပြည့်အစုံသို့...

Thursday, December 1, 2011

ကမ္ဘာ့ ခုခံအားကျဆင်းရောဂါတိုက်ဖျက်ရေးနေ့ အထိန်းအမှတ်

AIDS ဆက်နွယ်သူတိုင်း

တုနှိုင်းမဲ့အောင် ခံစားဝေဒနာ

ဆိုးရွာစွာဖြင့် ရင်မှာအမြဲ

တွယ်ကပ်ညှိလျက် အနေခက်ဘိ။

A1D5 ဆိုလိုက်ပြန်လည်း

ဝေါင်ဝေါင်ကရှေး ဝေးဝေးကရှောင်

ပေါင်းသူမဲ့ကွာ ထိုးနှက်စွာဖြင့်

ကြမ္မာအရိုင်း သူဖန်တိုင်းမြဲ

ကုရာနတ္ထိ ဆေးမရှိဘိ။

လေးလုံးရောဂါ ဆိုလာပြန်လည်း

နူရာဝဲစွဲ ဖုတ်သူရဲဟု

ဖယ်ကျဉ်ရှောင်ပြေး ဟိုအဝေးသို့

မတူမတန် ပြောဆိုပြန်ဘိ။

HIV ပိုး ပျိုးမိခန္တာ

ရှိလာပါက လူ့ဘ၀ဆုံး

လူညွန့်တုံးသို့ ဆုံးရှုံးအခါခါ

ဖြစ်မည်မှန်စွာ မလွဲပါဘိ။

ထိုထိုကြောင်းကြောင့် လူ့ပြည်လူ့ရွာ

လူ့ခန္တာမှာ AIDS လေးလုံးတွဲလျှက်

A1D5 ပိုးဆိုးမိုက်နှင့်

HIVပိုး ဝေးဝေးဂိုးအောင်

ရွက်ဆောင်ကြလော့ ဆောင်ကြလော

တိုက်ဖျက်ကြလော့ ဖျက်ကြလော။


မှတ်ချက်။ ။ ယနေ့တွင်ကျရောက်သော ဥယျာဉ်မှူး ခိုင်မြဲအတွက် မွေးနေ့လက်ဆောင်လည်း ဖြစ်ပါသည်။

[+/-] အပြည့်အစုံသို့...