စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Engineering Forum. Show all posts
Showing posts with label Engineering Forum. Show all posts

Wednesday, November 14, 2007

Biomechanics ဇီဝစက်မှုဗေဒ

သိပ္ပံ နှင့် နည်းပညာတွေ မြင့်မားတဲ့ နှုန်းထားနဲ့ တိုးတက် လာတာ အံ့မခန်းနိုင်၊လိုက်မမှီနိုင်အောင် မြန်ဆန်လွန်းပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေကို သိပ္ပံ ပညာ နဲ့ နည်းပညာ နဲ့ တီထွင်ကြံဆ၊ အဖြေရှာ လာနိုင်ကြတာ တကယ် ကို တိုးတက် တဲ့ ကမ္ဘာ ရဲ့ စိန်ခေါ်မှုတွေပါ။

အင်ဂျင်နီယာ ဘာသာခွဲတွေဟာလည်း အသစ်ပေါ်လာလို လာ (ဥပမာ Genetic Engineering) ၊ ရှိပြီးသား ဘာသာခွဲ နှစ်ခု (သို့မဟုတ်) နှစ်ခု ထက် ပိုတာတွေကို လိုအပ်ချက်နယ်ပယ် သစ် တစ်ခုအတွက် အင်ဂျင်နီယာ ဘာသာသစ် တွေအဖြစ် သီးသန့် တည်ထောင် လေ့လာကြ (ဥပမာ Biomedical Engineering) နဲ့ တော်တော်ကြီးကို အရှိန်အဟုန် မြင့်လာကြပါတယ်။

အဲလို သွားလာ တိုးတက်လေ့လာကြရင်း နဲ့ သိပ္ပံ နှင့် လောကဓါတ်ပညာ တွေရဲ့ အဆုံးသတ် တွေ့ရှိမှုဟာ ဘုရားရှင် ဟောကြား ဆုံးမတော် မူတဲ့ ဗုဒ္ဓဘာသာ အဖြစ် တွေ့မြင်ရလိမ့်မယ် လို့ ကမ္ဘကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း က ဆိုမိန့်ခဲ့ဖူးပါတယ်။

ဒီလို တိုးတက်လာ တဲ့ နယ်ပယ် တွေထဲက စက်မှု နှင့် ဇီဝ ဗေဒ ဘာသာ နှစ်ခု ကို ပေါင်းပြီး ပေါ်ပေါက်လာတဲ့ ဇီဝစက်မှုဗေဒ ဆိုတဲ့ ဘာသာရပ်လေး အကြောင်းကို အကျဉ်းချုပ် ဆွေးနွေးလိုပါတယ်။

စက်မှုဇီဝဗေဒ ဟာ biology နှင့် Mechanics ဆိုတဲ့ မိခင် ဘာသာ နှစ်ခု က နေတဆင့် ပေါက်ဖွားလာတာပါ။ ဒါကြောင့် ခန္ဓာ ကိုယ်မှာ ရှိတဲ့ ဇီဝအစိတ်အပိုင်းတွေ ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားတယ်၊ ဘယ်လို အလုပ်တွေလုပ်တယ်ဆိုတာ ကို အခြေခံ လေ့လာပါတယ်။

လူခန္ဓာ ကိုယ် အစိတ်အပိုင်းတွေ မှာ သက်ရောက်နေတဲ့အားတွေ၊လည်ကိန်းတွေ၊လှည့်အား လိမ်အားတွေ၊ ကွေးညွှတ်မှုတွေ စတာ တွေကို လေ့လာပါတယ်။ ပြီးတော့ သူတို့ တွေဟာ ဘယ်အချိန် မှာ ဘယ်ပမာဏ နဲ့ လူခန္ဓာ အစိတ်အပိုင်းတွေကို ထိခိုက်ဒဏ်ရာ ရစေတဲ့ အဆင့် ရောက်အောင် ၀န်ပိစေမလဲ။ အဲလို ၀န်ပိစေမယ့် ထိခိုက်မှုဖြစ်စေနိုင်တဲ့ အနိမ့်ဆုံး ပမာဏ ကို တွက်ချက်မယ်။ ဒီကိန်းဂဏန်းတွေ သိရင် လူခန္ဓာ အစိတ်အပိုင်း တွေကို အဲဒီ ပမာဏ အောက်မှာပဲ အလုပ်လုပ်ခိုင်းစေမယ်။

အဲလို အခြေခံ တွေက စလိုက်တာ ဇီဝစက်မှုဟာ ဘယ်အထိ တိုးတက် အသုံးဝင်နေလည်း ဆိုရင် လူခန္ဓာ ကိုယ် အပြင်အစိတ်အပိုင်း၊ အတွင်းအစိတ်အပိုင်း အားလုံး ကို သေချာ ခွဲခြမ်းပြီး ဘယ် လို အလုပ်လုပ်လဲ။ ဘယ်ဝန်တွေကို သူတို့ ထမ်းသလဲ။ သူတို့ ထိခိုက်ပျက်စီးသွားရင် ဘာတွေနဲ့ အစားထိုး ကုသမလဲ။ အဲလို ကုသရာမှာ အဲဒီ အစားထိုး အင်္ဂါ တွေဟာ နဂို အစိတ်အပိုင်းလောက် အားတွေကို ခံနိုင်မလား စတဲ့ အသေးစိတ် အချက်အလက် တွေကို သုတေသန ပြု လေ့လာ နေကြာတာ ခု ဆို ရင် Biomechanics ဆို တဲ့ ဘာသာ ဟာ ခွဲစိတ်ကုသ မှု ဆိုတာကို အမြင့်ဆုံး တိကျ မှု နဲ့ ပြီးမြောက်စေအောင် သုတေသန တွေ အောင်မြင်နေကြပါပြီ။

ဥပမာ-

ပုံ(၁) ကဲ့သို့ ဒူးခေါင်း ထိခိုက်မှုတွေကို

 

ပုံ(၁)  ထိခိုင်ဒဏ်ရာရသော ဒူး

ပုံ(၂) ဒူးမော်ဒယ် (Finite Element Model of Knee Joint)

 

ပုံ(၂) မှာပြထားသကဲ့သို့ ပုံစံ တွေ ပြုလုပ်ပြီး ကွန်ပျုတာ မှာ Finite Element Model and Analysis ဒူးမော်ဒယ်ဆောက်ပြီး အပြင်မှာ ဒူးအပေါ် သက်ရောက် တဲ့ အခြေ အနေကို ရအောင် ဖန်တီးယူပါတယ်။ အဲလို ဖန်တီးပြီး ဘယ် အစိတ်အပိုင်း ထိခိုက်လဲ ဘယ်လောက် ထိခိုက်လည်း ကို တွက်ချက်ပါတယ်။ ပြီးရင် တကယ် အပြင် က ထိခိုက် တဲ့ ဒူးကို X-ray ဓါတ်ပုံရိုက် ပြီး Analysis ရလာဒ် နဲ့ နှိုင်းယှဉ်ပြီး ထိခိုက်မှု အတိအကျ ကို ထိခိုက်မှု အမျိုးအစား၊ ပမာဏတွေကို ဖော်ထုတ်ပါတယ်။ ပြီးရင် လိုအပ် တဲ့ ကုသမှု ၊အစားထိုးမှု တွေကို တိကျ စွာဆောင်ရွက်ပေးနိုင်ပါတယ်။

ခုလို မျိုးထိရောက်တဲ့ နည်းလမ်းတွေ နဲ့ လူခန္ဓာ ကို အစိတ်အပိုင်းအားလုံးကို အင်ဂျင်နီယာ များ လေ့လာ သုံးသပ် ပြီး ထိခိုက်မှုအမျိုးမျိုး အတွက် ဇီဝဆေးပညာရှင်တွေ နဲ့ ပူးပေါင်းလို့ ကုသမှု၊အစားထိုးမှု နှင့် ကြိုတင်ကာကွယ်မှုများကို ကမ္ဘာတွင် အောင်မြင်စွာ ပြုလုပ်နေကြပေပြီ။

အသေးစိတ် သိရှိ လေ့လာချင်သူများ ဂေါ်ဂယ် က တင်ထားတဲ့ http://www.google.com/Top/Science/Biology/Biomechanics/ မှာ သွားရောက်လေ့လာနိုင်ကြပါတယ်ဗျာ။

[+/-] အပြည့်အစုံသို့...

Wednesday, October 31, 2007

Engineering Forum ကြေငြာ ခြင်း

အားလုံး မင်္ဂလာပါ။

ဒီနေ့ကစပြီး စိတ်မီးအိမ် မှာ Engineering Forum ကို စတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်။

ရည်ရွယ်ချက်များ

၁။ မိမိကိုယ်တိုင်ရော တခြားသူပါ အင်ဂျင်နီယာ ဗဟုသုတ တိုးပွားရန်အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြရန်၊

၂။ လုပ်ငန်းပိုင်ဆိုင်ရာ နှင့် သင်ကြားရေး (သို့မဟုတ်) သုတေသန ဆိုင်ရာ ပြဿနာ များ နှီးနှောဆွေးနွေး အဖြေရှာရန်။

၃။ အဖွဲ့ ၀င်များ၏ Engineering English တိုးတက်လာစေရန်

၎။ အဖွဲ့ဝင်များအတွင်း သက်ဆိုင်ရာ Specialization အလိုက် နည်းပညာ ကွာဟမှု နည်းပါးစေရန်။

၅။ သိသင့်သိထိုက်သည့်နည်းပညာများ လေ့လာသိရှိနိုင်ရန် နည်းလမ်းညွှန်ပြဆွေးနွေးနိုင်စေရန်

၅။ အဖွဲ့ဝင်များအတွင်း နှီးနှောဖလှယ်မှု၊ မေတ္တာတရားတို့ကို ရှေ့တန်းတင်ပြီး အကောင်းမြင်သောနည်းဖြင့်အင်ဂျင်နီယာ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်နိုင်ရန်

 

စည်းကမ်းများ

 

၁။ Engineering Education and Practice၊ မိမိကြုံတွေ့နေရသော အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်သော မေးခွန်းများ ကို လုပ်ငန်းပိုင်းဆိုင်ရာ သို့ သုတေသန ပိုင်းဆိုင်ရာ နှင့် ဆက်စပ် မေးမြန်းရမည်။

၂။ မေးခွန်းများကို အကိုးအကား၊ အထောက်အထားများနှင့်တကွ ဖြေဆို အကြံပြုရမည်။

၃။ ဤဖိုရမ် နှင့် ပတ်သက်သော  Post များကို "Engineering Forum" ဟု Label တပ်၍ တင်ရမည်။

၎။ အင်္ဂလိပ်စာတိုးတက်မှုကိုရည်ရွယ်ထားသောကြောင့် ပထမဦးစားပေး အင်္ဂလိပ်လိုရေးသားကြရမည်။ (Engineering Forum အတွက်သာ)

၅။ ဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေး ဦးတည်ချက်မထားဘဲ အကြောင်းအရာပေါ်တွင်သာ ဦးတည်ဆွေးနွေးရမည်။

၆။ Specialization အလိုက် ဆွေးနွေးမှုများ ပိုမိုတွင်ကျယ်လာပါက ဖိုရမ်ခွဲများ subforum ကို ဖွဲ့စည်း ဆွေးနွေးစေမည်။

၇။ အများသိရန်မလိုအပ်သည့် အမှားအယွင်းအသေးအဖွဲများကို gtalk မှတဆင့် ကူညီအသိပေးရမည်။

 

မှတ်ချက်။      ။ ဤဖိုရမ်သည် စိတ်မီးအိမ် ၏ တက်ကြွသော အစိတ်အပိုင်း တစ်ခုဖြစ်သောကြောင့် အားလုံး အသေးအဖွဲမှအစ တက်ကြွစွာ အသုံးချ ဆွေးနွေးစေလိုပါသည်။

လက်ရှိ အနေအထားတွင် ဖိုရမ်ကို ယေဘုယျသဘောအနေဖြင့် Specialization များအားလုံးကို Engineering Forum အောက်တွင်သာ ပေါင်းစုထားပါမည်။ နောင်တွင်ကျယ်လာလျှင် subforum များ ခွဲခြားစေပါမည်။

စိတ်မီးအိမ် ဥယျာဉ်မှူးများ

[+/-] အပြည့်အစုံသို့...