စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label အားလပ်ချိန်. Show all posts
Showing posts with label အားလပ်ချိန်. Show all posts

Wednesday, July 9, 2008

တနင်္ဂနွေနံနက်ခင်းများ (၁)

ပြီးခဲ့တဲ့ တနင်္ဂနွေက စပြီး ကောင်းတမန် တို့ သူငယ်ချင်း တစ်ဖွဲ့ တနင်္ဂနွေ နံနက်ခင်းတွေ အကြောင်း စပြောတတ်ခဲ့တယ်။

အဲလို အကြံဥာဏ်ကို စပြောတာက ဟိုကောင် ဟော်ရင်ဇွန်။

သူက "အကို ကျွန်တော်တို့ တနင်္ဂနွေ မနက်တိုင်း ပြေးကြရင် ကောင်းမယ်" တဲ့။ ကျန်းမာရေးအတွက်လည်း ကိုယ်လက်လှုပ်ရှားလည်းဖြစ်၊ တပတ်အတွင်း အလုပ်က ရလာတဲ့ ဖိအားတွေ လည်း ဖြေချရအောင် လို့တဲ့။

အင်း ကောင်းပါတယ်။ ကောင်းတမန် လည်း ကိုယ်လက် ဖျတ်လတ်ပြီး စိတ်အမြဲ တက်ကြွနေအောင် ဘယ်လို ထိန်းထားရမလဲ စဉ်းစားနေတုန်း ဒီကောင် လာ စပေးတာ အကိုက်ဖြစ်သွားတယ်။ တကယ်ဆို အားကစား လုပ်မှ တက်တဲ့ ဖျတ်လတ် တဲ့ ၀ိညာဉ်က ကောင်းတမန် ကိုယ်ထဲမှာ သေနေတာ ကြာပြီ။ ဘာလုပ်လုပ် မထိ တထိ ဖြစ်ဖြစ် နေတတ်တယ်။ ခု ပြေးမယ်ဆို အားကစား ၀ိညာဉ် လေး ပြန်တက်လာရင် အလုပ်လုပ်ချိန် မှာ ပိုပြီး ထိရောက်လာနိုင်မယ်လေ။

ဒီလို နဲ့ ပြေးဖို့ နေရာ ရွေးကြတော့ သဘာဝ ပတ်ဝင်းကျင် လှပပြီး လေကောင်းလေသန့်တွေ တ၀ ကြီး ရှုရှိုက်နိုင်တဲ့ နေရာတွေကို စဉ်းစားတော့တာပဲဗျို့။ Landscaping ကောင်းကောင်း၊လှလှ နေရာလေးလည်း ဖြစ်ချင်သေးတယ်။ ခက်တာက စင်္ကာပူက ကျင်းကျင်းလေး လေ။ တောတောင် ရေမြေလှပ တဲ့ နေရာက ရှားသားကလား။ သူတို့တွေက နည်းပညာ အလှ နဲ့ လုပ်စားတဲ့ နိုင်ငံလေ။

ဒါပေမယ့် စင်္ကာပူမှာ အနေကြာပြီဖြစ်တဲ့ ကိုရင် ဟော်ရင်ဇွန်က ဒါမျိုးဆို လာခဲ့ပဲ ဗျို့။ ကိုရင်က မပိုင်ရင် တခု မှ မလုပ်ဖူးလေ။ ခုလဲ သူက ကြိတ်ပြီး အကြံရှိနေပြီသားဗျ။ တောင်တွေ၊တောတွေ နဲ့လှပ၊ မြို့ပြ နဲ့ ကင်းဝေး၊ လေညှင်းလေး တမြမြနဲ့ ပင်လယ် အလှကို လည်း တ၀ ရှု နိုင်တဲ့ ဖေဘာ တောင်တန်း လေးကို ပတ်ပြေးမယ် ဆိုပဲ။  ဖေဘာ တောင် အလှကို အောက်က ပုံမှ ကြည့်ကြဦးဗျာ။ အဲဒါ တောင်အလည် ပတ်လမ်းကနေ ဟိုဘက်က ဆန်တိုစာ ကျွန်း ကို ဆွဲရိုက်ထားတာ။

06072008(001)

ဒါနဲ့ ကျွန်တော်တို့ အပြေးအလွှား အဖော်ရှာကြတယ်။  ခိုင်မြဲ ကို ပြောတော့ သူလည်း ပါမှာဆိုတော့ တော်တော် ပျော်သွားတယ်။ အိပ်မက်စိမ်းလည်း လိုက်မယ် တဲ့။ ခိုင်မြဲ နဲ့ သိတဲ့ တခြား အသိ တယောက် လည်း ထပ်တိုးတယ်။

ဒီလို နဲ့ ငါးယောက်ပေါင်း လောင်းကျော် အောင် ပြီးခဲ့ တဲ့ တနင်္ဂနွေ နံနက် က စပြီး တောင်ပတ် ပြေးတဲ့ လုပ်ငန်း စခဲ့တယ် ဗျို့။ တော်တော်တော့ ကျိုင်းသွားတယ်။ သင်ခန်းစာ တွေလည်း ရလိုက်တယ်။ အဲဒါတွေ နောက်မှ ဖောက်သည်ချတာပေါ့။ ရတယ် မဟုတ်လား။ စောင့်ဖတ်ဦးဗျာ...........။

လမ်းကြောင်းမှာ မင်းကွတ်ပင်တွေ၊ ဒူးရင်းပင်တွေ တွေ့လို့  အပင်က လတ်လတ်ဆတ်ဆတ် ကြွေကျတဲ့ ပင်မှည့် စစ်စစ်လည်း စားခဲ့ရသေးတယ်။ နောက်မှ အသေးစိတ် ပြောပြဦးမယ်ဗျာ.....။

ညဉ့်တော်တော် စောင်းနေပြီ။

အိပ်လိုက်ဦးမယ်။

တနင်္ဂနွေ နံနက်ခင်းတွေ အကြောင်း နောက်မှ ဆက်ဦးမယ်။

အစစ အဆင်ပြေကြပါစေ။

[+/-] အပြည့်အစုံသို့...