ဘ၀ မျှခြေ (သို့) ဘ၀ကို ဆန်းစစ်ခြင်း
ဘ၀မှာ...
ပျော်ရွှင်ခြင်းဆိုတာရှိသလို ၀မ်းနည်းခြင်းဆိုတာလည်း ရှိနေမှာပါ ။
ကြည်နူးမှုတွေရှိနေသ၍ ကြေကွဲခြင်း ဆိုတာလည်း ရှိနေမှာပါ ။
မွှေးဖွားခြင်းဆိုတာရှိနေသ၍ သေဆုံးခြင်းဆိုတာလည်းရှိနေမှာပါ ။
ကြုံဆုံမှုတွေရှိနေသ၍ ခွဲခွာခြင်းဆိုတာရှိနေမှာပါ ။
ဒီအခြေနေတွေကို ဘယ်လိုအင်အားတွေနဲ့ ကျော်ဖြတ်ရမလဲ ။ ငါ့ဘ၀အတွက် ဒီအခြေနေတွေကို ကျော်ဖြတ်ဖို့  တကယ့်တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်နိုင်ပါ.မလား ? အခုချိန်မှာ ခွဲခွာခြင်းကြောင့်ရခဲ့တဲ့
ဒဏ်ရာတွေတောင် မကျက်သေးဘူး ၊ နောက်ထပ် ငါဘာမှမခံစားနိင်တော.ဘူး.......တခါတလေ ငါလုပ်နိုင်ပါ့မလား ? ရင်ဆိုင်နိုင်ပါ့မလား ???? ဆိုတဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ရက်တွေတောင် တော်တော်ကြာနေပြီ ...........
ခက်ခဲမှုတွေပြည့်နေပါတယ်ဆိုတဲ. နေရာတစ်ခုကို ငါစိန်ခေါ်ပြီးဝင်ခဲ့တယ်...ကျော်ဖြတ်ခဲ့တဲ့ တောင်တွေကလည်း နိမ့်လိုက်မြင်.လိုက်နဲ့  .....ဟိုး......အမြင်တဆုံးထိလဲ ငါ့ရှေ့ မှာ တောင်ကြီးတောင်ငယ်တွေ ပိတ်နေတုန်းပဲ.....တခါတလေ လဲကျတဲ့အခါ ငါ့ကိုငါ့ပြန်ထနိုင်အောင် ကြိုးစားရတာ အခါခါပဲ့ ....ဘယ်လိုအင်အားတွေနဲ ရှေ့ ဆက်ပြီး ကျော်ဖြတ်ရဦးမလဲ ငါမသိဘူး....................
သြော်..............ပန်းတိုင်တစ်ခုရောက်ဖို့  စိုက်ထုတ်ရတဲ့ အားတွေလဲ မနဲပါလားနော်.............
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...