စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label မွေးနေ့လက်ဆောင်. Show all posts
Showing posts with label မွေးနေ့လက်ဆောင်. Show all posts

Thursday, December 1, 2011

ကမ္ဘာ့ ခုခံအားကျဆင်းရောဂါတိုက်ဖျက်ရေးနေ့ အထိန်းအမှတ်

AIDS ဆက်နွယ်သူတိုင်း

တုနှိုင်းမဲ့အောင် ခံစားဝေဒနာ

ဆိုးရွာစွာဖြင့် ရင်မှာအမြဲ

တွယ်ကပ်ညှိလျက် အနေခက်ဘိ။

A1D5 ဆိုလိုက်ပြန်လည်း

ဝေါင်ဝေါင်ကရှေး ဝေးဝေးကရှောင်

ပေါင်းသူမဲ့ကွာ ထိုးနှက်စွာဖြင့်

ကြမ္မာအရိုင်း သူဖန်တိုင်းမြဲ

ကုရာနတ္ထိ ဆေးမရှိဘိ။

လေးလုံးရောဂါ ဆိုလာပြန်လည်း

နူရာဝဲစွဲ ဖုတ်သူရဲဟု

ဖယ်ကျဉ်ရှောင်ပြေး ဟိုအဝေးသို့

မတူမတန် ပြောဆိုပြန်ဘိ။

HIV ပိုး ပျိုးမိခန္တာ

ရှိလာပါက လူ့ဘ၀ဆုံး

လူညွန့်တုံးသို့ ဆုံးရှုံးအခါခါ

ဖြစ်မည်မှန်စွာ မလွဲပါဘိ။

ထိုထိုကြောင်းကြောင့် လူ့ပြည်လူ့ရွာ

လူ့ခန္တာမှာ AIDS လေးလုံးတွဲလျှက်

A1D5 ပိုးဆိုးမိုက်နှင့်

HIVပိုး ဝေးဝေးဂိုးအောင်

ရွက်ဆောင်ကြလော့ ဆောင်ကြလော

တိုက်ဖျက်ကြလော့ ဖျက်ကြလော။


မှတ်ချက်။ ။ ယနေ့တွင်ကျရောက်သော ဥယျာဉ်မှူး ခိုင်မြဲအတွက် မွေးနေ့လက်ဆောင်လည်း ဖြစ်ပါသည်။

[+/-] အပြည့်အစုံသို့...

Friday, December 12, 2008

မွေးနေ့လက်ဆောင်

မထင်မှတ်ပဲ သိကျွမ်း
ဝါသနာလဲ တူဆန်းတဲ့
ကျွဲတို့ရဲ့ခေါင်းဆောင် အကိုကြီးကျွဲရေ ...
ကဗျာမဆန် သချာင်္ဆန်တဲ့
လူ့ဘောင်လောက ထောင့်တနေရာမှာ
လောကဓံရဲ့ အလှည့်အပြောင်း
ကောက်ကြောင်းလေး တခုနဲ့
အတိတ်ရဲ့ အိပ်မက်ဆိုးတွေ
ဆိတ်သုန်းကွယ်ပျောက် အလင်းရောက်တဲ့
ဒီရက်ဒီခါ မွေးနေ့ချိန်မှ
နောက်များစွာသော မွေးနေ့များတိုင်
အကိုကြီးနားမှာ ပျော်ရွင်မှုတွေ
ဝပ်တွားခရ ရှိနေကြလို့
ရည်ရွယ်ပန်းတိုင် လျှောက်လှမ်းနိုင်ကာ
ဘ၀သရဖူ ခင်နဲ့အတူ ဆွတ်ခူးနိုင်ဖို့
ဒီကဗျာနဲ့ ဆုတောင်းလိုက်တယ် ကိုကျွဲရေ ...

ရော်ရွက်ရင့်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, August 5, 2008

"မေမေ"

သားချစ်တဲ့ မေမေ
အများနှစ်သက်တဲ့ မေမေ
ပညာမတတ်ပေမယ့်
ကျင်နာတတ်တဲ့ မေမေ
အဿပြာမချမ်းသာပေမယ့်
စေတနာချမ်းသာတဲ့ မေမေ
ဘေးဘယာမများပေမယ့်
ဆွေးခန္ဓာချသွားတဲ့ မေမေ
သြော်……….. မေမေရယ်

မေမေမရှိမှ တမ်းတတ တ
လွမ်းလှပြီး ငိုကြွေးနေတာ
မဟုတ်ရပါဘူး မေမေရယ်

ရင်မှာနွမ်းလှ ပန်းလှပါသောကြောင့်
မှန်းဆခါ တမ်းတတာလဲ
မဟုတ်ရပါဘူး မေမေရယ်

ဖဝါးလက်နှစ်လုံး ပုခုန်းလက်နှစ်သစ်
လူဖြစ်လာအောင် နို့ချိုတိုက်ကျွေး
မွေးမြူးပေးတဲ့ မေမေ့ကျေးဇူး
သားမောင်အထူး ဆပ်ဖူးဆန္ဒ
ပြင်းပြပါသော်လည်း
သြော်…………. မေမေရယ်
တခဏတာ မဟုတ်ဘဲ
တစ်ဘဝစာ ခွဲခွာရတယ်နော်

သံဿရာ တစ်ကွေ့မှာ
တခဏတာ တွေ့ရတွေ့ရ
ဘုံဘဝ လောကဇာတ်ခုံမှာ
ကြုံဆုံကြ လောကဓမ္မတာ
ဘယ်လိုပင် ဖြောင်းဖျဖြောင်းဖျ
ဖြေသိပ်မရတဲ့ မေမေ့သားကို
အဝေးမှာပဲ ပစ်ထားတော့မှာလား
မေမေရယ်………………….

ကောင်းမှုကုသိုလ် ပြုလုပ်လိုတိုင်း
ဖေဖေနဲ့အတူ ဖေးကူမေမေ
ရှိလေသယောင် စိတ်မှာဆောင်လျှက်
မြင်ယောင်နေမိတယ် မေမေရယ်

မျက်ရည်မဆဲ ဝေလျှက်အမျှ
အကြိမ်ကြိမ် အခါခါ
ရှိနေပါလည်း သားရင်ထဲမှာ
မေမေဟာ ထာဝရအမြဲ
ရှင်သန်လျှက်ပါပဲ မေမေရယ်။ ။

သားသိပ်ချစ်ရတဲ့ မေမေရေ............

ဒီကဗျာလေးနဲ့အတူ သားကိုမွေးမြူပေးခဲ့တဲ့နေ့လေးမှာ

မေမေ့ကို လက်ဆယ်ဖြာမိုးပြီး ရှစ်ခိုးပူဇော် ကန်တော့လိုက်ပါတယ်

မေမေရယ်...........

ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း အမျှဝေတဲ့အခါ

ရောက်ရာဘုံဘဝကနေ မေမေ သာဓုခေါ်ဆိုနိုင်ပါစေလို့

သားဆုတောင်းလိုက်ပါတယ်နော်.............


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, June 30, 2008

မွေးနေ့ပိတ်ပွဲ.....

အားလုံး မင်္ဂလာပါခင်ဗျာ

(အသံက နာနေသေးတယ်။ မွေးနေ့တုန်းက မကြီးပါချူး ဘလော့ဂ်မှာ ကိုကြီးကျော်တို့၊ အနတ္တ တို့၊ ခမ တို့ နဲ့ ၀ိုင်းကောင်းလို့ ရေခဲစိမ်တာများသွားလို့ဗျာ..။)

မဟုတ်ပါဘူးဗျာ........။ မွေးနေ့ပွဲမှာ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ အရိပ်မ ကို လိုက်အော်နေရတာနဲ့ အသံနာနေတာပါခင်ဗျာ....။ဒါတောင် မကြီးရှိနေလို့။ နို့မဟုတ်ရင် မလွယ်ဘူးဗျ....။ သူ့ချည်း ဓါတ်ပုံဝိုင်းရိုက်ရအောင် ရုပ်ရှင်မင်းသမီး မဟုတ်ဘူးဆိုလို့ မကြီး နဲ့ ကျွန်တော် ချော့လိုက်ရတာဗျာ.........။

ဒီလို နဲ့ လိုရင်းကို မရောက်တော့ဘူး။ ကောင်းတမန် တို့က စကားပြောရင် အဲလိုချည်းပဲ ဗျို့.......။ သည်းခံကြပါရှင်........။ အဲယောင်လို့ပါဗျာ......။ သည်းခံကြပါခင်ဗျာ....။

ပထမ ဦးစွာ မွေးနေ့မှာ သူငယ်ချင်းတွေ ဂုဏ်ပြုတာကို ကျေနပ်ပျော်ရွှင်စွာ လက်ခံပေးတဲ့ မလေးအရိပ် (သူများတွေခေါ်တာ အရိပ်လေးဆိုလား..ဘာလား ..ဟိုနေ့က ကြားလိုက်မိသလိုပဲ...ခင်ဗျားတို့ရော ကြားမိသေးလား) ကို အများကြီး ကျေးဇူးတင်ပါတယ်။

ဒုတိယက တော့ အလုပ်တွေ မအားမလပ်ကြတဲ့ ကြားထဲက မွေးနေ့ပွဲကို ကမကထ ပြု လုပ်ပေးသွားတဲ့ မကြီးပါချူး၊ ကဗျာတွေ ရွတ်ဆို လက်ဆောင်ပေးခဲ့ကြတယ့် စံပယ်၊peace၊ကိုကြီးအနတ္တ၊ကိုကြီးကျော် (လာရင်ကွယ် အရက်ပုလင်းကိုသာ ဆက်ကြပါ....ဟား.....ဟား စတာပါဗျာ.)၊ ရွှေအိမ်စည်၊ ကိုကောင်းတမန် (ဟာ..ကောင်းတမန် ဆိုတာ ငါပါလား.....ဟား......ဟား ..မေ့သွားလို့ပါဗျာ)၊ ဒေါက်တာဘေဘီ၊ ကိုခိုင်မြဲ (ခွက်ပုံးအမြဲ ခုတ်တတ်သူ.........မနေ့က တွေ့ခဲ့လို့.....ဟဲ....ဟဲ...) နဲ့ အခြား လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူးအထူးတကယ် တင်ရှိပါတယ်ဗျာ......။

တတိယ အနေနဲ့ကတော့ မလေးအရိပ်အတွက် အစစ အရာရာ မမောပန်းစွာ တက်ရောက်အားပေးသူတွေ နဲ့ မွေးနေ့ရှင် မလေး အရိပ်ဟာ ရှေးရေစက်ရှိသည်နှင့် အညီ စိတ်မီးအိမ်မှာ အဖွဲ့သားတွေအနေနဲ့ ဒီဘ၀မှာ တွေ့ဆုံခွင့်ရကြသလို၊ နောက်နောင်ဘ၀တွေမှာလည်း သံသရာဝဲထဲက မထွက်နိုင်ခင် (ဆရာကြီးလိုလို နဲ့ တရားစကားတွေ ပြောနေပြီ.....ကြည့်နေ....ကြည့်နေ...) ဘ၀ အားလုံးမှာ ပြန်လည် ဆုံဆည်းနိုင်ကြစေပြီး ဘ၀ခရီးလမ်းကို မိဘ၊မိတ်ဆွေသင်္ဂဟ တို့နှင့် သဟဇာတ ပြည့်စွာ ဖြတ်ကျော်နိုင်စေ၍ လောကီ၊လောကုတ် နှစ်ထုတ် သေချာအောင် တယောက်နဲ့ တယောက် ကူညီဖေးမ ရင်း မောင်နှမ မေတ္တာ တိုးပွားကာ အေးချမ်းပီတီ ဖြာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စတုတ္ထ အနေဖြင့် အခမ်းအနား အစီအစဉ် (၇) အရ မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, June 29, 2008

အခမ်းအနား အစီအစဉ် (၆) အရ

မကြီး နှင့် သူငယ်ချင်းတို့ရေ..

အခမ်းအနားမှူးကတော့ ကိုကြီးကျော်၊ ခိုင်မြဲ တို့နဲ့ ၀ိုင်းကောင်းပြီး ဘယ်နားမှာ မူးလို့အမှီးခွေပြီး အိပ်နေလဲမသိတော့ဘူး ..ဧည့်ပရိတ် သတ်များလည်း မကြီးပါချူး ဧည့်ခံကျွေးမွေးတဲ့ မုန့်နဲ့ မွေးနေ့ကိတ်ကို စားသောက်လို့ ပြီးစီးလောက်ပြီလို့ထင်ပါတယ်... တော်သင့် ပြီပေါ့နော် ... (ကုန်မှာဆိုးလို့ပါ..) အဲ့ဒါကြောင့် ရက်တွေလည်းလွန်နေပြီဖြစ်၍ မွေးနေ့ရှင်က အလိုက်တသိနဲ့ပဲ ကျေးဇူးတင် စကား လက်ဆောင်ပြန်လည်ပြောကြားလိုက်ပါတယ်နော်....

ဇွန်လ (28) ရက်နေ့မှာ ကျရောက်သော အရိပ်ရဲ့ …… နှစ်မြောက် (အသက်ကိုပြောရင် ရုပ်ကနုနေတော့ မယုံကြမှာဆိုးလို့ပါ ဟားဟား….) မွေးနေ့မှာ မမေ့နိုင်စရာ အမှတ်တရလေးတွေ ရင်ထဲကို ထည့်ပေးခဲ့တဲ့အတွက် မကြီးနဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်…အခုလိုမျိုး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရခဲ့တဲ့အတွက်လည်း ကံကြမ္မာကို အရမ်း ကျေနပ်မိ တယ်…. ဘာပဲဖြစ်ဖြစ် အသက်တစ်နှစ်ပိုကြီးလာတာနဲ့အမျှ ကိုယ့်ဘ၀ကိုသုံးသပ်ရင်း လိုအပ်ခြင်းတွေအတွက် ပြင်ဆင်ရဦး မယ် ဆိုတာကိုလည်း သတိထားမိပါတယ်…သေချာတာတခုကတော့ အသက်တစ်နှစ်ပိုကြီးလာတာပေါ့… ဟုတ်တယ်မို့လား…. ပြောတဲ့ထဲမှာ အဲ့ဒါတော့မမှားလောက်ပါဘူးနော် ဟီဟီ….တခုတော့ ရှိတယ် တ၀က်စီစားကြတာပေါ့နော့်…. အင်း………အရေးကြီးတာက Important လေ… အဓိက က Main ပေါ့နော့်….အဲ အပျော်တွေလွန်ပြီး ပြောနေရင်းနဲ့ ဘယ်တွေရောက်ကုန်ပြီလဲမသိဘူး… ဧည့်သည်တော်များ သီးခံကြပါနော်….အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါ….အမှန်တကယ်ကတော့ အကြံအဖန်တခုမှမပါပါဘူးလို့ …ဟဲဟဲ..
ကြွရောက်လာကြတဲ့ ဧည်သည်တော်များ ကောင်းတမန်၊အနတ္တ ၊ခိုင်မြဲ၊ ကိုကြီးကျော် တို့ကဲ့သို့ ဧည့်ခံကျွေးမွေးတဲ့ အစားအစာများကို အိတ်ဖြင့်ခိုးယူမသွားသောကြောင့်လည်း နိုင်ငံကြီးသားပီသမှုကြောင့် ကျေးဇူးအထူးတင်ရှိပါတယ်…သူတို့အကြောင်းကိုတော့ မွေးနေ့အမှတ်တရအနေနဲ့ လူစုံမှ ရှင်းပြရခြင်းဖြစ်ပါတယ်…ဒါပေမဲ့ အရိပ်သူငယ်ချင်းလေးတွေက မလစ်ရင်ဘာမှမလုပ်တာတော့ သေချာပါတယ်. …အဲ့ဒါကြောင့်လည်း သူတို့ကိုစောင့်ကြည့်ဖို့ ဂျိမ်းစဘွန်းကို စောင့်ခိုင်းထားရတယ်…. ဒါဆိုရင်တော့ မလစ်လောက်တော့ပါဘူးနော်… သူငယ်ချင်းတို့နော်……..သနားညှာတာသောအားဖြင့် သတင်းမဖွပါနဲ့နော်…..အော် ဒါနဲ့ နောက်ဆုံးသတင်တခုပြောရဦးမယ်….တချို့တွေကလည်း အရိပ်မွေးနေ့ကို အကြောင်းပြုပြီးတော့ အွန်လိုင်းမှာ တွေ့ဖို့ ချိန်းထားတယ်ဆိုပဲ… ဟားဟား… ၀ါသနာပါတဲ့သူတွေ လိုက်ချောင်းကြနော်….စိတ်မီးအိမ်က ဘယ်သစ်ပင်အောက်မှာ ထိုင်စကားပြောနေကြမလဲမသိဘူး … အရိပ် ထင်တာတော့ ဘ၀ခရီးသွားခြင်းဆိုတဲ့ သစ်ပင်အောက်မှာ စကားပြောနေကြမလားပဲ… စတာပါ ဒယ်ဒီနဲ့မာမီရေ…စိတ်မဆိုးကြနဲ့နော်…အားလုံးလည်း မွေးနေ့ပွဲအတွက် ပြင်ရဆင်ရ စားရသောက်ရတာ(အင်း သောက်တာက များမှာပါ… မကြီးဘလော့မှာ ဘီယာတွေ ဖြည့်မလောက်ဖြစ်နေတာတွေ့တယ်လေ.. ကိုကြီးကျော် ဦးဆောင်ပြီး ခိုင်မြဲက ထိပ်ဆုံးကပေါ့နော်) နဲ့ ပင်ပန်းနေကြပြီဆိုတော့ အားလုံးကို ပြန်လည်ဆုံတွေ့ကြဖို့ဆုတောင်းရင်းနဲ့ နှုတ်ဆက်ပါတယ်……။
အမှားအယွင်းလေးများပါသွားခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်....

အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, June 28, 2008

အရိပ်မွေးနေ့အတွက်.....

Happy Birthday

[+/-] အပြည့်အစုံသို့...

"နှစ်တစ်ရာတိုင်ပျော်ရွှင်ပါစေ"

နွေနှောင်းကုန်စ

ချိန်ခါပြောင်းစ

ခါဝသန်မိုး၊ ရွာသွန်းဖြိုး

ကာလချိန်ခါ၊ နယုန်လမှာ

မြင်မြင်သမျှ၊ အရာရာလှပ

ဖွဖွကြိုဆို၊ ပိုမိုချိုမြ

ထိုမှတစ်ဖန်၊ လူသူကြားက

မွေးဖွားသန့်စင်၊ သင့်လိုအင်သည်

ကြည်လင်အေးချမ်း ပန်းနှယ်လန်းလို့

စမ်းရေအေးအေး၊ ပန်းနှယ်မွှေးလို့

ရောက်ခဲ့ပြန်ပြီ၊ မွေးနေ့ချိန်မှာ

နွေးထွေးတက်လမ်း၊ တစ်သက်မှန်းဖို့

ဆက်လှမ်းကာချီ နှစ်တစ်ရာဆီ.....

ktmgkalay


မာမီရေ........မွေးနေ့အမှတ်တရကို ရောက်အောင်ပို့ပေးတဲ့အတွက် နောက်မှ ကျေးဇူးဆပ်တော့မယ်နော်.....ဘယ်လိုဆပ်မယ်ဆိုတာတော့ သိတယ်မို့လား.... ဟားဟား...
ကျန်းမာပျော်ရွှင်ပါစေနော်...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

အရိပ်အတွက်

Happy Birthday

[+/-] အပြည့်အစုံသို့...