စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Tuesday, November 29, 2011

လျှောက်လည်ခြင်း

သူငယ်ချင်းတို့ရေ... မင်္ဂလာပါ..

ဥယျာဉ်ထဲကို ၀င်လို့မရတာကြာသွားပြီး အခုမှ ပြန်ဝင်လို့ရလို့ ဒီဥယျာဉ်လေးထဲမှာရေ... တခြားဥယျာဉ်တွေထဲမှာရော လျှောက်လည်ပစ်လိုက်တယ်။

အခု ဥယျာဉ်လေးထဲကို ၀င်ထွက်ခွင့်၊ စိုက်ပျိုးခွင့်၊ ခြေရာချခွင့် လေးတွေရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သူငယ်ချင်းအားလုံးကိုလည်း အရင်ကလို ပျော်ပျော်ပါးပါးကြီး သစ်ပင်တွေစိုက်ကြရအောင်လေ...

အားလုံးပျော်ရွှင်ချမ်းမြေ့ကျပါစေ......

[+/-] အပြည့်အစုံသို့...

Monday, November 28, 2011

မင်္ဂလာပါ

မင်္ဂလာပါ

သူငယ်ချင်းအားလုံး မင်္ဂလာပါ

ဟိုတလောလေးက စိတ်မီးအိမ်ဥယျာဉ်ထဲကို လျှောက်လည်းလို့ ရတုန်းကလည်း အနတ္တ တကယ်ဝမ်းသာမိတယ်။ အဲဒီအချိန်တုန်းကလည်း တကယ်မင်္ဂလာ ရှိတဲ့ အချိန်လေးပါပဲ။ ခုဏကလေးတင်ပဲ အနတ္တ ကောင်းတမာန် ဆီကို မေးလ်ပို့လိုက်သေးတယ်။ Seitmeeain Engineering Forum မှာ ပို့စ်လေးတင်ရအောင်လို့လေ... အထူးသဖြင့် SSP M Engineer တွေအတွက်ပေါ့... အဲဒီထဲမှာတောင် အနတ္တ ပြောဖြစ်သေးတယ် ကိုယ်ကိုတိုင် ပို့စ်တင်ခြင်တဲ့ အနတ္တရဲ့ အိမ်မက်ကိုလေ... ဒါပေမယ့် အဲဒီထဲမှာ လေးထဲမှာ အရုပ်ရေး သလိုပဲဆိုပြီးတော့လေ... အခုတော့ တကယ် လေထဲမှာ အရုပ်ရေးလို့ရပြီးပေါ့လေ... ၀မ်းလဲသာတယ် ... သူငယ်ချင်းတွေအားလုံး ဥယျာဉ်လေးထဲမှာ အပင်လေးတွေ ပြန်စိုက်ရင်းနဲ့ အပန်းဖြေကြရအောင်လေ....

[+/-] အပြည့်အစုံသို့...