စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label New Features. Show all posts
Showing posts with label New Features. Show all posts

Thursday, November 8, 2007

New Features in စိတ်မီးအိမ်

အားလုံး
စိတ်မီးအိမ်ကို ဟိုနေ့က ၀င်မွှေရင်း update လုပ်ဖို့ ကြိုးစားကြည့်တယ်ဗျာ။
လိုင်းဆွဲတာ ကို ကြာစေတဲ့ Features ခေါ် Widget တွေကို တော့ ရှင်းပစ်လိုက်ပြီ။
ခုနောက်ထပ် စိတ်ဝင်စားစရာ Features လေးနှစ်ခု ထပ် ဖြည့်ထားတယ်။

(၁) Expandable Post
Expandable Post မြန်မာလို ပြောရရင် ဆန့်လို့ ချုံ့လို့ ရတဲ့ ပို့စ်ပေါ့။ ခု နောက်တင်မယ့် ပို့စ်တွေကို အဲဒီ Feature သုံးပြီး တင်ကြဖို့ တောင်းဆိုပါတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပါ။ ကိုယ်တင်တဲ့ ပို့စ် က အရမ်း ရှည်နေရင် တစ်ခုတည်း နဲ့ စိတ်မီးအိမ် စာမျက်နှာကို ပြည့်သွားစေတာပေါ့။ ဒါဆို လာလည်သူတွေကို ပို့စ်တွေ လတ်တလောတင်ထားတဲ့ ပို့တွေ ကို ပြလို့ မရတော့ဘူးလေ။
ဒီတော့ ရှင်းရှင်းလေးပါ သူ့တို့ အထဲ က တပိုင်းတစ ကို ပြပြီး ကျန်တာကို သိမ်းထားလိုက်ယုံပေါ့။ အပြည့်အစုံဖတ်ချင်သူက ပို့စ်တွေရဲ့ အောက်မှာရှိတဲ့ "အပြည့်အစုံ" သို့ ဆို တာ နှိပ်ပြီး ဖတ်ပေါ့။ ဖတ်ပြီးတာနဲ့ ပြန်ခေါက်သိမ်းလိုက်ရုံပဲ။
ဒီလို နည်းနဲ့ဆို တစ်မျက်နှာ တည်းမှာ ပို့စ်အများကြီး ပြထားနိုင်တာပေါ့။
ပို့စ် အသစ် တင်နည်းကတော့
(က) ပထမပိုင်း စာမြည်းလေးကို "ဒီစာကို Select ပေးပြီး အနှစ်ချူပ် ကို ရေးပါ ... " ဆိုတဲ့ နေရာမှာ ထည့်ရေးပါ။
(ခ) ကျန်တဲ့ အကျယ်ပိုင်းကို "ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ... " ဆိုတဲ့ နေရာမှာ ထည့်ရေးပါ။
(၂) Rating Widget (ပို့စ်တွေကို အမှတ်ပေးဖို့)
ပို့စ်တိုင်း ရဲ့ အောက်ခြေမှာ Comment ရဲ့ အောက် ကပ်ရက်မှာ ကြယ်ပုံတွေကို နှိပ်ပြီး မိမိနှစ်သက်ရာ ပို့စ် ကို အမှတ်ပေးကြပါ။
ခုလို အမှတ်ပေးချင်းအားဖြင့် ရေးသူတွေ ပို့စ်ကောင်းကောင်းတွေ တင်စေတာပေါ့။
ဒီ နှစ်ခု ကို သေချာ သုံးဖို့ တောင်းဆိုပါတယ်။

ပြီးတော့ အင်ဂျင်နီယာ ဖိုရမ်မှာလည်း အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ အားလုံး လာရောက်ဆွေးနွေးပေးပါ။ ခိုင်မြဲ စလိုက်တာ ကျေးဇူးပါ။
ဆွေးနွေးရင် အပေါ်ဆုံးက လင့်ခ်ကို နှိပ်ပြီး တိုက်ရိုက် ဖိုရမ် မှာ ၀င်ပြီးဆွေးနွေးစေလိုပါတယ်။ ဖိုရမ် ပို့စ်တွေကို ကျေးဇူးပြုပြီး ဖိုရမ်ဘက်မှာ တင်ပေးကြပါ။ သပ်သပ် ရပ်ရပ် ရှိသွားစေချင်လို့ပါ။

အစစ အရာအရာ အဆင်ပြေပါစေ။

[+/-] အပြည့်အစုံသို့...