စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label အတွေးများ. Show all posts
Showing posts with label အတွေးများ. Show all posts

Tuesday, January 27, 2009

ကိုးမား ... နဲ့ ယူသာနားဆီးယား ...

တစ်ခါက သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ ဖော်ဝဒ် မေးလ် ထဲမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ ပရိုဂရမ်မာ အမျိုးသမီး တစ်ဦး ကိုးမား ရောဂါရသွားတယ် လို့ဆိုတယ် ..။ ဆေးရုံးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အတူ သူ့အတွက်ကူညီလှူဒါန်းမှူတွေ ပါ ပြုလုပ်နိုင်အောင် ဖုန်းနံပတ်တွေ၊ ငွေလွှဲနိုင်အောင် ဘဏ်အကောင့်တွေပါ ထည့်ပေးထားတယ် ..။ ဝေဒနာရှင်ရဲ့ အမည်က ခိုင်ယဉ်ယဉ်ဌေး ..။ စင်္ကာပူမှာ အလုပ်လုပ်တာ ၁၀လလောက်ကြာပြီး တစ်နေ့မှာ အပြင်းဖျားတယ် ..။ နောက်မေ့မြောသွားတယ် ..။ ဆေးရုံတင်လိုက်ရတယ် .။ ဆေးရုံပေါ်ရောက်ပြီး ၃လ ကျော်တဲ့ အထိ သတိပြန်လည် မလာသေးဘူး ..။ နောက်တော့ သူလုပ်တဲ့ ကုပ္မဏီက စိုက်ထုတ်နိုင်တဲ့ ငွေပမာဏ ကျော်သွားတဲ့ အတွက်သူ့မိဘ တွေက ဆက်ပြီး တာဝန်ယူရတဲ့ အတွက် ဝိုင်းပြီး ကူညီကြပါဦးဆို ပြီး ဖော်ဝဒ်မေးတွေ ပို့ကြတယ် ..။

ဒီဖော်ဝဒ်မေးကို ဖတ်ပြီး လွန်ခဲတဲ့ ၃နှစ်လောက်က ဖတ်ဖူးတဲ့ ကာတွန်းစာအုပ်လေးကို သတိရမိတယ်..။ အဲဒါ လည်း ကိုးမား အကြောင်းပဲ ..။ ဆေးရုံတစ်ခု မှာ လာကုတဲ့ ဝေဒနာသည်တွေကို မေ့ဆေးပေးတဲ့ နေရာမှာ မှားယွင်းမှူ ဖြစ်ပြီး ကိုးမား ရောဂါရသွားတယ်။ ကိုးမား ဖြစ်ရတဲ့အကြောင်းတွေကတော့ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ မှာယွင်းလို့ပဲ ဖြစ်ဖြစ်၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဦးနောက်ကို ထိခိုင်ရင် ဖြစ်တတ်တယ်လို့ဆိုတယ်..။ ကိုးမား ရောဂါဆိုတာက ဦးနှောက်ကလွဲရင် တစ်ကိုယ်လုံးက အကောင်းပကတိလို့ဆိုတယ်..။ ဒီခန္ဒာကိုယ်ကို လိုအပ်တဲ့ အပုချိန်၊ အဟာရ၊ အောက်ဆီဂျင်သာ ပေးမယ်ဆိုရင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တယ် ..။ ဒါပေမယ့် သတိပြန်လည် လာနိုင်တဲ့ ရာခိုင်နှန်းက တော့ ၁၅ % ပဲ ရှိတယ်တဲ့ ..။ အဲဒီတော့ အဲဒီဆေးရုံက ကိုးမား ဝေဒနာ ရှင်တွေရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း နှလုံး၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ရောင်းစားတယ် လို့ တရားစွဲထားတဲ့ ကားတွန်းလေးပါ ..။ Illegal Transplantation ပေါ့ ..။

ကိုးမား (Coma) ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး Deep Sleep လို့ဆိုတယ်..။ ဒါပေမယ့် မြန်မာလိုတော့ မေ့မြောနေခြင်း လို့ ပြောရင် ပိုပြီး ရှင်းမယ် ထင်တယ် ..။ သာမန်လူတွေလို အိပ်မယ် ၊နိုးမယ် ဆိုတာ မရှိတော့ဘူး ..။ ဘာလို့လဲ ဆိုတော့ ကိုးမား ဝေဒနာ ရှင်ဟာ မေ့မျောပြီး အိပ်စက်ရာကနေ ဘယ်တော့မှ မနိုးတော့လို့ပါပဲ ..။ နာကျင်ထိတွေ့ ခံစားမှူလည်း မရှိတော့ဘူး ..။ တစ်ခါက နိုင်းနိုင်းစနေ ရေးတဲ့ ဝတ္တုတိုလေးထဲကလို လူက မေ့မြောနေပေမယ့် ဝိညာဉ်က အွန်လိုင်းကို လာပြီး ချက်နိုင်သေးရင် ကောင်းသား လို့တောင် တွေးမိသေးတယ်..။ မခိုင်ယဉ်ယဉ်ဌေးရဲ့ မိဘတွေကတော့ မျော်လင့်ချက်အပြည့်နဲ့ ဆက်ပြီး အာဟာရတွေ ဖြည့်ပေးနေဦးမယ်ထင်တယ် ..။ အခု နောက်ပိုင်းတော့ မခိုင်ယဉ်ယဉ်ဌေးရဲ့ သတင်း မကြားရတော့ဘူး..။ တခြား ပရိုဂရမ်မာတွေကို လည်း အကူအညီတောင်းချင်သေးတယ် ..။ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ အမြဲတမ်း မှန်နေအောင် ပရိုဂရမ်လေး ရေးပေးပါဦး .. လို့ ..။

တစ်ချို့အနောက်နိုင်ငံ ဇာတ်လမ်းတွေမှာတော့ အသုံးမဝင်တော့တဲ့ လူစင်မမှီတော့တဲ့ သူတွေဆိုရင် သတ်ပြစ်လိုက်ကြတာပဲ..။ တိုက်ပွဲမှာ မိုင်းမိလို့ ခြေလက်တွေ ပြတ်သွားရင် သတ်ပြစ်လိုက်တာပဲ..။ မသယ်နိုင်တော့ဘူးလေ .. ဒုက္ခိကကြီးကို ..။ ကိုယ့်လူကို ကိုယ် မသတ်ရင် ရန်သူက ရက်ရက်စက်စက် သတ်ဦးမှာ..။ အဲဒီတော့ သနားလို့ သတ်ပေးလိုက်တယ် ..။ မျက်စေ့မှိတ်ခိုင်းပြီးနားထင်ကို သနတ်နဲ့ ပြစ်လိုက်တယ် ..။ ဒါကိုပဲ Mercy Killing သနားလို့ သတ်တာဆို ပြီး နာမည်ပေးထားသေးတယ် ..။ Euthanasia (ညင်သာစွာသေဆုံးစေခြင်း) ဆိုပြီး တရားဝင် သတ်ခွင့်ရှိတဲ့ နိုင်ငံတွေလည်း အများအပျားပဲ ..။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင် သနားတတ်လို့ အဲဒီ ဥပဒေကို တရားဝင်သတ်မှတ်ထားတယ်တဲ့ ..။

ကိုးမား ဖြစ်တိုင်း သတိပြန်လည်မလာတာတော့ မဟုတ်ပါဘူး ..။ ၁၉၈၈ ခုနှစ်က ဥရောပ အလယ်ပိုင်း ပိုလန်နိုင်ငံက ရထားလမ်းလုပ်သားလေး ရထားနဲ့ ဦးခေါင်းထိခိုက်မိပြီး ကိုးမားဖြစ်သွားတယ်..။ ဦးနှောက်အတွင်းပိုင်း ရောင်လို့ဖြစ်သွားတာတဲ့ ..။ သူ့ဇနီးရဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မူကြောင့် ၁၉နှစ်ကြာပြီးနောက် ၂၀၀၆ ခုနစ်မှာ သတိပြန်လည် လာခဲ့တယ်..။ ဘာ့ကြောင့်လဲ ဆိုတော့ အသက်ကြီးလာပြီး ဦးနှောက်အတွင်းပိုင်းက ရှံ့လာပြီး အရောင်လျော့သွားလို့တဲ့ ..။ သူ ကိုးမား မဖြစ်ခင်က သားသမီး လေးယောက်ရှိခဲ့တာ အခုတော့ မြေး ၁၁ယောက်ချီနေရပြီ ..။ သူကပြောသေးတယ် .. ကျွန်တော် အနေနဲ့ကတော့ အဖြစ်အပျက်က မနေ့ကလိုပါပဲ.. အရင်က ကျွန်တော် ဈေးဆိုင်တစ်ဆိုင်ထဲဝင်လိုက်ရင် လဘက်ခြောက်၊ဗနီဂါ နဲ့ အသားခြောက်တွေပဲ တွေ့ရတယ် အခုတော့ ..ဈေးဆိုင်တွေမှာလည်းကုန်မျိုးစုံနဲ့ တွေ့သမျှလူအားလုံးက လမ်းပေါ်မှာ ဟန်းဖုန်းကို ကိုင်ပြီး လျှောက်နေကြပြီ ..။

ကျွန်တော်လည်း ကြားထဲကနေ မဆီမဆိုင် တွေးမိသေးတယ် ..။ ကျွန်တော်သာ ၁၉၈၈ ခုနှစ်က ကိုးမား ဖြစ်ပြီး (ဖွာ့ ဟဲ့. . လွဲပါစေ.. ဖယ်ပါစေ) ၂၀၀၆ ခုနှစ်မှာ သတိပြန်ရခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုလေး ပြန်မြင်ရမလဲလို့ ရင်ခုန်မိသေးတယ် ..။

[+/-] အပြည့်အစုံသို့...

Saturday, October 18, 2008

အတွေးများ

အချိန်တွေက ပြောင်းလဲ နေတယ် ဆိုတာ စဉ်းစားကြည့်မိတယ်။


တခါတလေမှာ စိတ်ထဲမှာ ဖြစ်နေတာတွေ အကုန် အန်ချချင်မိတယ်။

အဲလို အန်ချဖို့တောင် အချိန်မရှိခဲ့ရင်။ ဒါမှမဟုတ် အန်ချတာကို နားထောင်မယ့်သူများ မရှိခဲ့ရင်။ ဘ၀အတွက် ဖြေစရာ ထွက်ပေါက်လေးတောင် မရှိသလိုဖြစ်နေတတ်ပြန်တယ်။

ဒီလိုနဲ့ လူတိုင်းပြောပြောနေတတ်တဲ့ ဒီလိုပါပဲ ဆိုတဲ့ စကားစုလေး ပြောဖို့တောင် ဒီလိုပါပဲ ဖြစ်နေတတ်ပြီ။ ဒါဆို လူဆိုတာ သဘာဝလား။ သဘာဝ ထက် ဘာသာလဲ။ သဘာဝကို စဉ်းစားသင့်ပြန်ပြီ။

သဘာဝမှာ အရာရာဟာ သဘာဝပဲ။ ဥပမာ မြစ် ဆိုပါစို့။ ကောက်ကွေ့ တဲ့ မြစ်ပဲ ဖြစ်ဖြစ်၊ ရိုးစင်းတဲ့ မြစ်ပဲ ဖြစ်ဖြစ် ချောင်းလက်တက်တွေက စတင် တယ်တဲ့။ ပြီးတော့ ပင်လယ်၊သမုဒ္ဒရာ ရောက်သွားရင် အားလုံး အတူတူပဲ တဲ့။ ကျယ်ပြောတဲ့ သဘော၊တူညီတဲ့ သဘော နဲ့ လောက ကို အလှဆင်တယ်တဲ့။ တကယ်တော့ သဘာဝတခု ဖြစ်တဲ့ ပထ၀ီဝင် မြေကြီးက အလေးနက်ဆုံးဖြစ်မယ်ထင်တယ်။ တွေးကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ချောင်းတွေဆိုတာ မြေကြီးမရှိရင် မရှိနိုင်သလို၊ မြစ်တွေ လည်း ဒီသဘောပါပဲ။ လှပကျယ်ပြောတဲ့ မဟာ သမုဒ္ဒရာတွေ ကို ထမ်းပိုးထားတာလည်း ဒီမဟာပထ၀ီမြေကြီးပဲ ဖြစ်နေပြန်တယ်။ အဲဒါဆို မြေကြီးဟာ အရေးကြီးဆုံးလား။ ဒီလို လည်း မဟုတ်ပြန်ဘူးလေ။

မြေကြီးတာ ရှိပြီး နေမင်း ကြီး မရှိရင်လည်း ရာသီဥတု မရှိနိုင်သလို မြစ်တွေ၊ချောင်းတွေ လည်း မရှိပြန်ဘူး။ ဒါဆို နေမင်းကြီးက အားလုံးကို ဖန်တီးနေတာလား။


တကယ်တွေးရင်း မဟုတ်ပြန်ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ နေမင်းရှိပြီး လေထု မရှိရင် ပူချင်သလောက်ပူ၊လင်းချင်သလောက်လင်း ရာသီဥတုဆိုတာ ဖြစ်မလာနိုင်ဘူးလေ။

ဒါဆို ဘာက ဘာကို ထိန်းချူပ်တာလဲ။ သေချာ စဉ်းစားကြည့်ရင် ဘယ်တခုတည်းသော အရာကမှ ဤလောက ကို ဖြစ်ထွန်းပေးနိုင်စွမ်း မရှိပြန်ဘူး။ ဒါဆိုဘယ်လိုလဲ။


နောက်ဆုံးအဖြေက အပြန်အလှန်တည်ရှိနေမှု နဲ့ အပြန်အလှန် မှီခိုနေမှု လို့ ပြောရမယ် ထင်တယ်။ အဲဒီ ထဲက ဟန်ချက်တခုခု လွှဲသွားရင် ကမ္ဘာကြီးလည်း တခုခု ဖြစ်မယ်။ ဒါပေမယ့် အဲဒီ ဟန်ချက်ပျက်မှု က နေမင်းကြီးကိုတော့ သိပ်ပြီး ထိရောက်မှု မပြင်းနိုင်ဖူးလို့ ထင်ရပြန်တယ်။ ဒါဆို ကမ္ဘာကြီးလုံးလုံးပျက်သွားရင် နေမင်း ဘာဖြစ်မလဲ။ လေထု ရော ဘယ်လို နေမလဲ။ တခြား ဂြိုလ်တွေ နဲ့ စင်္ကြာဝဠာ တခုလုံး ရောဘယ်လို နေမလဲ။ အသေအချာ မပြောနိုင်ပေမယ့် ကမ္ဘာပျက်သလို၊ ဒီပြင် စင်္ကြာဝဠာထဲက အရာအားလုံး ပြိုင်တူပျက်ကြရင်တော့ ဒီစင်္ကြာဝဠ ကြီးရဲ့ ဟန်ချက်ပျက်နိုင်သလို၊ လုံးလုံးလဲ ပျက်သွားနိုင်ပြန်တယ်။ ဒါဆို အခြားစင်္ကြ၀ဠာတွေလည်း ခုလို ပြိုင်ပျက်ကြရင် ဘာဖြစ်မလဲ။

အဲဒါဟာ အားလုံးရဲ့ အဆုံးသတ်နေ့ဖြစ်မယ်ထင်တယ်။ တွေးနိုင်သလောက် ချဲ့တွေးကြည့်တာပါ။


ဒါဆို မြစ်တွေက ကောက်ကွေ့လည်း ဒီသဘော၊ ဖြောင့်လည်း ဒီသဘောပဲ။နေမင်းနဲ့ စင်္ကြ၀ဠာလည်း ဒီသဘောပဲ။ နောက်ဆုံး စဥ်းစားတော့ အားလုံးဟာ သင်္ခါရ ဖြစ်သလို နတ္ထိပဲ ဖြစ်နေပြန်တယ်။


ဒါဆို လူသားတွေရော ဘယ်လိုလဲ။ လူသားဟာ စိတ်ကလေး တစ်ခု ရှိနေတာပဲ ပိုပြန်တယ်။ ဒါဆို စိတ်က ရုပ်ပိုင်းဆိုင်ရာထက် ဘာတွေ ပိုစွမ်းသလဲ။ ရှင်းရှင်းလေးပါ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး၊ပျက်ချင်တိုင်း ပျက်နေတဲ့ ရုပ်ကို စိတ်က သာ နိုင်အောင် ထိန်းနေနိုင်ရင် ကိုယ့်တကိုယ်ရေ ကမ္ဘာလေးကတော့ အေးချမ်းနေမှာ အမှန်ပဲ။ ဒါဆို စင်္ကြာဝဠာတွေ တစ်ခုလုံး ဆုံးသွားတဲ့နေ့မှာ အဲဒီ စိတ်နဲ့ ကိုယ်ဟာ ဘယ်လို ပျက်စီးသွားမလဲ ဆိုတာ ဘယ်သူမှ မတွေးနိုင်၊ မသိနိုင်ပြန်ဘူး။


အကောင်းဆုံးက တော့ တကယ်ကို အနှစ်သာရ ရှိရှိ နဲ့ အတွင်းကျတဲ့ အေးချမ်းမှု အစစ် လူတိုင်းလူတိုင်းမှာ ရှိနေဖို့ပဲ ထင်တယ်။ခုအချိန်လေးမှာ အေးချမ်းနေဖို့ အရေးကြီးဆုံးပဲထင်တယ်။ ဒါပေမယ့် တဦးချင်တောင် ဖြစ်နိုင်၊ ရနိုင်ဖို့ ခဲယဉ်းရင် လူတိုင်းအတွက်ဆိုတာ ဘယ်လိုမှ မလွယ်ကူပြန်ဘူးလေ။ ဒါဆို အကောင်းဆုံးက ဘာလုပ်မလဲ။ တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာရမလား။ သေချာတာက တစ်ကိုယ်တည်း အေးချမ်းနေလို့ မဖြစ်ပြန်ဘူး။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်လေးပါ အေးချမ်းဖို့ လိုပြန်တယ်။


ဒါဆို အရင်ဆုံး တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာ။ မိမိကိုယ်တိုင်က အရင် လွှတ်မြောက်စေရမယ်။ ပြီးမှ အနီးကလူတွေ ကိုလည်း အေးချမ်းအောင် ကူညီနိုင်ရမယ်။ သူတို့ကို်လည်း သူတို့ ကိုယ်တိုင်က လွှတ်မြောက်ဖို့ ကူညီရမယ်။ ဒါဆို အဲလို ကနေ တဖြည်းဖြည်း ပြောင်းလဲယူလာရင် နောက်ဆုံးမှာ တကယ် တလောကလုံး အေးချမ်းမှု အတွက် ကိုယ်က အနည်းအပါးဖြစ်ဖြစ် ကိုယ့်တာဝန် ကို ထမ်းနေသလို ခံစားရမယ် ထင်တယ်။


ဒါ့အတွက် အရင်ဆုံးလုပ်သင့်တာတွေ တန်းစီ စဉ်းစာလိုက်တော့ အဖြေက ရှင်းရှင်းလေးပဲ။

၁။ လောကီကို မစွန့်နိုင်သေးသမျှ ကိုယ်ကျရာ နေရာမှာ ကျရာ အလုပ်ကို တာဝန် ကျေနေရမယ်။

၂။ မိမိပတ်ဝန်းကျင်မှာ တန်းဖိုးရှိတဲ့လူ၊ တကယ် ဦးကြိုချင်စရာ ကောင်းတဲ့လူဖြစ်အောင် လုပ်ရမယ်။

၃။ အပြန်အလှန်လေးစားပြီးကူညီရမယ်။

ဒီအခြေခံ အချက်သုံးခု သာ တကယ် ဖော်ဆောင်နိုင်ရင် အားလုံးဟာ ကိုယ့်အတွက် အေးချမ်းလာတော့မယ်။ တကယ်တမ်း ဖော်ဆောင်ဖို့ ဆိုရင် ပထမဆုံး ကိုယ်မကြိုက်တဲ့၊ ကိုယ့်စိတ် ထဲကဖြစ်ချင်တာနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ အလုပ်ကြိုးစားမှု ကနေ စရမယ်။ အချိန်ပြည့် ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ အဲဒီအထဲမှာစိတ်မြုပ်ပြီး လုပ်ရတော့မယ်။


ဒါဆို အန်ချစရာတွေဟာ ကိုယ့်အတွက် မဟုတ်ပဲ အများအတွက် ဖြစ်လာတော့မယ်။ ကိုယ်ရဲ့ ဖိစီးမှုများလို့ အန်ချလိုမှုဟာ ကိုယ်က အားလုံးကို နိုင်နေအောင် ကြိုးစားလို့ အောင်မြင်မှုအတွက်သူများတွေ အန်ချ ချီးမွမ်းရမယ့် အရာမျိုးဖြစ်လာတော့မယ်။


ဒါပေမယ့် အဲလို အချိန်သာ ရောက်နိုင်ခဲ့ရင် အဲဒီ ချီးမွမ်းမှုမျိုးနဲ့ သာတဲ့ တစ်ကိုယ်ရေ အတွင်းကျ အေးချမ်းမှု လေးနဲ့ ပဲ ကိုယ်ကပျော်မွေ့ နေတော့မယ် ထင်တယ်။


ပထမတော့ ကြိုးစားကြည့်ကြတာပေါ့ဗျာ။ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အချိန်ပြည့် ကြိုးစားကြတာပေါ့။


လောကသားတွေ အေးချမ်းပါစေ။ နှလုံးသား အနာ၊စိတ်အနာ ကင်းကြပါစေ။

[+/-] အပြည့်အစုံသို့...