ခရီး
လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယို လို့
ဆီနှင်းများစွာ ။
အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံးပေါ့- - - - - - - ။
မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရွှင်ရွှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများနောက် ။
စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း
နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။
ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။
1 comment:
ကိုကြီးကျော်
ကဗျာလေး က မိုက်တယ်ဗျာ..........။
ခံစားမှု ရသ မျိုးစုံပေးသလို ဘ၀အတွက် ဘာတွေ အရေးကြီးသလဲ၊ ဘာတွေ ကြိုတင် ပြင်ရမလဲ ဆိုတာ ကို တပ်လှန့်ထားပေးလို့ ကျေးဇူးဗျာ။
လိုရာ ပန်းတိုင် ကို အမြန် ရောက်ကြပါစေလို့ပဲ အကြိမ် ကြိမ် ဆုတောင်းနေမိတယ်ဗျာ။
Post a Comment