မ (သို့) .......
မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။
တောက ကိုရင်
2 comments:
တောက ကိုရင်
မကလည်း တောက ပဲလား............။
မိတ်ဆက် ပေးမလား မနဲ့။
ကဗျာလေး က ရသတော်တော်မြောက်တယ်။ မရဲ့ အလှကလေး က ကျက်သရေရှိပြီး မြန်မာ တော်တော် ဆန်တယ်ဗျ...............။
အဆုံးသတ် မှာ "ဘယ်ပန်းတွေ ဦးမော့ထားနိုင်မှာလဲ.....။" တဲ့ဗျာ........။ ပန်းတွေတောင် ဦးမမော့ရဲ အောင် လှ တဲ့ မကို တောက ကိုရင် တော်တော် စွဲလမ်းခဲ့ဖူးပုံပဲ........ဟဲ...........ဟဲ...........။
ခုထိ တောင် စွဲလမ်း နေတုန်းပဲလားဗျ................။
အပြင်မှာ တွေ့မှ တောက ကိုရင် ကို သေချာ မေးဦးမယ်။
တောက ကိုရင်ရေ တယ်ဆိုတဲ့ စာပါလား.....
Post a Comment