စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, October 19, 2011

Marina Bay area as seen from the bird's eye view

DSC_0525

Fig. 1  Marina Bay area as seen from the bird's eye viewDSC_0526

Fig. 2    Marina Bay area as seen from the bird's eye view

DSC_0527

Fig. 3 Marina Bay area + Raffles as seen from the bird's eye view

 

 

Copyright @ ktmgktmg@gmail.com

[+/-] အပြည့်အစုံသို့...

Tuesday, September 13, 2011

မငိုနဲ့ ဧရာဝတီ

ဧရာဝတီဟာ
ဘာပဲဖြစ်ဖြစ်
သူ့ရေတစက်
အရောင်းခံရတိုင်း
ငိုတယ် တဲ့ သားရ။


ဘယ်သူသိမှာလဲ .. ။
နောက်ဆို ...
ဧရာဝတီရဲ့ ရေတွေ
ငွေဖြစ်နေလောက်ပြီ။

 

အဲဒီအချိန်ကျ

ဧရာဝတီရယ်

ဧရာဝတီချစ်သူတွေရယ်

ရင်ကွဲပက်လက်

အရိုးချင်းဆက်

ငိုကြလိမ့်ဦးမယ်။

 

ခုတော့…

ဧရာဝတီ ဆက်စီးစေဖို့

ဧရာဝတီချစ်သူတွေလည်း

ဆက်စီးကြဦးစို့။

 

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Saturday, July 9, 2011

ဘ၀ သို့မဟုတ် ခံယူချက်

ပိုးကိုက်ခံဘ၀အဖြစ်

လုံးပါးပါးသွားမယ့် အစား
အမိမြေကြီးအတွက်
တခုခု ပေးဆပ်နိုင်မယ့်
ရော်ရွက်ဝါတရွက် ငါ... ဖြစ်ချင်။

တကယ်ဆို......
ကြွေလွင့်ခြင်းမှာလည်း
အဓိပ္ပါယ်များစွာ ဖြင့်။

[+/-] အပြည့်အစုံသို့...

Thursday, May 19, 2011

စင်္ကာပူမှ အလွှဲများ (၁)

စင်္ကာရောက် ဗမာများသည် ရေခြားမြေခြားတွင် ရောက်ရှိနေထိုင်နေကြရသော်လည်း ဗမာရိုးရာပွဲတော်များကို ရိုးရာမပျက် ကျင်းပလေ့ရှိကြသည်။ ထိုပွဲတော်များအနက်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျရောက်သော ညောင်ရေသွန်းပွဲတော်ကိုလည်း တိုးပါးယိုး ဗမာဘုန်းကြီးကျောင်းတွင် ၁၇-၀၅-၂၀၁၁ နေ့က စည်းကားစွာ ကျင်းပခဲ့လေသည်။ ထိုနေ့က ညောင်ရေသွန်းပွဲသို့ စင်္ကာပူနိုင်ငံမှ ဗုဒ္ဓဘာသာနွယ်ဝင် လူမျိုးခြားများလည်း လာရောက်ဆင်နွှဲကြသည်မှာ ကြည်နူးဖွယ်ပင်။ ဘာသာ၊သာသနာကို စောင့်ရှောက်ရုံတင်မကပဲ တိုးပွားစေရန် အားထုတ်နိုင်ကြသော ဗမာတို့၏ စိတ်ဓါတ်ကို လေးစားမိပေသည်။ သို့ရာတွင် ထိုနေ့က ဗမာ မိသားစု တစ်ခု နှင့် ဘုန်းကြီးတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ ဘာသာ၊သာသနာကို တိုးတက်စေရန် လုပ်ဆောင်နေကြသည်များကို သာဓုခေါ်မိသလိုပင်၊ ဘာသာစကားအလွှဲများကို ရဟန်းသံဃာ၊လူကြီးမိဘ၊ဆရာသမား နှင့် ဗမာများအားလုံး ၀ိုင်းဝန်းသတိထား ထိန်းသိမ်း ပြုပြင်ကြရန်လည်း လိုအပ်နေကြောင်း သတိပေးချင်စိတ်ဖြစ်လာမိပါသည်။ လိုအပ်သလို ၀ိုင်းဝန်း ထိန်းသိမ်းနိုင်ကြရန် ထိုနေ့က စကားဝိုင်းကို အောက်တွင် ဖော်ပြလိုက်ပါသည်။

"ဒကာတို့၊ ဒကာမတို့ ပြန်ကြတော့မလား။"

"တင်ပါ့ဘုရား။ တပည့်တော်မတို့ ပြန်လိုက်ပါဦးမယ် ဘုရား။ သမီး…မေမေတို့ ပြန်ရအောင်၊ ဘုန်းဘုန်းကို အာဘွား ပေးလိုက်ဦးလေ။"

"အာ………………….ဘွား။"

(၂-၃ နှစ်အရွယ် သမီးငယ်မှ တခြားဘက်သို့လှည်၍ ပါးစပ်ကို လက်ဖြင့် ပိတ်ကာ အာဘွားပေး၏။)

" သမီး..အားဘွားပေးရင် ဘုန်းဘုန်းဘက် လှည့်ပေးလေ သမီး။"

" အား……..ဘွား။"

(ဘုန်းကြီးရှိရာဘက်သို့ လှည့်၍ အားဘွားပေး၏။)

ဘုန်းကြီးလည်း ပြုံး၍သာ နားဆင်နေလေ၏။ ဘာမျှ မပြောတော့ပေ။

ဤအရွယ်တွင် ကလေးငယ် စကားပြောတတ်အောင်၊ လက်ခုပ်တီးတတ်အောင်၊ အာဘွားပေးတတ်အောင် မိဘတိုင်း သင်ပေးကြသည်။ ကလေးငယ် ဘာသာတရားကိုင်းရှိုင်းအောင်၊ လူကြီးမိဘ ရဟန်းသံဃာ ကို လေးစားအောင်လည်း ဤ အရွယ်မှပင် စ၍ သင်ကြားရပေမည်။ သို့ကြောင့် ကလေးငယ်ကို ဘုန်းကြီးအား အာဘွားပေးခိုင်းရန် မသင့်ဟု ထင်မြင်မိသည်။

ပြောင်းလဲလာသော ခေတ်နှင့် အညီ ဘာသာစကားပြောင်းလဲလာသည်မှ ကောင်းပါ၏။ သို့ရာတွင် ကလေးငယ်ပင် ဖြစ်လင့်ကစား ရဟန်း၊သံဃာကို အားဘွားပေးခိုင်းသည် အထိ ပြောင်းလဲ မလာသင့်ပေ။ ရဟန်း၊သက်ကြီးမိဘ စသည့် အလွှာအသီးသီး နှင့် ပြောဆိုရာတွင့် ခွဲခြားသုံးနှုန်းရန် စကားလုံး ဝေါဟာရများ ကြွယ်ဝသော၊ ဘာသာအဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ဗမာ့ဓလေ့ကို ဆက်လက် ထိန်းသိမ်းသင့်ကြပေသည်။ အကယ်၍ အသစ်အဆန်းထွင်ပြုပြင် ပြောင်းလဲ လိုစိတ်ရှိပါကလည်း ဘာသာ၊သာသနာ နှင့် ဆီလျော်သော၊ ယဉ်ကျေးမှု မပျက်စေသော ပြုပြင်ပြောင်းလဲမှုမျိုးသာ ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။ လူကြီးမိဘ၊ ရဟန်း၊သံဃာများမှလည်း အလိုက်သင့် စီးမျောမနေပဲ လိုအပ်သလို ပဲ့ကိုင်ထိန်းသိမ်းပေးစေလိုပါသည်။

[+/-] အပြည့်အစုံသို့...

Wednesday, May 11, 2011

စင်္ကာပူမှာ ဗမာတွေ ဘယ်လောက် ပေါများနေသလဲ (၂)

စင်္ကာပူနိုင်ငံ၊ မြန်မာများ ထူထပ်စွာနေထိုင်သော ကလမန်တီ မြို့နယ်တွင်ဖြစ်သည်။ ဘူတာအနီး ATM စင်တာ သို့ ငွေသားထုတ်ယူရန် ကျွန်ုပ်နှင့် သူငယ်ချင်းတစ်ဦး ဘူတာမှ လမ်းလျှောက်လာခဲ့၏။ ATM စင်တာတွင် စက်နှစ်လုံးရှိရာ တစ်လုံးတွင် အိန္ဒိယ နွယ်ဖွားဖြစ်ဟန်တူသော အဒေါ် တစ်ယောက် ငွေထုတ်နေ၏။ တခြားစက်တစ်လုံး၏ ရှေ့မကျ ဘေးမကျ တွင် အိန္ဒိယ နွယ်ဖွား ဦးလေး တစ်ယောက် ရပ်နေ၏။ ထိုဦးလေးမှာ စက်အားနေသော်လည်း ငွေမထုတ်ပဲ စက်ရှေ့ရပ်နေသောကြောင့် ကျွန်ုပ်နှင့် သူငယ်ချင်းမှာ အံအားသင့်နေ၏။

"ဟေ့ရောင်.. ဟိုဘက်က ကုလားကြီးက ဘာလဲကွ။ စက်အားနေလျက်သားနဲ့ မထုတ်ပဲ စက်ရှေ့ ရပ်နေတယ်..။"

"အေးကွ... ဒါမှမဟုတ် ရှေ့က လူက ထုတ်ပြီး ခုမှ ထွက်သွားတာဖြစ်မယ်။ ငါတို့ နဲ့ သူနဲ့ အတူတူလောက်ရောက်လို့ ငါတို့ကို အားနာလို့များ စောင့်နေတာလား"

ထိုစဉ်...ထို အိန္ဒိယ နွယ်ဖွား ဦးလေးမှ

"ကုလားတော့ ကုလားပဲ။ ဒါပေမယ့် ငါက ရွှေကုလားပါကွာ။ ဒီစက်က အားတယ်။ မင်းတို့ ထုတ်ရင် ထုတ်လေ။ ငါက ဟုတ်ဘက်က ပိုက်ဆံထုတ်နေတဲ့ ငါ့အမျိုးသမီးကို စောင့်နေတာကွ။"

ဟူသတတ်...။


ကောင်းတမန်

[+/-] အပြည့်အစုံသို့...

စင်္ကာပူမှာ ဗမာတွေ ဘယ်လောက် ပေါများနေသလဲ (၁)

စင်္ကာပူရောက် ဗမာ လူငယ် သုံးဦး MRT အစိမ်းလိုင်းစီး၍ ဗမာ ပလာဇာ သို့ သွားရင်း ရထားပေါ်တွင် စကားစမြည် ပြောဆိုနေကြ၏။ဘေးနားမှ တရုတ်လူမျိုး ပုံပေါက်၍၊ တရုတ်လူမျိုးဟု ထင်ရသော အဒေါ်ကြီးတစ်ယောက်က အသံစွာကျယ်စွာကျယ်ဖြင့် စကားပြောနေသော ထို လူငယ်သုံးဦးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေလေ၏။ ထိုစဉ်

"Red Hill"

......

"Next station: Tiong Bahru"

Red Hill ဘူတာတွင် ခရီးသည်တချို့ ဆင်းသွားသဖြင့် လူငယ်သုံးဦးရှေ့က ထိုင်ခုံတလုံး လွှတ်သွားလေသည်။ လူငယ်များမှ ယဉ်ကျေးမှု အရ ဘေးမှ အဒေါ်ကြီး ထိုင်လိုက ထိုင်နိုင်ရန်အတွက် ချက်ချင်း ထိုင်ခုံတွင် ၀င်မထိုင်ပဲ နေရာပေးလိုဟန် ပြုကြ၏။ အဒေါ်ကြီးက အတန်ကြာသည် အထိ မထိုင်သဖြင့် လူငယ်သုံးဦးအနက် တစ်ဦးက ထိုင်ခုံတွင် ၀င်ထိုင်လေ၏။ ထိုအချိန်တွင် ကျန် လူငယ် နှစ်ဦး အနက် တစ်ဦးမှ နောက်လိုဟန်ဖြင့်

"ဟေ့ရောင်...မင်းက ခပ်တည်တည်နဲ့ ၀င်ထိုင်နေ၊ ဘွားတော်က မင်းကို တင်းနေပြီနော်..ဟား...ဟား"

သို့ရာတွင့် ဘေးမှ အဒေါ်ကြီး ဗမာသံအပြည့်ဖြင့်ပြန်ပြောလိုက်သော စကားကို ကြားလိုက်ရသောအခါ လူငယ်သုံးဦးလုံး ပါးစပ် အဟောင်းသား ဖြင့် နှုတ်ဆိတ်နေလေတော့၏။

"အမယ်လေး...မတင်းပါဘူးတော်...၊ မတင်းပါဘူး။ ထိုင်ပါ၊ ထိုင်ပါ။"


ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Monday, April 25, 2011

2011 Padauk

Padauk

Padauk 2

ကောင်းတမန်

[+/-] အပြည့်အစုံသို့...