စင်္ကာပူမှာ ဗမာတွေ ဘယ်လောက် ပေါများနေသလဲ (၂)
စင်္ကာပူနိုင်ငံ၊ မြန်မာများ ထူထပ်စွာနေထိုင်သော ကလမန်တီ မြို့နယ်တွင်ဖြစ်သည်။ ဘူတာအနီး ATM စင်တာ သို့ ငွေသားထုတ်ယူရန် ကျွန်ုပ်နှင့် သူငယ်ချင်းတစ်ဦး ဘူတာမှ လမ်းလျှောက်လာခဲ့၏။ ATM စင်တာတွင် စက်နှစ်လုံးရှိရာ တစ်လုံးတွင် အိန္ဒိယ နွယ်ဖွားဖြစ်ဟန်တူသော အဒေါ် တစ်ယောက် ငွေထုတ်နေ၏။ တခြားစက်တစ်လုံး၏ ရှေ့မကျ ဘေးမကျ တွင် အိန္ဒိယ နွယ်ဖွား ဦးလေး တစ်ယောက် ရပ်နေ၏။ ထိုဦးလေးမှာ စက်အားနေသော်လည်း ငွေမထုတ်ပဲ စက်ရှေ့ရပ်နေသောကြောင့် ကျွန်ုပ်နှင့် သူငယ်ချင်းမှာ အံအားသင့်နေ၏။ "ဟေ့ရောင်.. ဟိုဘက်က ကုလားကြီးက ဘာလဲကွ။ စက်အားနေလျက်သားနဲ့ မထုတ်ပဲ စက်ရှေ့ ရပ်နေတယ်..။" "အေးကွ... ဒါမှမဟုတ် ရှေ့က လူက ထုတ်ပြီး ခုမှ ထွက်သွားတာဖြစ်မယ်။ ငါတို့ နဲ့ သူနဲ့ အတူတူလောက်ရောက်လို့ ငါတို့ကို အားနာလို့များ စောင့်နေတာလား" ထိုစဉ်...ထို အိန္ဒိယ နွယ်ဖွား ဦးလေးမှ "ကုလားတော့ ကုလားပဲ။ ဒါပေမယ့် ငါက ရွှေကုလားပါကွာ။ ဒီစက်က အားတယ်။ မင်းတို့ ထုတ်ရင် ထုတ်လေ။ ငါက ဟုတ်ဘက်က ပိုက်ဆံထုတ်နေတဲ့ ငါ့အမျိုးသမီးကို စောင့်နေတာကွ။" ဟူသတတ်...။ ကောင်းတမန်
No comments:
Post a Comment